သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် ထွက်ပြေးသွားတဲ့ မြန်မာတပ်ဖွဲ့ဝင် ၃၀၀ ကျော် ပြန်ပို့


ဘင်္ဂလားဒေ့ရှ် ထွက်ပြေးသွားတဲ့ မြန်မာတပ်ဖွဲ့ဝင် ၃၀၀ ကျော် ရေကြောင်းက ပြန်ပို့နေစဉ် (ဖေဖော်ဝါရီ ၁၅၊ ၂၀၂၄)
ဘင်္ဂလားဒေ့ရှ် ထွက်ပြေးသွားတဲ့ မြန်မာတပ်ဖွဲ့ဝင် ၃၀၀ ကျော် ရေကြောင်းက ပြန်ပို့နေစဉ် (ဖေဖော်ဝါရီ ၁၅၊ ၂၀၂၄)

ရခိုင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေး ခိုလှုံလာကြတဲ့ မြန်မာစစ်သား ၃၃၀ ကို ဒီကနေ့ ဖေဖော်ဝါရီ ၁၅ ရက် မနက်ပိုင်းက ပြန်ပို့လိုက်ပြီလို့ ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာ ဖော်ပြပါတယ်။ သူတို့ကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်အကြီးအကဲ ဗိုလ်ချုပ် Mohammad Ashrafuzzaman Siddiqui က ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်မိုး လက်ကို ဒီကနေ့မနက် ၈ နာရီက Cox’s Bazar မှာ တရားဝင် လွဲပြောင်းပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ကို ရေကြောင်းကတဆင့် မြန်မာနိုင်ငံဘက်အခြမ်းကို ခေါ်ဆောင်သွားမှာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ပြောခွင့်ရ Shariful Islam က ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် AA နဲ့ မြန်မာစစ်ကောင်စီအကြား ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာစစ်သားတွေဟာ အိမ်နီးခြင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဖေဖော်ဝါရီ ၄ ရက်နေ့က ထွက်ပြေး ခိုလှုံခဲ့ကြတာပါ။

ထွက်ပြေးသွားကြသူတွေထဲ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၃၀၂ ဦး၊ သူတို့မိသားစုဝင် ၄ ဦး၊ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်း ၁၈ ဦးနဲ့ အရပ်သား ၄ ဦးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။ မြန်မာဘက်က တိုက်ပွဲအခြေအနေတွေ တည်ငြိမ်ခြင်းမရှိသေးတာကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်က နယ်ခြားစောင့်တပ်တွေကို အမြင့်ဆုံးအဆင့်နဲ့ တပ်လှန့်ထားပြီး လုံခြုံရေးတွေလည်း တိုးမြင့်ချထားပါတယ်။​

XS
SM
MD
LG