သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်းစစ်တပ်အောက် နိုင်ဂျာနိုင်ငံကို အာဖရိကသမဂ္ဂအဖွဲ့ဝင်အဖြစ်ကဆိုင်းငံ့


ရိက္ခာပို့တဲ့ ကားအစီး ၃၀၀ ဝန်းကျင် ဘာကီနာဖာဆိုမြို့ကနေ ရောက်လာပုံ။ (သြဂုတ်လ ၂၁၊ ၂၀၂၃)
ရိက္ခာပို့တဲ့ ကားအစီး ၃၀၀ ဝန်းကျင် ဘာကီနာဖာဆိုမြို့ကနေ ရောက်လာပုံ။ (သြဂုတ်လ ၂၁၊ ၂၀၂၃)

အာဖရိကနိုင်ငံများသမဂ္ဂက စစ်အာဏာသိမ်းထားတဲ့နိုင်ဂျာနိုင်ငံကို အဖွဲ့ဝင်အဖြစ်က ခေတ္တ ရပ်ဆိုင်းထားလိုက်ပါတယ်။ ဒီအချိန်မှာပဲ နိုင်ဂျာနိုင်ငံရဲ့ အနောက်တောင်ဘက် တီလာဘယ်ရီ Tillaberi ဒေသမှာ အစ္စလာမ် ဂျီဟတ်ဝါဒီတွေကို စစ်ဆင်ရေးဆင်နွှဲနေတဲ့နိုင်ဂျာတပ်ဖွဲ့တွေကို တနင်္ဂနွေနေ့ညက ခြုံခို တိုက်ခိုက်ခဲ့တဲ့အတွက် စစ်သား ၁၂ ယောက် သေဆုံးသွားကြောင်း နိုင်ဂျာရုပ်မြင်သံကြားက ကြေညာလိုက်ပါတယ်။

ဂျီဟတ်ဝါဒီတွေကို နိုင်ဂျာစစ်တပ်က စစ်ဆင်နွှဲနေတာ ရှစ်နှစ်ရှိခဲ့ပါပြီ။ ဇူလိုင်လ ၂၆ ရက် သမ္မတ မိုဟာမက် ဘဇွန်း Mohamed Bazoum ကို အာဏာသိမ်း ဖြုတ်ချလိုက်ပြီးကတည်းကဆိုရင် အနည်းဆုံး စစ်သား ၂၉ ယောက် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းရတာဟာ သူပုန်တွေကို သမ္မတ Bazoum က နှိမ်နင်းဖို့ ပျက်ကွက်တာကြောင့်လို့ အကြောင်းပြပါတယ်။

အဲဒီလိုအာဏာသိမ်းတဲ့အတွက် အနောက်အာဖရိကနိုင်ငံများ စီးပွါးရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ECOWAS က နိုင်ဂျာနိုင်ငံကို ပိတ်ဆို့အရေးယူလိုက်ပြီး စစ်ရေးအရ ဝင်ရောက်စွက်ဖက်ဖို့လည်း ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။ သံတမန်ရေး ကြိုးပမ်းချက်တွေ မအောင်မြင်တဲ့အဆုံး အဲဒီလို စစ်ရေးနည်းလမ်းကိုသုံးမယ်လို့ ECOWAS က နောက်ပိုင်းမှာ ထပ်ပြောပါတယ်။

အာဖရိကသမဂ္ဂကတော့ တပ်တွေချထားတဲ့အတွက် ဖြစ်ပေါ်လာမယ့်စီးပွါးရေး၊ လူမှုရေးနဲ့လုံခြုံရေးဆိုင်ရာ အကျိုးဆက်တွေကိုအကဲဖြတ်ပြီး ပြန်လည်အစီရင်ခံ ဖို့ အာဖရိကသမဂ္ဂရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ကောင်စီက ကော်မရှင်ကို ပြောထားကြောင်းထုတ်ပြန်ပါတယ်။

တိုက်ရိုက် လင့်ခ်
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG