သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်လာ ၄၀၀ တန် Trump ရွှေရောင် ရှူးဖိနပ် 


Election 2024 Trump/gold Trump sneakers (AP)
Election 2024 Trump/gold Trump sneakers (AP)

ဒေါ်လာ ၄၀၀ တန် Trump ရွှေရောင် ရှူးဖိနပ်

စီးပွားရေးသမားဘဝကနေ သမ္မတ ဖြစ်ခဲ့ဖူးသူ ဒေါ်နယ်ထရမ့်က တစ်ရန်ကို ဒေါ်လာ(၄၀၀) နီးပါး တန်ဖိုးရှိ ၊ ရွှေရောင်ဝင်းနေတဲ့ ရှူးဖိနပ်တမျိုးကို Philadelphia မြို့မှာ စတင် မိတ်ဆက်လိုက်ပါတယ်။ ဘီလျံနာသူဌေးဖြစ်တဲ့ ထရမ့်ဟာ စီးပွားရေးလုပ်ငန်းတွေမှာ ဥပဒေကြောင်းအရ လှည့်ဖျားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် ဒေါ်လာ(၃၅၅)သန်း ဒဏ်ငွေ ပေးဆောင်ရမယ်လို့ နယူးယောက်ပြည်နယ် တရားရုံ:ချုပ်က သူ့ကို အမိန့်ချလိုက်ပြီးနောက်၊ အမေရိကန်အလံဒီဇိုင်းပေါ်မှာ ထရမ့်တဆိပ် T ပုံပါတဲ့ ရွှေရောင် စနိကာဖိနပ်တွေကို ဈေးကွက်ထဲ ချပြလာတာပါ။

ဒေါ်နယ်ထရမ့်ရဲ့ ဘယ်စီးပွားရေးလုပ်ငန်းမဆို လာမယ့် ၃ နှစ်အတွင်း နယူးယောက်ပြည်ထဲ လုပ်ကိုင်ခွင့် မရှိစေရဘူးလို့ တရားရုံးအမိန့်မှာ ပါရှိပါတယ်။ ထရမ့်ရဲ့ အမှုလိုက်ရှေ့နေ Alina Habba ကတော့ တရားရုံးရဲ့ ဆုံးဖြတ်ချက် တရားမျှတမှု မရှိဘူးဆိုတာ ပေါ်လွင်နေကြောင်းနဲ့ ဒေါ်နယ်ထရမ့်ကို နိုင်ငံရေး ရည်ရွယ်ချက်အရ ဆုံးဖြတ်လိုက်ခြင်းသာဖြစ်ကြောင်း တုံ့ပြန်ပါတယ်။ အကယ်၍သာ ဖိနပ်အရန် တသန်း ရောင်းထွက်ခဲ့ရင်၊ ဒေါ်လာ သန်း(၄၀၀)နီးပါးရမှာဖြစ်ပြီး ထရမ့်ပေါ်ချမှတ်ထားတဲ့ ဒဏ်ငွေကို ကာမိရုံသာမက၊ အနည်းငယ် ကျော်လွန်နေမှာဖြစ်ပါတယ်။

ဖီလာဒဲဖီးယားက ရွှေဖိနပ် မိတ်ဆက်ပွဲကိုလာကြတဲ့ ပရိတ်သတ်ကို မိန့်ခွန်းပြောရာမှာတော့ မယုံနိုင်လောက်အောင် သူ့ပေါ်ထောက်ခံသူတွေရှိနေတယ်ဆိုတာ− ဒီပွဲမှာ ဖိနပ်ဝယ်ဖို့ လာတန်းစီနေတဲ့ လူအုပ်က သက်သေပြနေကြောင်း ထရမ့်က ပြောကြားခဲ့ပါတယ်။ ဝေဖန်သူတချို့ကတော့ (၃၉၉)ဒေါ်လာနဲ့ ရောင်းမယ့် ထရမ့်ဖိနပ်ဟာ ဖြစ်သင့်တဲ့ဈေးထက် အဆမတန် များနေတယ်လို့ ပြောဆိုပါတယ်။

Never Surrender လို့အမည်ပေးထားတဲ့ ထရမ့်ရဲ့ ရွှေရောင်ဖိနပ်ကိုတော့ ဝက်ဆိုဒ်စာမျက်နှာတခုကနေ ဝယ်ယူနိုင်ပြီး၊ အဲဒီမှာတော့ Trump အမှတ်အသားပါတဲ့ တခြားရှုးဖိနစ်တွေနဲ့ ရေမွှေး အသုံးအဆောင်တွေလည်း ရောင်ချနေတာပါ။

Election 2024 Trump/gold Trump sneakers (AP)
Election 2024 Trump/gold Trump sneakers (AP)

Trump ကြော်ညာလိုက်တဲ့ ရွှေရောင်ရှူးဖိနပ်ကိုတော့ အရေအတွက် ၁,၀၀၀ ပဲ ထုတ်လုပ်ထားပြီး၊ နာရီပိုင်းအတွင်း အရောင်းပြတ်သွားပြီလို့ အဲဒီ ဝက်ဆိုဒ်မှာ ဖော်ပြပါတယ်။ အရောင်း ဝက်ဘ်ဆိုဒ်ကတော့ သူတို့နဲ့ Trump မဲဆွယ်စည်းရုံးမှု ပတ်သက်ဆက်နွယ်ခြင်း မရှိဘူးလို့တော့ ကြေညာထားပေမယ့်၊ Trump ရွေးကောက်ပွဲစည်းရုံးရေး တာဝန်ရှိသူတွေကတော့ ဒီ ကုန်ပစ္စည်းတွေကို အရောင်းမြှင့်တင်နေတယ်လို့ အေပီသတင်းက ရေးပါတယ်။

ဒေါ်လာ ၄၀၀ တန် Trump ရွှေရောင် ရှူးဖိနပ်
please wait

No media source currently available

0:00 0:02:18 0:00

XS
SM
MD
LG