သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွိုင်ကော်မြို့ ခရစ်ယာန်ဘုရားကျောင်းတခုကို စစ်ကောင်စီတပ်သားတွေထိန်းချုပ်


Christ the King ကက်သိုလစ်ဘုရားကျောင်း လွိုင်ကော်မြို့ (ဓာတ်ပုံ- JOBS For Kayah)
Christ the King ကက်သိုလစ်ဘုရားကျောင်း လွိုင်ကော်မြို့ (ဓာတ်ပုံ- JOBS For Kayah)

လွိုင်ကော်မှာရှိတဲ့ ခရိုက်စ် သကင်း (Christ the King) ကက်သိုလစ် ဘုရားကျောင်းကို စစ်ကောင်စီ တပ်တွေက သိမ်းပိုက်လိုက်ပြီးတဲ့နောက် ဘုန်းတော်ကြီး Celso Ba Shwe နဲ့ ဘုရားကျောင်းမှာ လာရောက်ခိုလှုံနေကြတဲ့ စစ်ရှောင်တွေ ထွက်ပြေးနေကြရတယ်လို့ Union of Catholic Asian News UCA News နဲ့ အခြား အင်တာနက် သတင်းစာမျက်နှာ ၂ ခု က ဖော်ပြကြပါတယ်။

နှစ်စဥ် ကျင်းပလေ့ရှိတဲ့ ဘုရားကျောင်းပွဲတော် ကျင်းပပြီး တရက်အကြာ နိုဝင်ဘာလ ၂၇ ရက်နေ့ မှာ စစ်ကောင်စီတပ်တွေက ဝင်ရောက်သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။ ၂၆ ရက်နေ့ ညနေမှာ လက်နက်ကြီးကျည်ငါးလုံး ဘုရားကျောင်းဝင်းထဲကျခဲ့ပေမဲ့ အထိအခိုက်တော့မရှိခဲ့ဘူးလို့ အန္တရာယ်ရှိတာကြောင့် အမည်မဖော်လိုတဲ့ ဘုရားကျောင်းသတင်းအရင်းအမြစ်က ပြောကြောင်း UCA News က ရေးပါတယ်။ “လွိုင်ကော်သာသနာအပိုင် ကက်သိုလစ်ဘုရားကျောင်းတွေနဲ့ ဘာသာရေးဆိုင်ရာအဆောက်အဦတွေအတွင်းမှာ ဘာအကြောင်းနဲ့မှ တပ်တွေကို မချထားစေချင်ပါဘူး” လို့ ဘုန်းတော်ကြီး Celso Ba Shwe က ဖေ့ဘွတ်ခ် လူမှုစာမျက်နှာမှာ နိုဝင်ဘလ ၁၃ ရက် က ကြေညာခဲ့ပါသေးတယ်။

ခရိုက်စ် သကင်း Christ the King ဘုရားကျောင်းကို ၁၉၃၉ ခုနှစ် က တည်ဆောက်ခဲ့ပြီး ကယားပြည်နယ်မှာ သက်တမ်းအရင့်ဆုံး ဘုရားကျောင်းဖြစ်ပါတယ်။ ဗိသုကာပုံစံက ရိုးရာဥရောပဘုရားကျောင်းပုံစံ နဲ့ ဒေသခံဗုဒ္ဓဘာသာဝင်တွေရဲ့ မူဟန်ကို ပေါင်းစပ်ထားပါတယ်။

ဘုရားကျောင်းရဲ့ခေါင်းလောင်းကြီးကို အီတလီက သယ်ဆောင်လာခဲ့တာပါ။ ကယားပြည်နယ် လူဦးရေ ၃ သိန်းခွဲရဲ့ ၄၆ ရာနှုန်းက ခရစ်ယန်ဘာသာဝင်တွေ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG