သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဘိုင်ဒန်ပြောကြားချက် ဂျပန်နဲ့ အိန္ဒိယတုံ့ပြန်


ဂျပန်ဝန်ကြီးချုပ်ကို သမ္မတဘိုင်ဒန် အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့စဉ်
ဂျပန်ဝန်ကြီးချုပ်ကို သမ္မတဘိုင်ဒန် အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့စဉ်

အိန္ဒိယနဲ့ ဂျပန်နိုင်တွေဟာ တရုတ်နဲ့ ရုရှားနိုင်ငံတွေလိုပဲ နိုင်ငံခြားသားတွေကို လက်မခံချင်ကြတဲ့အတွက် စီးပွားရေးအရ ခက်ခက်ခဲခဲ ရုန်းကန်နေကြရတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောဆိုလိုက်တာနဲ့ ပတ်သက်လို့ အိန္ဒိယနဲ့ ဂျပန် အစိုးရတွေက တုံ့ပြန်လိုက်ကြပါတယ်။

သမ္မတဘိုင်ဒန်ခုလိုပြောဆိုတာဟာ စိတ်မကောင်းစရာဖြစ်ပြီး ဂျပန်နိုင်ငံမှာ မူဝါဒတွေ ဘယ်လိုချမှတ်နေတယ်ဆိုတာ မှန်မှန်ကန်ကန် နားမလည်ဘဲ ပြောတာဖြစ်တယ်လို့ ဂျပန်အစိုးရက တုံ့ပြန်ပါတယ်။ ဂျပန်ဘက်က တုံ့ပြန်ချက်ကို အိမ်ဖြူတော်ကို အသိပေးခဲ့ပြီးဖြစ်သလို ဂျပန်အစိုးရရဲ့ မူဝါဒတွေနဲ့ ရပ်တည်ချက်တွေကိုလည်း ထပ်မံရှင်းပြခဲ့တယ်လို့ ဂျပန်အစိုးရရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံကလည်း သမ္မတ ဘိုင်ဒန်ပြောသလို အိန္ဒိယဟာ နိုင်ငံခြားသားတွေကို မကြိုက်တဲ့နိုင်ငံ မဟုတ်ဘဲ၊ ပွင်လင်းတဲ့ လူ့အဖွဲ့အစည်းအဖြစ် သမိုင်းအစဥ်အလာရှိတဲ့ နိုင်ငံတခု ဖြစ်တယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar က တုံ့ပြန်ပါတယ်။ ဒါ့အပြင် စီးပွားရေးအရလည်း မတည်မငြိမ် ဖြစ်မနေဘူးလို့ ဝန်ကြီး Jaishankar က Economic Times သတင်းစာနဲ့ မေးမြန်းခန်းမှာ ပြောဆိုသွားခဲ့ပါတယ်။

သမ္မတရွေးကောက်ပွဲမှာ ပြန်လည် အရွေးခံရဖို့ ကြိုးပမ်းနေတဲ့ သမ္မတ ဘိုင်ဒန်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မဲဆွယ်ပွဲစည်းရုံးပွဲ တခုမှာ အမေရိကန်ရဲ့ ပြိုင်ဘက် တရုတ်နဲ့ ရုရှား အပြင် မဟာမိတ်နိုင်ငံတွေ ဖြစ်တဲ့ ဂျပန်နဲ့ အိန္ဒိယ တို့ကိုပါ ထည့်ပြီး စီးပွားရေး အင်အားကြီးနိုင်ငံတွေ ဖြစ်ကြတဲ့ ဒီနိုင်ငံ ၄ နိုင်ငံဟာ နိုင်ငံခြားသား ရွှေ့ပြောင်း နေထိုင်သူတွေကို လက်ခံချင်တဲ့ ဆန္ဒမရှိတဲ့အတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရာမှာ အခက်အခဲတွေ ကြုံနေရတယ်လို့ ပြောဆိုသွားခဲ့တာပါ။ ဒီနိုင်ငံတွေနဲ့ မတူဘဲ နိုင်ငံခြားသားတွေကို ကြိုဆိုလက်ခံတဲ့ အတွက် အမေရိကန်ရဲ့ စီးပွားရေးကတော့ ခုချိန်မှာ ခိုင်မာ အားကောင်းနေတယ်လို့ သမ္မတ ဘိုင်ဒန်က ဂုဏ်ယူပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG