သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒရုန်းဖျက်လက်နက် မြန်မာဘက်ပို့မယ့် လူငယ်(၂)ဦး ထိုင်းရဲဖမ်း


Federal Wings ဒရုန်းတပ်ဖွဲ့
Federal Wings ဒရုန်းတပ်ဖွဲ့

မြန်မာနိုင်ငံကို ပို့မယ့် ဒရုန်းဖျက်လက်နက် လက်ဝယ် တွေ့ရှိမှုနဲ့ မြန်မာနိုင်ငံသား ၂ ဦးကို ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ ထိုင်းရဲတွေက ဖမ်းမိခဲ့တယ်လို့ ဘန်ကောက်ပိုစ် သတင်းစာမှာ ဖေါ်ပြပါတယ်။

မြန်မာနိုင်ငံကို ဒရုန်းဖျက်လက်နက်ပို့ဖို့ လုပ်နေကြောင်း သတင်းရခဲ့ပြီးနောက် အခုလို ဖမ်းမိတာ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ အကြီးအကဲ ဗိုလ်မှူးကြီး Narrakorn Rueantip က ပြောပါတယ်။

ပစ္စည်းပို့ရာမှာ အခက်ခဲရှိနေတာကြောင့် အဆက်အသွယ်လုပ်ဖို့ ပေးပို့သူနေရာမှာ ဖေါ်ပြထားတဲ့ နာမည်ရှင်တွေကို အကြောင်းကြားခဲ့တာဖြစ်ပြီး သူတို့ လာရောက်ချိန် ပစ္စည်းထုပ်ကို ဖွင့်ကြည့်လိုက်တဲ့အခါ လက်နက်ကို တွေ့ရတဲ့အတွက် ခွင့်ပြုချက်မရပဲ လက်နက်တင်ပို့မှုနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ကြောင်းလည်း ပြောပါတယ်။


စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ စစ်ကောင်စီဘက်ကရော လက်နက်ကိုင် တော်လှန်နေတဲ့ အဖွဲ့အစည်းမျိုးစုံကပါ ထောက်လှမ်းစောင့်ကြည့်ဖို့နဲ့ တိုက်ခိုက်ဖို့အတွက် ဒရုန်းယာဥ်ကို ကျယ်ကျယ်ပြန့်ပြန့် သုံးနေကြတာပါ။

ထိုင်းအစိုးရအနေနဲ့ ထိုင်းပိုင်နက်မြေကို အသုံးချပြီး လက်နက်တင်ပို့မှုကို ခွင့်မပြုကြောင်းလည်း ထိုင်းဗိုလ်မှူးကြီးက ပြောပါတယ်။ မဲဆောက် ရဲဌာနကတော့ သူတို့ဟာ ထိုင်းစစ်တပ်နဲ့ ပူးပေါင်း ဆောင်ရွက်နေကြောင်းနဲ့ အခု ဖမ်းဆီးရမိထားတာနဲ့ ပတ်သက် ဆက်နွှယ်နေသူတွေကို စုံစမ်းဖေါ်ထုတ်သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

Forum

XS
SM
MD
LG