သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဘက်က စိတ်ကြွဆေး (၁၀)သန်းကျော် အယုဒ္ဓယမှာ ဖမ်းမိ


ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မဲဖာလွမ်ဒေသမှာ ဇန်နဝါရီလ ၆ ရက်နေ့က ဖမ်းဆီးရမိတဲ့Ice မူးယစ်ဆေး ၃၂၃ ကီလို နဲ့ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဝင်များ။ (ဇန်နဝါရီ ၇၊ ၂၀၂၄ / ဓာတ်ပုံ-ထိုင်းနယ်ခြားစောင့်တပ်)
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မဲဖာလွမ်ဒေသမှာ ဇန်နဝါရီလ ၆ ရက်နေ့က ဖမ်းဆီးရမိတဲ့Ice မူးယစ်ဆေး ၃၂၃ ကီလို နဲ့ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဝင်များ။ (ဇန်နဝါရီ ၇၊ ၂၀၂၄ / ဓာတ်ပုံ-ထိုင်းနယ်ခြားစောင့်တပ်)

ထိုင်းနိုင်ငံမြောက်ပိုင်းချင်းမိုင်ခရိုင်နဲ့ ထိုင်းအလယ်ပိုင်း အယုဒ္ဓယမြို့နယ်ထဲမှာ ထိုင်းမြောက်ပိုင်းကသယ်ဆောင်လာတဲ့စိတ်ကြွဆေးပြား ၁၈သန်းလောက်ဒီရက်ထဲဖမ်းမိခဲ့ပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်းကလာတဲ့ စိတ်ကြွဆေးတွေကို ထိုင်းအလည်ပိုင်း အယုဒ္ဓယမြို့နယ်ထဲမှာ ဖမ်းမိခဲ့တာပါ။ ဖေဖော်ဝါရီ ၂၉ ရက် ည ၈ နာရီဝန်းကျင်လောက်မှာ ထိုင်းမူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့နဲ့ အဝေးပြေးလမ်းမှာ ကင်းကျတဲ့ရဲတပ်ဖဲွဟာ အယုဒ္ဓယခရိုင် ဘန်ပဟန်မြို့နယ် ဟန်ဆန်အုပ်စုအပိုင်းမှာရှိတဲ့ အာရှလမ်းမကြီးပေါ်မှာ ယာဉ်အသွားအလာတွေ စောင့်ကြပ်စစ်ဆေးနေတုန်းမှာ မသင်္ကာဖွယ်ရာ ၆ ဘီးကားတစီးကို စစ်ဆေးခဲ့ပါတယ် ။

ကားပေါ်မှာတော့ကောက်ရိုးစည်းတွေကြားဖွက်ထားတဲ့ စိတ်ကြွဆေးအိတ်အလုံး ၅၀ကိုဖမ်းမိခဲ့ပါတယ် ။ အိတ် ၁ လုံးစီမှာ စိတ်ကြွဆေး ၂ သိန်းစီ ထည့်ထားတာကြောင့် အိတ်အလုံး ၅၀ထဲကနေ စိတ်ကြွဆေးပြားစုစုပေါင်း ၁၀ သန်းကို ဖမ်းဆီးရမိခဲ့ပါတယ်။ အသက် ၄၀ကျော်အရွယ် ကားမောင်းသမားတဦးနဲ့ အဖော်တဦးတို့ဟာထိုင်းနမ်ခရိုင်မှာနေထိုင်တာဖြစ်ပြီး ထိုင်းတဘက်ခြမ်း မြန်မာနိုင်ငံကနေ တိုင်းရင်းသားလက်နက်ကိုင်အဖဲွ ့တချို့က ငွေကြေးပေးပြီးသယ်ဆောင်ခိုင်းတာဖြစ်တယ်လို့ထွက်ဆိုခဲ့ပါတယ် ။ ထိုင်းမြောက်ပိုင်းကနေ ထိုင်းနိုင်ငံအတွင်းပိုင်းနဲ့ ဘန်ကောက်ကို ပို့ဆောင်ပေးဖို့ သယ်ဆောင်ခ ၂၃၀,၀၀၀ ဘတ်နဲ့ သဘောတူခဲ့တယ်။

ပြည်တဲရေးဝန်ကြီး Mr. Anutin Charnvirakul, အနုတင် ကျန်ဗီရကွန်ကတော့ထိုင်းဘာသာနဲ့အခုလိုပြောသွားပါတယ်။

"သူပြောသွားတာကတော့ စိတ်ကြွဆေးပြား၁၀သန်းတင်ဆောင်လာတဲ့ ကုန်တင်ကားကိုဖမ်းမိဖို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့၀င်တွေဟာ ကုန်တင်ကားသွားတဲ့ တလျှာက် နောက်ယောင်ခံလိုက်ခဲ့တာကြောင့် ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ် မူးယစ်၈ိုဏ်း၀င်အားလုံး ဖမ်းမိနိုင်ဘို့ စိတ်ရှည်ရှည်နဲ ့ စောင်ကြည့်ခဲ့တာကိုလုပ်နေပါတယ် ဒီအချိန်မှာမူးယစ်ဆေးဝါးတွေကို လက်ခံရယူမယ့်မူးယစ်ကုန်သယ် အဖွဲ့၀င်တွက ရိပ်မိသွားပြီး စိတ်ကြွဆေးတွေကိုလက်မခံတော့ပဲရှောင်ပြေးသွားတာဖြစ်ပါတယ်လို့ ပြောဆိုသွားတာပါ။"

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂၇ရက်နေ့တုန်းကလည်းထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ မြန်မာနယ်စပ်ဘက်ကနေ လာတဲ့စိတ်ကြွဆေးပြား စုစုပေါင်း ၈ သန်းကျော် ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်အာဏာပိုင်တွေကဆိုပါတယ်စစ်ဆေးချက်အရ သီးနှံတွေကြားထဲမှာ ‌ရေညှိစိမ်းရောင် အိတ်ပေါင်း ၄၆ အိတ် သိုဝှက် သယ်ဆောင်လာပြီး အထဲမှာတော့ စိတ်ကြွဆေးတွေ ကိုရှာဖွေတွေ့ရှိတယ်လို့ မူးယစ်နှိမ်နင်းရေး ရဲတပ် ဖွဲ့ဝင်က သတင်းထောက်တွေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG