သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ECOWAS ခေါင်းဆောင်တွေ ဒေသတွင်းအရေး ဆွေးနွေး


နိုင်ဂျီးရီးယားနိုင်ငံမှာ ကျင်းပတဲ့ ECOWAS ညီလာခံက ခေါင်းဆောင်များ
နိုင်ဂျီးရီးယားနိုင်ငံမှာ ကျင်းပတဲ့ ECOWAS ညီလာခံက ခေါင်းဆောင်များ

ECOWAS (ခေါ်) အနောက် အာဖရိကနိုင်ငံများ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ထဲက နိုင်ငံ့ခေါင်းဆောင်တွေဟာ စနေနေ့မှာ တွေ့ဆုံကြပြီး ဒေသတွင်းအရေးကို ဆွေးနွေးခဲ့ပါတယ်။ အာဏာသိမ်းထားတဲ့ Niger နိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားတာကို ပြန်လည်သုံးသပ်ဖို့နဲ့ စစ်အာဏာသိမ်းထားတဲ့ အဖွဲ့ဝင် ၃ နိုင်ငံက ဒီ ECOWAS ထဲကနေ နှုတ်ထွက်မယ့် ဆုံးြဖတ်ချက်ကို ပြန်ရုပ်သိမ်းကြဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။

သက်တမ်း ၄၉ နှစ် ရှိလာပြီြဖစ်တဲ့ ဒီအဖွဲ့ ပြိုကွဲမယ့်အရေး ကြုံလာရချိန်မှာ ECOWAS ညီလာခံကို နိုင်ဂျီးရီးယားနိုင်ငံ မြို့တော် Abuja အဘူဂျာမှာ စနေနေ့က ကျင်းပပါတယ်။ အဖွဲ့ဝင် ၁၅ နိုင်ငံရှိတဲ့ ECOWAS အဖွဲ့ထဲမှာ လောလောဆယ် ၃ နိုင်ငံက အာဏာသိမ်းထားတဲ့ အခြေအနေရှိပြီး ဒီအဖွဲ့ထဲကနေ နှုတ်ထွက်ဖို့ ပြင်ဆင်နေတာကြောင့် အဖွဲ့ကြီးတခုလုံး ပြိုကွဲမယ့် အန္တရာယ် ကြုံနေရတာ ဖြစ်ပါတယ်။

ရွေးကောက်ခံ အစိုးရတွေဟာ သဘာဝ သယံဇာတနဲ့ပတ်သက်လို့ နိုင်ငံသားတွေ အကျိုးအတွက် မလုပ်ပေးနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အနောက်အာဖရိက နိုင်ငံတချို့မှာ အာဏာသိမ်းတာတွေ ဆက်တိုက်ပေါ်လာနေတာပါ။

ဒီညီလာခံအတွင်း ဆုံးဖြတ်ချက်တွေကို အဖွဲ့ရဲ့ ဖွဲ့စည်းပုံပါ စည်းမျည်းတွေ၊ လေးစားလိုက်နာ အကာအကွယ်ပေးဖို့နဲ့ တာဝန်ခံမှု ရှိစေရေးအပေါ် အခြေခံပြီး ချမှတ်ရလိမ့်မယ်လို့ နိုင်ဂျီးရီးယား သမ္မတ Bola Tinubu က ညီလာခံအတွင်း ပြောဆိုပါတယ်။ ဒီ ညီလာခံမှာ ထိပ်တန်းရောက်နေတဲ့ အကြောင်းရာတွေကတော့ Mali, Burkina Faso နဲ့ Niger နိုင်ငံတွေက ECOWAS အဖွဲ့ချုပ်ကနေ နှုတ်ထွက်မယ့် ကိစ္စပဲ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG