သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်က ဆူဒန်ကို စာနာမှုအကူ ဒေါ်လာသန်း ၃၀၀ ကျော်ပေးမည်


အစားအသောက် ဝေငှပေးနေတဲ့ဆီမှာ လာတန်းစီနေကြတဲ့ ဆူဒန် ဒုက္ခသည်များ။ (မှတ်တမ်းပုံဟောင်း)
အစားအသောက် ဝေငှပေးနေတဲ့ဆီမှာ လာတန်းစီနေကြတဲ့ ဆူဒန် ဒုက္ခသည်များ။ (မှတ်တမ်းပုံဟောင်း)

ဆူဒန်မှာ လူပေါင်း ၅ သန်းလောက် အငတ်ဘေးကြုံရမယ့် အန္တရာယ် နီးနေပြီလို့ ကုလသမဂ္ဂက သတိပေးနေတာပါ။ မစ္စ 'ပါဝါ' ကလည်း ဆိုမာလီယာမှာ ကလေးငယ် ထက်ဝက်ပါတဲ့ သေဆုံးသူ ၂ သိန်းခွဲလောက်ရှိတဲ့ ၂၀၁၁ ခုနှစ် မိုးခေါင်ရေရှားကာလ အငတ်ဘေးထက် ဆူဒန်အခြေအနေက ပိုဆိုးနိုင်တာကြောင့် စိုးရိမ်ရကြောင်း ပြောပါတယ်။

ဆူဒန်မှာ ပြိုင်ဘက် စစ်ဗိုလ်ချုပ်ကြီး ၂ ဦးကြား ပဋိပက္ခတွေ ၁၄ လ ကြာလာတာနဲ့အမျှ နိုင်ငံသား ၂၅ သန်းလောက် ဟာလည်း အကူညီတွေ လိုအပ်နေတာကြောင့် အမေရိကန်အစိုးရက လူသားစာနာမှု အထောက်အကူအဖြစ် ဆူဒန်အတွက် ဒေါ်လာ ၃၁၅ သန်းကျော် ထပ်မံပေးအပ်မှာဖြစ်ကြောင်း သောကြာနေ့က ကြေညာပါတယ်။

ဒါဟာ တကြိမ်တည်းနဲ့ အများဆုံးပေးတဲ့ လူသားစာနာမှုဆိုင်ရာ အထောက်အကူဖြစ်ကြောင်း အမေရိကန် အထောက်အကူပေးရေး USAID အဖွဲ့ စီမံခန့်ခွဲရေးမှူး Samantha Power 'ဆမန်သာ−ပါဝါ'က ပြောပါတယ်။

ဆူဒန်မှာ လူပေါင်း ၅ သန်းလောက် အငတ်ဘေးကြုံရမယ့် အန္တရာယ် နီးနေပြီလို့ ကုလသမဂ္ဂက သတိပေးနေတာပါ။ မစ္စ 'ပါဝါ' ကလည်း ဆိုမာလီယာမှာ ကလေးငယ် ထက်ဝက်ပါတဲ့ သေဆုံးသူ ၂ သိန်းခွဲလောက်ရှိတဲ့ ၂၀၁၁ ခုနှစ် မိုးခေါင်ရေရှားကာလ အငတ်ဘေးထက် ဆူဒန်အခြေအနေက ပိုဆိုးနိုင်တာကြောင့် စိုးရိမ်ရကြောင်း ပြောပါတယ်။

ဒါ့အပြင် ၁၉၈၀ အစောပိုင်းက လူပေါင်း ၁ သန်းလောက် ၂ နှစ်အတွင်း သေဆုံးခဲ့ရတဲ့ သမိုင်းတွင်တဲ့ Ethiopia အီသီယိုးပီးယား အငတ်ဘေးထက် ပိုဆိုးမှာကိုလည်း စိုးရိမ်ရတယ်လို့ ပြောပါတယ်။

ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့ SAF နဲ့ ထောက်ပံ့ရေး ခြေမြန်တပ် RSF တို့ကြား တိုက်ပွဲတွေဟာ အထောက်အကူ ပစ္စည်းပို့ဆောင်ဖို့ အတားအဆီးတွေ ဖြစ်နေတာကြောင့် စားနပ်ရိက္ခာ လုံလုံလောက်လောက် မရကြပဲ အငတ်ဘေးဆိုက်ပြီး အသက်တွေပါ ဆုံးပါးနိုင်တဲ့အတွက် ဒါကို အမြန်ဆုံးပြောင်းလဲအောင် လုပ်ရမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ကုလသမဂ္ဂကလည်း ဆူဒန်မှာ လူသားချင်းစာနာမှု အကူအညီနဲ့ အကာအကွယ်ပေးဖို့ လိုအပ်နေသူ ၂၅ သန်းရှိနေပြီး အဲဒီထဲက ၁၈ သန်းက ဆိုးဝါးတဲ့ အငတ်ဘေးနဲ့ ရင်ဆိုင်နေရသလို ဒီလထဲကြုံရတဲ့ ဆိုးဝါးတဲ့ ရာသီဥတုကလည်း အခြေနေကို ပိုဆိုးလာစေနိုင်တယ်လို့ ပြောပါတယ်။

WFP ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ကလည်း ဒီသီတင်းပတ်ထဲမှာတော့ လူပေါင်း ၁ သိန်း ၆ သောင်းလောက်အတွက် အကူအညီပစ္စည်း သယ်လာတဲ့ယာဉ်တန်းဟာ Chad 'ချက်'ကနေ Darfur 'ဒါဖေါ' ကို ရောက်သွားပြီလို့ သောကြာနေ့မှာ ပြောပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂ လအတွင်းမှာတော့ Chad နယ်စပ်ဂိတ်ကို ဖြတ်ပြီး ဆူဒန်ထဲ ဝင်လာဖို့ ကြိုးပမ်းတဲ့ မော်တော်ယာဉ်တန်းတွေရဲ့ ၃ ပုံ ၁ ပုံ လောက်ပဲ ဝင်ခွင့်ရတာ တွေ့ရတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG