သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး ဓားစာခံ ပြန်ရရေး ပါရီမှာ ဆွေးနွေး


အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးထဲဝင်ပြီး ဟာမတ်စ်တို့ ပြန်ပေးဆွဲသွားသူတွေကို လူပျောက်ကြော်ညာအဖြစ် တဲ့လဲ့ဗိဇ် မြို့မှာ ကြေညာထားပုံ ။
အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးထဲဝင်ပြီး ဟာမတ်စ်တို့ ပြန်ပေးဆွဲသွားသူတွေကို လူပျောက်ကြော်ညာအဖြစ် တဲ့လဲ့ဗိဇ် မြို့မှာ ကြေညာထားပုံ ။

ဟားမတ်စ်တွေ လက်ထဲ ဆက်ရှိနေသေးတဲ့ လက်ကျန် အစ္စရေး ဓားစာခံတွေ ပြန်လွတ်မြောက်ရေး ဆွေးနွေးပွဲကို တက်ရောက်ဖို့ အစ္စရေးထောက်လှမ်းရေး Mossad အကြီးအကဲ ဦးဆောင်တဲ့ အစ္စရေးကိုယ်စားလှယ်အဖွဲ့ဟာ ပါရီမြို့ကို ရောက်ရှိနေပါတယ်။

ဂါဇာတောင်ပိုင်းက ရာဖါမြို့ကို အစ္စရေးတွေ ဝင်ရောက်ထိုးစစ် မဆင်ဖို့ မျှော်လင့်ရင်းနဲ့ပဲ ဂါဇာမှာ အပစ်ရပ်ရေး အတွက် ငြိမ်းချမ်းရေး ညှိနှိုင်းသူတွေ စနေနေ့မှာ ကြိုးပမ်းနေကြတာဖြစ်ပါတယ်။ ရာဖါမှာ စစ်ရှောင် ၁ သန်းကျော် ခိုလှုံနေရတာပါ။

သောကြာနေ့ကတော့ အစ္စရေးတပ်တွေက Deir al-Balah ၊ Khan Younis ခမ်ယူနစ်စ်နဲ့ ရာဖါ အပါအဝင် ဂါဇာဒေသမှာ အကြိမ် ၇၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဟားမတ်စ်တွေ ထိန်းချုပ်ထားတဲ့ ဂါဇာက ကျန်းမာရေးဝန်ကြီးဌာနကတော့ အစ္စရေးတွေရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၉၂ ယောက်ထက်မနည်း သေဆုံးခဲ့ရတယ်လို့ စနေနေ့မှာ ပြောပါတယ်။

အစ္စရေးကတော့ အပစ်ရပ် သဘောတူညီချက် မရသေးရင် သူတို့ ဆက်လက် တိုက်ခိုက်နေမှာ ဖြစ်ကြောင်း ပြောပါတယ်။ အစ္စရေးတွေရဲ့ တိုက်ခိုက်မှုဟာ အရပ်သား ထိခိုက်ဒဏ်ရာရမှု ကြီးမားစေတဲ့အတွက် အခုလို မတိုက်ခိုက်ဖို့ အမေရိကန်အစိုးရက တိုက်တွန်းခဲ့ပါတယ်။

တချိန်ထဲမှာပဲ အပစ်ရပ် ဟားမတ်စ်ခေါင်းဆောင် Ismail Haniyeh ဟာ အပစ်ရပ် သဘောတူညီမှုဆွေးနွေးဖို့ ကိုင်ရိုမြို့မှာ အီဂျစ် ညှိနှိုင်းရေးမှူးတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ ဒီဇင်ဘာလကစပြီး သူ့ရဲ့ ပထမဆုံး အီဂျစ်ကို သွားရောက်မှု ဖြစ်ပါတယ်။ အစ္စရေးတွေဘက်က ပါရီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး တစုံတရာ ထုတ်မပြောပေမယ့် ဒီဆွေးနွေးပွဲကို ဒီစနေ တနင်္ဂနွေမှာ ဆက်လုပ်ဖို့ ရှိနေပါတယ်။

Forum

XS
SM
MD
LG