သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူငယ်တွေ ပြည်ပထွက်ခွါမှု စစ်ကောင်စီတင်းကျပ်


ရန်ကုန် နိုင်ငံတကာလေဆိပ်။
ရန်ကုန် နိုင်ငံတကာလေဆိပ်။

မြန်မာ စစ်ကောင်စီက PV လို့ခေါ်တဲ့ အလည်အပတ် နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပကိုထွက်ခွါမယ့် လူငယ်တွေ အမျိုးသမီးတွေကို ပိတ်ပင်တာ တင်းကျပ်တာတွေ ပြန်မလာရင်မိသားစုက တာဝန်ယူရတာတွေကို လုပ်ခိုင်းနေတယ်လို့ ခရီးသွားတွေကဆိုပါတယ် ။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာစစ်ကောင်စီက PV လို့ခေါ်တဲ့အလည်အပတ် နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပကိုထွက်ခွါမယ့် လူငယ်တွေ အမျိုးသမီးတွေကို ပိတ်ပင်တာ တင်းကျပ်တာတွေ လုပ်နေရာမှာ မှတ်ပုံတင် သိမ်းဆည်းထားတာ အပါအဝင် ပြန်မလာရင် မိသားစုက တာဝန်ယူရတာတွေကိုပါ လုပ်ခိုင်းနေတယ်လို့ မြန်မာလူငယ်တဦးက ပြောပြပါတယ်။

" အခု လက်ရှိလေဆိပ်မှာက အသက် ၂၃ ကနေ ၃၅ အတွင်း ပတ်စပို့အုပ်နဲ့ အပြင်ထွက်ချင်ရင် ထွက်တဲ့နိုင်ငံကို သူတို့ သတ်မှတ်ထားတဲ့ အထောက်အထားတွေ အပြည့်အစုံပါရမယ်။ အသွားအပြန်လေယာဉ်လက်မှတ်နဲ့ ဟိုတယ် ဘွတ်ကင် လုပ်ထားတဲ့ဟာရယ် မြန်မာနိုင်ငံဘက်မှာဆိုရင်တော့ လူငယ်ဆိုရင် မိဘအုပ်ထိမ်းသူက တာဝန်ယူရတယ်မြန်မာနိုင်ငံသားမှတ်ပုံတင်ကို ထားခဲ့ပေးရတယ်။ "

စစ်မှုထမ်းဥပဒေ ဆိုးကျိုးဂယက်
please wait

No media source currently available

0:00 0:07:20 0:00

စစ်မှုထမ်းဥပဒေကို မကြိုက်လို့ အနီးဆုံး ထိုင်းနိုင်ငံကို ထွက်ပြီးထွက်ပြေးကြတဲ့ လူငယ်လူရွယ်တွေကို အဓိကပစ်မှတ်ထားပြီး စစ်ဆေးနေတာဖြစ်ပါတယ်၊ ဗီဇာမလိုပဲ ပတ်စပို့ ရှိရုံနဲ့ သွားလို့ရတဲ့ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေကို သွားတဲ့အခါမှာလည်း လေယာဉ်ခ အသွားအပြန်စရိတ်တွေ ဟိုတယ်ဘွတ်ကင် ယူခိုင်းတာတွေ လုပ်ခိုင်းနေတယ်လို့ဆိုပါတယ်။

" ထိုင်းဘက်ကိုထွက်မယ်ဆိုရင် လေယာဉ်လက်မှတ် အသွားအပြန်လက်မှတ်နဲ့ Show Moneyရယ် ပြပေးရတယ် အရင်ကဆိုရင် လွန်ခဲ့တဲ့ ၃ − ၄ လ တုန်းကတော့ ဒေါ်လာ ၅၀၀ ထိုင်းဘတ်နဲ့ဆို ၃ သောင်း အခုကတော့ ဒေါ်လာ ၇၀၀ လောက်ပြပေးရတယ်။ "

အခု ရက်ပိုင်းအတွင်း ဒူဘိုင်းနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေဆီကို အလည်အပတ်ဗီဇာနဲ့ ခရီးထွက်နေသူတချို့ဟာလေဆိပ်မှာပဲ စစ်ဆေးခံရပြီး ပြန်လွတ်တာတွေကို ကြုံရတယ်လို့လည်း ပြောပါတယ်။

" ဒူဘိုင်းကျတော့ PV နဲ့သွားလို့မရတော့ပဲ သွားချင်ရင် တရားဝင် အခွန်ဆောင်ပြီး ဟိုဘက်က တရားဝင် အလုပ်ခေါ်တဲ့စာရှိမှ သွားလို့ရတယ် PV စာအုပ်နဲ့လည်း သွားလို့မရတော့ဘူး PJ စာအုပ်နဲ့ ပဲသွားလို့ရတော့တယ်။ "

အခုဆိုရင် စစ်ဆေးမှုတွေ တင်းကျပ်နေပြီး အတော်များများကိုတော့ လေဆိပ်ကနေ ထွက်ခွါခွင့် မပေးသလို စစ်မှုထမ်းဥပဒေထွက်ပြီး စစ်မှုထမ်းဖို့ ပါသလားဆိုတာလည်း မေးမြန်းသလို နေရပ်ပြန်လာမှာလား ဆိုတာကိုလည်းမေးမြန်းစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

နေရပ်ပြန်လာဖို့ကိုလည်း အုပ်ထိမ်းသူ မိဘကို အကျပ်ကိုင်ပြီး လက်မှတ်ထိုးတာတွေလည်း လုပ်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်၊ တင်းကြပ်မှုတွေ များလာတဲ့အတွက် နယ်စပ် ဝင်ပေါက်ထွက်ပေါက်တွေကနေ တရားမဝင် အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေ နေ့စဉ် ဝင်ရောက်နေပြီး အစုလိုက်အပြုံလိုက် အဖမ်းဆီးတွေလည်း ကြုံနေရပါတယ်ရှင်။

Forum

XS
SM
MD
LG