သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးရဲ့ ရာဖာစစ်ဆင်ရေးအပေါ် နိုင်ငံတကာ ဖိအားတွေတိုးမြှင့်


ရာဖာမြို့ကို အစ္စရေးထိုးစစ်ဆင်ပြီးနောက် မြင်တွေ့ရသည့်မြင်ကွင်း (မေ ၇၊ ၂၀၂၄)
ရာဖာမြို့ကို အစ္စရေးထိုးစစ်ဆင်ပြီးနောက် မြင်တွေ့ရသည့်မြင်ကွင်း (မေ ၇၊ ၂၀၂၄)

ဂါဇာကမ်းမြောင်တောင်ပိုင်းမှာရှိတဲ့ Rafah မြို့ကို အစ္စရေးက ထိုးစစ်ဆင်တိုက်ခိုက်တဲ့အပေါ် နိုင်ငံတကာရဲ့ ဖိအားပေးမှုအသစ်တွေ ဒီကနေ့ ထပ်မံထွက်ပေါ်လာနေချိန်မှာဘဲ ကာတာနိုင်ငံနဲ့ အာဖရိကသမဂ္ဂတို့က ပိုမို ဆိုးရွားလာနေတဲ့ စာနာမှုဆိုင်ရာ အခက်အခဲကိစ္စအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုကြပါတယ်။

ကာတာနိုင်ငံဟာ အစ္စရေးနဲ့ ဟာမတ်စ်အဖွဲ့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရနိုင်ဖို့ အဓိက ဦးဆောင် ဆွေးနွေးပေးနေတဲ့ နိုင်ငံဖြစ်ပြီး Rafah က အရပ်သားတွေကို အဓမ္မ ပြောင်းရွှေ့ခိုင်းတာဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ဒီကနေ့ သတိပေး ပြောကြားလိုက်ပါတယ်။

Rafah ကို အစ္စရေးက လေကြောင်းကတိုက်ခိုက်တဲ့လုပ်ရပ်အပေါ် ကာတာနိုင်ငံခြားရေးဌာနက ပြစ်တင်ရှုတ်ချလိုက်ပြီး မြို့ထဲကို အစ္စရေးတပ်ဖွဲ့တွေ ဝင်ရောက် စီးနင်းတဲ့လုပ်ရပ်ကို ဟန့်တားဖို့အတွက် နိုင်ငံတကာ အသိုက်အဝန်းက အရေးပေါ် ဆောင်ရွက်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ Rafah မှာ အသက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်တဲ့အထိ အခြေအနေတွေ ဆိုးရွားလာနေတာကို ရပ်တန့်ရေးအတွက် နိုင်ငံတကာအသိုက်အဝန်းက လက်တွဲလုပ်ဆောင်ကြဖို့ အာဖရိကသမဂ္ဂဥက္ကဌ Moufasa Faki Mahamat ကလည်း တောင်းဆိုလိုက်ပါတယ်။ ဒီဒေသဟာ ဂါဇာကို စာနာမှုဆိုင်ရာ အကူအညီတွေ ပို့ပေးရေးအတွက် အရေးပါတဲ့နေရာဖြစ်တယ်လို့ ဆိုပါတယ်။

အီဂျစ်နိုင်ငံနဲ့ ထိစပ်နေတဲ့ Rafah နယ်စပ်ဂိတ်ကို အစ္စရေးက မနေ့ အင်္ဂါနေ့မှာ ထိန်းချုပ်လိုက်သလို အနီးနားမှာရှိတဲ့ Karem Shalom နယ်စပ်ဂိတ်ကိုလည်း ပိတ်ပစ်လိုက်ပါတယ်။ နောက်ပိုင်းမှာတော့ Karem Shalom ဂိတ်ကို ပြန်ဖွင့်ပေးခဲ့တယ်လို့ အစ္စရေးက ပြောပါတယ်။

အစ္စရေးရဲ့ ရာဖာစစ်ဆင်ရေးအပေါ် နိုင်ငံတကာ ဖိအားတွေတိုးမြှင့်
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG