သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး နိုင်ငံတကာညီလာခံ ကျင်းပမည် (လာအိုနိုင်ငံခြားရေးဝန်ကြီး)


လာအိုနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံညီလာခံ။
လာအိုနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံညီလာခံ။

မြန်မာနိုင်ငံ နိုင်ငံရေး အကျပ်အတည်းအတွက် အဖြေရှာနိုင်ပြီး လက်တွေ့ကျတဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ တွေ့ဆုံဆွေးနွေးမှုတွေ ပြန်လည် အသက်ဝင်လာရေး နိုင်ငံတကာ ညီလာခံ တရပ်ကို လာအိုနိုင်ငံက ကျင်းပမယ်လို့ လာအိုနိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith ရဲ့ အောက်တိုဘာ ၃ ရက်နေ့ ပြောဆိုချက်ကို ကိုးကားပြီး Vatican - Fides သတင်းမှာ ဖေါ်ပြထားပါတယ်။

ဗီယင်ကျန်းမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး ညီလာခံကျင်းပမယ့် ရက်ကို အတိအကျ မပြောသလို အသေးစိတ် အချက်အလက်တွေ ထုတ်ပြန်ခြင်း မရှိပါဘူး။ လာအိုနိုင်ငံက လက်ရှိ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ရဲ့ ဥက္ကဋ္ဌ အဖြစ် သံတမန်ရေးရာ ကြိုးပမ်းအားထုတ်မှုများ ဆက်လက်လုပ်ဆောင်ဖို့ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတို့နဲ့ ပူးပေါင်းပြီး လာအိုနိုင်ငံမှာ အဲဒီ ညီလာခံကို ကျင်းပမယ် ဆိုပါတယ်။


​ဒါဟာ ၂၀၂၃ ခုနှစ် စက်တင်ဘာလက စတင်ခဲ့တဲ့ အလှည့်ကျ အာဆီယံ ဥက္ကဋ္ဌ (၃) နိုင်ငံ ပါဝင်တဲ့ မြန်မာ့အရေး ဖြေရှင်းရေး “ထရွိုက်ကာ”လို့ခေါ်တဲ့ ယန္တရားရဲ့ လုပ်ဆောင်ချက် တရပ် ဖြစ်ပါတယ်။ အခု စီစဉ်ထားတဲ့ နိုင်ငံတကာ ညီလာခံဟာ မြန်မာ့အရေး အတွက် ဒေသတွင်းမှာ သံတမန်ရေးရာ ဆောင်ရွက်မှုတွေ ပြန်လည် လှုပ်ရှားသက်ဝင်လာစေဖို့ မျှော်လင့်ရပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆုဒီ (Retno Marsudi) ကတော့ “အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ပါ အစီအစဉ်ကို လက်တွေ့ အကောင်အထည်ဖော်ရာမှာ တိုးတက်မှူ မရှိဘူး” လို့ ဗီယင်ကျန်းမြို့က အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာ ပြောပါတယ်။ အာဆီယံ ဘုံသဘောတူညီချက်ထဲက အဓိက တချက်ဖြစ်တဲ့ တွေ့ဆုံဆွေးနွေးရေး ကို အာဏာသိမ်း စစ်တပ်နဲ့ ခုခံတော်လှန်ရေး အင်အားစု နှစ်ဘက်စလုံးက လက်ခံဖို့ ခက်ခဲနေသေးကြောင်း မာဆုဒီ က အဲဒီ အစည်းအဝေးမှာ မှတ်ချက်ပြုခဲ့ပါတယ်။

တချိန်တည်းမှာပဲ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနကပဲ ဦးဆောင်ပြီးလည်း ဂျာကာတာမြို့တော်မှာ အာဆီယံ၊ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂ အပါအဝင် မြန်မာ့အရေး အထူးသံတမန်တွေရဲ့ အလွတ်ဆွေးနွေးပွဲကို အောက်တိုဘာ ၄ ရက်နဲ့ ၅ ရက် က ကျင်းပခဲ့ပါတယ်။

မြန်မာ့အရေး နိုင်ငံတကာညီလာခံ ကျင်းပမည် (လာအိုနိုင်ငံခြားရေးဝန်ကြီး)
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG