သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံတွင်း မြန်မာနိုင်ငံသားတွေ ဥပဒေမဲ့ မဝင်လာကြဖို့ ထိုင်းဝန်ကြီးချုပ်သတိပေး


ရန်ကုန်မြို့ ထိုင်းနိုင်ငံသံရုံးမှာ ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားဖို့ တန်းစီစောင့်ဆိုင်းနေကြသူများ (ဖေဖော်ဝါရီ ၁၆၊ ၂၀၂၄)
ရန်ကုန်မြို့ ထိုင်းနိုင်ငံသံရုံးမှာ ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားဖို့ တန်းစီစောင့်ဆိုင်းနေကြသူများ (ဖေဖော်ဝါရီ ၁၆၊ ၂၀၂၄)

မြန်မာနိုင်ငံအတွင်းက အရွယ်ရောက်သူတွေ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ထိုင်းနိုင်ငံဘက်ကို မြန်မာနိုင်ငံသား အများအပြား လာရောက်ဖို့ ကြိုးစားနေချိန်မှာ တရားမဝင် ဝင်ရောက်တာမျိုးတွေ မလုပ်ဖို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က သတိပေးပြောဆိုလိုက်ပါတယ်။ တရားဝင် ဝင်ရောက်တာမျိုးကို ကြိုဆိုပေမဲ့ တရားမဝင် ဝင်လာတာမျိုးကိုတော့ အရေးယူရမှာ ဖြစ်တဲ့အကြောင်း ထိုင်းဝန်ကြီးချုပ် Srettha Thavisin ပြောဆိုတာကို ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးသားထားပါတယ်။

မြန်မာနိုင်ငံအတွင်းက ရွှေ့ပြောင်းဝင်ရောက်လာသူတွေ များလာတဲ့အတွက် ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်အကိုင်တွေ ပါးသွားမှာကို စိုးရိမ်တဲ့အကြောင်းလည်း ထိုင်း ဝန်ကြီးချုပ်က ပြောဆိုပါတယ်။ ဒါပေမဲ့လည်း ထိုင်းနိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းဟာ တစ်ရာခိုင်နှုန်းအောက်မှာ ရှိပြီး ပြည်ပနိုင်ငံတွေက အလုပ်သမားတွေ အများအပြား လိုအပ်နေဆဲ ဖြစ်တဲ့အကြောင်း၊ ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ တရားဝင် အထောက်အထားတွေနဲ့ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာရမှာ ဖြစ်တဲ့အကြောင်း ပြောဆိုပါတယ်။

ဒီနေ့မှာပဲ ရန်ကုန်မြို့မှာ ရှိတဲ့ ထိုင်းသံရုံးကလည်း အရင်က ဗီဇာလာလျှောက်တဲ့သူတွေ လူကိုယ်တိုင် တန်းစီလျှောက်ထားနိုင်တဲ့ စနစ်ကနေ အွန်လိုင်း စနစ်နဲ့သာ လာလျှောက်ကြဖို့ ပြောင်းလဲလိုက်တဲ့ အကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။ မနေ့က မန္တလေးမြို့မှာ နိုင်ငံကူးလက်မှတ်ရုံးရှေ့ တန်းစီသူတွေ များလွန်းပြီး လူအုပ်ပြိုတာကြောင့် အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပြီးနောက်မှာ ထိုင်းသံရုံးက ဗီဇာလျှောက်သူတွေကို အွန်လိုင်းစနစ် ပြောင်းလဲမှာ ဖြစ်တဲ့အကြောင်း ကြေညာချက် ထုတ်ပြန်တာပါ။ မြန်မာစစ်ကောင်စီထုတ်ပြန်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံသံရုံးမှာ ဗီဇာလျှောက်တဲ့သူတွေ ကြိတ်ကြိတ်တိုး များလာနေချိန်မှာ အွန်လိုင်းကနေ တရက်ကို လူ ၄၀၀ အတွက် ရက်ချိန်းထုတ်ပေးဖို့ ထိုင်းသံရုံးက ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG