သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာကို စာနာမှုအကူအညီတွေပေးနိုင်ဖို့ စီစဉ်နေ (အစ္စရေးစစ်တပ်)

ဂါဇာဒေသထဲ ဝင်ရောက်လာတဲ့ စာနာမှုအကူအညီတင်ဆောင်လာတဲ့ ယာဉ်တန်း (ဧပြီ ၉၊ ၂၀၂၄)
ဂါဇာဒေသထဲ ဝင်ရောက်လာတဲ့ စာနာမှုအကူအညီတင်ဆောင်လာတဲ့ ယာဉ်တန်း (ဧပြီ ၉၊ ၂၀၂၄)

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းမှာ နယ်စပ်လမ်းသစ်တခုဖောက်တာအပါအဝင် လူသားချင်းစာနာတဲ့အကူအညီတွေ ပို့နိုင်ဖို့ဆောင်ရွက်မှုတွေ လုပ်နေပြီလို့ အစ္စရေးစစ်တပ်က ဒီနေ့ကြေညာပါတယ်။ ထောက်ပံ့ရေးပစ္စည်းတွေတင်ဆောင်တဲ့ ကုန်ကားတွေသွားနိုင်ဖို့ ခက်ခဲတဲ့နေရာမှာ နယ်စပ်လမ်းသစ်ဖောက်လိုက်တဲ့အတွက် အရပ်သားတွေဆီကို တိုက်ရိုက်အကူအညီတွေရောက်အောင် ပို့နိုင်မှာဖြစ်တယ်လို့ အစ္စရေးစစ်တပ်ပြောခွင့်ရက ပြောပါတယ်။

အစ္စရေးစစ်တပ်ကြောင့် ကြန့်ကြာမှုတွေ၊ ဂါဇာမြောက်ပိုင်းအထိပို့နိုင်ဖို့ လုံခြုံမှု မရှိတာတွေကြောင့် အကူအညီတွေ ပို့ပေးဖို့ ခက်ခဲနေတယ်လို့ နိုင်ငံတကာ လူသားချင်းစာနာအကူအညီပေးတဲ့ အဖွဲ့တွေ ပြောနေတာ လနဲ့ချီ ရှိနေပါပြီ။ အခုအသစ်ဆောက်လိုက်တဲ့ နယ်စပ်လမ်းသစ်ကနေ ဂါဇာမြောက်ပိုင်းကို တနေ့ကို ကုန်ကား အစီး ၅၀ လောက်သွားနိုင်မှာဖြစ်တာမို့ စုစုပေါင်း တနေ့ကို ကုန်ကား ၃၅၀ ကနေ ၅၀၀ စီးရေအထိ တိုးမြှင့် ပို့ပေးနိုင်လိမ့်မယ်လို့ အစ္စရေးစစ်တပ်ပြောခွင့်ရက ခန့်မှန်းပါတယ်။

အစ္စရေးနဲ့ ဟာမတ်စ် စစ်သွေးကြွတို့ စစ်ပွဲမဖြစ်ခင် ၂၀၂၃ အောက်တိုဘာ မတိုင်ခင်က ဂါဇာဒေသအတွက် အကူအညီတွေ တနေ့ကို ကုန်ကားအစီး ၅၀၀ လောက် ပို့ပေးနိုင်ခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant တို့ ဗုဒ္ဓဟူးနေ့က ဖုန်းနဲ့ဆက်သွယ်စကားပြောခဲ့ကြတာမှာ လူသားချင်းစာနာအကူအညီတွေ ဂါဇာဒေသထဲကို ပိုရောက်အောင်ကတိပေးထားတဲ့အတိုင်း မြန်မြန်လုပ်ဖို့ အမေရိကန်ဘက်က တိုက်တွန်းခဲ့ပါတယ်။ World Central Kitchen ပရဟိတအဖွဲ့က အကူအညီပေးသူ ၇ ဦးသေဆုံးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုမျိုး ထပ်မဖြစ်အောင် အသေအချာလုပ်ဖို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ဂါဇာကို စာနာမှုအကူအညီတွေပေးနိုင်ဖို့ စီစဉ်နေ (အစ္စရေးစစ်တပ်)
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG