သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းစစ်ဟာ ဥရောပအတွက်အရေးကြီးဆုံးဟု ဟန်ဂေရီဝန်ကြီးချုပ် ကြေညာ

ရုရှားဘက်ယိမ်းတဲ့ ဟန်ဂေရီဝန်ကြီးချုပ် Viktor Orban (ဝဲ) နဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskiy တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲကို ယူကရိန်းနိုင်ငံ Kyiv မြို့မှာ ကျင်းပစဥ်။ (ဇူလိုင် ၂၊ ၂၀၂၄)
ရုရှားဘက်ယိမ်းတဲ့ ဟန်ဂေရီဝန်ကြီးချုပ် Viktor Orban (ဝဲ) နဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskiy တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲကို ယူကရိန်းနိုင်ငံ Kyiv မြို့မှာ ကျင်းပစဥ်။ (ဇူလိုင် ၂၊ ၂၀၂၄)

နှစ်နှစ်တာစစ်အတွင်း ရုရှားဘက်ယိမ်းတဲ့ ဟန်ဂေရီဝန်ကြီးချုပ် Viktor Orban ဟာ အင်္ဂါနေ့က ယူကရိန်းကိုသွားရောက်ပြီး ရုရှား-ယူကရိန်းစစ်ဟာ ဥရောပအတွက် အရေးအကြီးဆုံးကိစ္စဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။

မစ္စတာအော်ဘင်န်က ယူကရိန်းသမ္မတနဲ့တွေ့ဆုံခဲ့ပါတယ်။ မစ္စတာအော်ဘင်န်ရောက်ပြီး နာရီအတော်ကြာမှ ဒီခရီးစဥ်ကို ယူကရိန်းက လူသိရှင်ကြားပြောတာပါ။ X လူမှုစာမျက်နှာမှာတော့ သူတို့ဟာ ကုန်သွယ်ရေး၊ နယ်စပ်ဖြတ်ပူးပေါင်းဆောင်ရွက်ရေး၊ အခြေခံအဆောက်အုံပိုင်းနဲ့ စွမ်းအင်ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ မစ္စတာ ဇယ်လင်န်စကီးက ရေးပါတယ်။

လာမယ့် ၆ လမှာ ယူကရိန်းကို ဘယ်လိုကူညီနိုင်မလဲ နားလည်ဖို့ဆိုတာ ဒီခရီးရဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်လို့ မစ္စတာ အော်ဘင်န်ကတော့ ဆိုပါတယ်။ ယူကရိန်းအတွက် တရားမျှတတဲ့ ငြိမ်းချမ်းရေးရဖို့အရေးကြီးကြောင်း မစ္စတာဇယ်လင်န်စကီက‌ ပြောပါတယ်။ ဥရောပသမဂ္ဂ-အီးယူရဲ့ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ၆ လတာထမ်းဆောင်ဖို့ ဟန်ဂေရီနိုင်ငံကယူပြီးတဲ့နောက် ဒီခရီးစဥ် ဖြစ်ပေါ်လာတာပါ။

အီးယူဥက္ကဋ္ဌအနေနဲ့ အာဏာသိပ်မရှိလှပေမဲ့ အီးယူရဲ့လုပ်ငန်းအစီအစဥ်အပေါ်မှာတော့ သက်ရောက်မှု ရှိနိုင်ပါတယ်။ ရိုးသားစွာ ကြားဝင်တဲ့အခန်းကဏ္ဍကိုယူမယ်လို့ ဟန်ဂေရီ တာဝန်ရှိသူတွေကပြောပေမဲ့ အီးယူ ပါလီမန်အမတ်တချို့ကတော့ သံသယ ရှိကြပါတယ်။

ယူကရိန်းစစ်ဟာ ဥရောပအတွက်အရေးကြီးဆုံးဟု ဟန်ဂေရီဝန်ကြီးချုပ် ကြေညာ
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG