သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားမှာ အနည်းဆုံး လူ ၂ ဦး သေဆုံး


အစ္စရေးမစ်ဇိုင်း ဆီရီးယားလူနေရပ်ကွက်ထဲ ထိမှန်ခဲ့ (ဖေဖော်ဝါရီ ၂၁၊ ၂၀၂၄)
အစ္စရေးမစ်ဇိုင်း ဆီရီးယားလူနေရပ်ကွက်ထဲ ထိမှန်ခဲ့ (ဖေဖော်ဝါရီ ၂၁၊ ၂၀၂၄)

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒမတ်စကတ်မြို့တော်က လူနေအဆောက်အဦးတခုကို ထိမှန်ခဲ့ပြီး အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ကြောင်း ဆီးရီးယားနိုင်ငံက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။ လုံခြုံရေးနဲ့ စစ်ဘက်ဆိုင်ရာ ဌာနချုပ်ရုံးတွေရှိရာ Kfar Sousseh(ကဖာ ဆူဆေး) အရပ်မှာ လေကြောင်းက တိုက်ခိုက်ခံခဲ့ရကြောင်း ဆီးရီးယားနိုင်ငံပိုင် သတင်းက ဖော်ပြခဲ့တာပါ။

မကြာသေးခင် နှစ်တွေကစ ဆီးရီးယားကို မကြာခဏ လေကြောင်းကတိုက်ခိုက်နေတဲ့ အစ္စရေးကတော့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ လတ်တလော တစုံတရာ မပြောပါဘူး။ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ အစ္စရေးက ထုတ်ဖော်ပြောဆိုတာမျိုး သိပ်မရှိပေမဲ့ အီရန်က အားပေးထောက်ခံနေတဲ့ အဖွဲ့တွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေကိုတော့ ပြောလေ့ရှိပါတယ်။

ဒီကနေ့ တိုက်ခိုက်ခံရတဲ့ အရပ်မှာပဲ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်နိုင်ငံက စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူ အများအပြား သေဆုံးခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG