သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကာကွယ်ရေး မဟာမိတ်နိုင်ငံများ ဂျာမနီမှာ ဆွေးနွေး


ယူကရိန်းနေနဲ့ တာဝေးပစ် ဒုံးလက်နက်တွေကို ရုရှားအတွင်းပိုင်းအထိ ပစ်ခတ်နိုင်စွမ်းရှိဖို့ လိုအပ်နေတယ်လို့ သောကြာနေ့က ဂျာမနီ နိုင်ငံမှာ ပြုလုပ်တဲ့ ယူကရိန်းကာကွယ်ရေး မဟာမိတ်နိုင်ငံများအစည်းအဝေးမှာ ယူကရိန်းသမ္မတ Volodymyr Zelenskyy ကပြောပါတယ်။
ယူကရိန်း ကာကွယ်ရေး မဟာမိတ်နိုင်ငံများအစည်းအဝေး အဖွင့်မှာ အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Charles Q. Brown (ဝဲ) နဲ့ ယူကရိန်း သမ္မတ Volodymyr Zelensky တို့ အမေရိကန် ကာကွယ်ရေး ၀န်ကြီး Lloyd Austin ရှေ့မှာ နှုတ်ဆက်နေတဲ့ မြင်ကွင်း။ ဓာတ်ပုံ - Daniel ROLAND / AFP


ယူကရိန်းနေနဲ့ တာဝေးပစ် ဒုံးလက်နက်တွေကို ရုရှားအတွင်းပိုင်းအထိ ပစ်ခတ်နိုင်စွမ်းရှိဖို့ လိုအပ်နေတယ်လို့ သောကြာနေ့က ဂျာမနီ နိုင်ငံမှာ ပြုလုပ်တဲ့ ယူကရိန်းကာကွယ်ရေး မဟာမိတ်နိုင်ငံများအစည်းအဝေးမှာ ယူကရိန်းသမ္မတ Volodymyr Zelenskyy ကပြောပါတယ်။

အဲဒီလို အတွင်းပိုင်း အထိပစ်ခတ်နိုင်မှ ရုရှားအနေနနဲ့ ငြိမ်းချမ်းရေးကို စဉ်းစားလာမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

“ ရုရှားအနေနဲ့ ငြိမ်းချမ်းရေးလုပ်လာအောင် ကျနော်တို့ကဖိအားပေးရပါမယ်။ ရုရှားမြို့တွေ၊ စစ်သားတွေအနေနဲ့ ငြိမ်းချမ်းရေးကိုယူမလား၊ ပူတင်ကိုယူမလားဆိုတာ စဉ်းစားလာအောင် ကျနော်တို့လုပ်ရပါမယ်” လို့ Zelenskyy က ပြောပါတယ်။

အမေရိကန် ဦးဆောင်တဲ့ နိုင်ငံ ၅၀ ကျော်ပါဝင်တဲ့ ယူကရိန်း ကာကွယ်ရေး မဟာမိတ် ခေါင်းဆောင်တွေ ဂျာမဏီနိုင်ငံ Ramstein လေတပ်စခန်းမှာ ပြုလုပ်တဲ့အစည်းအဝေးကို သမ္မတ Zelenskyy ကိုယ်တိုင် တက်ရောက်ခဲ့တာပါ။

ယူကရိန်းကို ထောက်ပံ့ပေးထားတဲ့ အမေရိကန် စစ်လက်နက်ပစ္စည်းတွေနဲ့ ရုရား အတွင်းပိုင်း အထိ ပစ်ခတ်တာမျိုးကိုတော့ အမေရိကန်ပြည်ထောင်စုက ခွင့်ပြုမထားပါဘူး။ အမေရိကန်ပြည်ထောင်စုအနေနဲ့ ရုရှားနဲ့ တိုက်ရိုက်ပဋိပက္ခဖြစ်မှာကို စိုးရိမ်ပူပန်မှုရှိကြောင်းကို အမေရိကန်အိမ်ဖြူတော်က ပြောထားပါတယ်။

ယူကရိန်း သမ္မတ Zelenskyy ရဲ့တောင်းဆိုမှုနဲ့ပတ်သက်ပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီး Llyod Austin ကိုသတင်း ထောက်တွေကမေးမြန်းရာမှာတော့ "တခုတည်းကနေ ဒီစစ်ပွဲကိုအဆုံးဖြတ်ပေးနိုင်မယ့် အရာဆိုတာမျိုးမရှိပါဘူး" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG