သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးထိုးစစ်ကြောင့် Rafah ကထွက်ပြေးသူ ရှစ်သောင်းဝန်းကျင်ရှိ


ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြရတဲ့ ဂါဇာဒေသခံများ (မေ ၉၊ ၂၀၂၄)
ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြရတဲ့ ဂါဇာဒေသခံများ (မေ ၉၊ ၂၀၂၄)

အစ္စရေးက ဂါဇာဒေသတောင်ပိုင်းမှာ ပြီးခဲ့တဲ့ တနင်္လာနေ့က စစ်ဆင်ရေးတွေ အရှိန်အဟုန်မြင့်လာချိန်ကစပြီး၊ Rafah မြို့ကနေ ထွက်ပြေးသူ ၈ သောင်း လောက်ရှိတယ်လို့ ပါလက်စတိုင်းဒုက္ခသည်တွေ အကူအညီပေးနေတဲ့ ကုလသမဂ္ဂ အေဂျင်စီ (UNRWA) က ဒီကနေ့ ပြောပါတယ်။

အဲဒီမိသားစုတွေရဲ့ ဆုံးရှုံးမှုတွေဟာ ဘယ်လိုမှ လက်မခံနိုင်လောက်အောင်ကို ဆိုးရွားလွန်းပြီး၊ ဘယ်နေရာမှ မလုံခြုံတော့ဘူးလို့ UNRWA အဖွဲ့က သူတို့ရဲ့ X လူမှုကွန်ရက်ကနေ ပြောပါတယ်။

အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Israel Katz ကတော့ သူတို့စစ်တပ်အနေနဲ့ Hamas အဖွဲ့ကို လုံးဝ ချေမှုန်းနိုင်တဲ့အထိ ဆက်ပြီး တိုက်သွားမှာဖြစ်တယ်လို့ ဒီနေ့ ပြောပါတယ်။

အမေရိကန်အနေနဲ့ အစ္စရေးရဲ့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကို ထောက်ခံပေမဲ့လည်း၊ အစ္စရေးက Rafah ကို စစ်ဆင်ရေး လုပ်တဲ့နေရာမှာ အသုံးပြုမယ့် တိုက်ခိုက်ရေးလက်နက်တွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ပံ့ပိုးသွားမှာမဟုတ်ဘူးလို့ အမေရိကန်သမ္မတ Joe Biden ကပြောပြီး နောက်တရက်မှာပဲ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

အစ္စရေးက Rafah မြို့ကို ဒီနေ့ ဗုံးကြဲတာတွေရှိတယ်လို့ မျက်မြင်တွေက ပြောကြပြီး အစ္စရေးစစ်တပ်ကတော့ ဂါဇာဒေသ အလယ်ပိုင်းက Hamas တွေရဲ့ စခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

အခုလို အစ္စရေးက Rafah ဒေသမှာ စစ်ဆင်ရေးတွေ ဆင်နွဲနေတဲ့ကြားမှာပဲ၊ ဂါဇာဒေသကို လူသားချင်းစာနာမှု အကူအညီတွေရောက်ရှိဖို့နဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေရှိတယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။

Forum

XS
SM
MD
LG