သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"အကန့်အသတ်ရှိပေမယ့် မြန်မာတာဝန်ရှိသူတွေကို ICC တရားစီရင်ပိုင်ခွင့်ရှိတယ်" ICC ရှေ့နေချုပ်


"အကန့်အသတ်ရှိပေမယ့် မြန်မာတာဝန်ရှိသူတွေကို ICC တရားစီရင်ပိုင်ခွင့်ရှိတယ်" ICC ရှေ့နေချုပ်
please wait

No media source currently available

0:00 0:04:07 0:00

ရခိုင်မြောက်ပိုင်းမှာ နိုင်ငံတကာဥပဒေကိုချိုးဖောက်တဲ့လုပ်ရပ်တွေ ဆက်ပြီး ဆိုးရွားနေမယ်ဆိုရင် ICC တရားစီရင်မှုကို ရင်ဆိုင်ရမှာဖြစ်တယ်လို့ ရှေ့နေချုပ် Karim Khan က သတိပေးလိုက်ပါတယ်။ အကန့်အသတ်တွေရှိပေမယ့် ICC အနေနဲ့ မြန်မာစစ်ခေါင်းဆောင်နဲ့ တာဝန်ရှိသူတွေကို တရားစီရင်ပိုင်ခွင့်ရှိတယ်လို့လည်း ဗွီအိုအေနဲ့ သီးသန့်မေးမြန်းခန်းမှာ Mr. Khan ကပြောကြားခဲ့ပါတယ်။ မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

ဝါရှင်တန်ဒီစီ —

ရခိုင်မြောက်ပိုင်းမှာ နိုင်ငံတကာဥပဒေကိုချိုးဖောက်တဲ့လုပ်ရပ်တွေ ဆက်ပြီး ဆိုးရွားနေမယ်ဆိုရင် ICC တရားစီရင်မှုကို ရင်ဆိုင်ရမှာဖြစ်တယ်လို့ ရှေ့နေချုပ် Karim Khan က သတိပေးလိုက်ပါတယ်။ အကန့်အသတ်တွေရှိပေမယ့် ICC အနေနဲ့ မြန်မာစစ်ခေါင်းဆောင်နဲ့ တာဝန်ရှိသူတွေကို တရားစီရင်ပိုင်ခွင့်ရှိတယ်လို့လည်း ဗွီအိုအေနဲ့ သီးသန့်မေးမြန်းခန်းမှာ Mr. Khan ကပြောကြားခဲ့ပါတယ်။ မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။ ။ မြန်မာနိုင်ငံအနေနဲ့ ICC အဖွဲ့၀င်မဟုတ်တဲ့အတွက် တရားစီရင်ပိုင်ခွင့်မရှိသလို ဗိုလ်ချုပ်မှူကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ်ရဲ့ လျှောက်ထားချက်ကို မြန်မာစစ်ကောင်စီဘက်က ကန့်ကွက်ထားတာဆိုတော့ ICC အနေနဲ့ အခုလို တရားစီရင်ရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ဘယ်လိုဖြေရှင်းမလဲ။

ရှေ့နေချုပ် Karim Khan။ ။ ခင်ဗျားပြောသလိုပဲ မြန်မာနိုင်ငံဟာ Rome Status စာချုပ်မှာ ပါ၀င်လက်မှတ်ရေးထိုးထားခြင်းမရှိသလို ICC အဖွဲ့၀င်နိုင်ငံလည်းမဟုတ်ပါဘူး။ ဒါကြောင့် ကျနော်တို့ တရားစီရင်မှုအတွက် အကန့်အသတ်ရှိပါတယ်။ မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကြောင့်သာ ဒီအမှု ပေါ်ပေါက်လာတာပါ။ ICC တရားသူကြီးတွေရဲ့ အဓိကဆုံးဖြတ်ချက်ထဲမှာ ICC တရားစီရင်မှုလက်ခံထားတဲ့ အဖွဲ့ဝင် ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင် နယ်မြေမှာ ပြစ်မှုကျူးလွန်တဲ့ အချက်တွေ ရှိနေလို့ဖြစ်ပါတယ်။ ကျနော်တို့ အဓိက စွဲတင်ထားတဲ့ ပြစ်မှုတွေက- နှိပ်စက်ညှဥ်းပန်းမှုနဲ့ နေရပ်ရင်းကနေ အတင်းအကျပ်မောင်းထုတ်မှု တွေပဲဖြစ်ပါတယ်။ နေရပ်ကနေအတင်းအကျပ်မောင်းထုတ်မှုဆိုတဲ့ ပြဌာန်းချက်အရ- နိုင်ငံတကာနယ်နိမိတ်ကို ဖြတ်ပြီး တဖက်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲကို ၀င်ရောက်တယ်ဆိုတဲ့ ကိစ္စအပေါ်မှာ တရားစီရင်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။

အင်ကြင်းနိုင်။ ။ ဒါဆိုရင် နောက်ထပ် အရေးပါတဲ့ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ်အနေနဲ့ လျှောက်ထားမယ့် အခြေအနေရောဘယ်လိုရှိပါလဲ။

ရှေ့နေချုပ် Karim Khan။ ။ ဖမ်းဝရမ်းလျှောက်ထားမှုကို ကြေညာတဲ့ အချိန်တုန်းက ရိုဟင်ဂျာအသိုင်းအဝိုင်းကို ကျနော်ပြောခဲ့ပါတယ်။ အခြားသူတွေအတွက် ဖမ်းဝရမ်းထုတ်မယ့်လျှောက်ထားချက်တွေ လာဖို့ရှိနေတာကို ကျနော် ရဲ့ ထုတ်ပြန်ချက်မှာ အကျယ်တဝင့်ပြောခဲ့ပါတယ်။ ဘာလို့လည်းဆိုရင် ပြစ်မှုကျူးလွန်ခဲ့တဲ့ အတိုင်းအတာက ကျယ်ပြန့်ပြီး ဒီအတွက် ဆက်ပြီး လုပ်ဖို့ လိုအပ်တယ်လို့လည်း မြင်ပါတယ်။ ဒါအပြင် လူအများအပြား ပါဝင်ပတ်သက်ခဲ့တာတွေ့ရပြီး ကျနော်တို့မှာရှိနေတဲ့ သက်သေအထောက်အထားတွေအရ လက်ရှိချိုးဖောက်မှုတွေနဲ့ ပတ်သက်နေတာဆိုတာလည်း တွေ့ရပါတယ်။ ဒါကြောင့်လည်း သတင်းစကားပေးချင်တာက လူအများအနေနဲ့ ဥပဒေ ကို လိုက်နာမလား မလိုက်နာဘူးလားဆိုတာ ရွေးချယ်ကြဖို့ပါ။ ဒါမှမဟုတ်ဆက်ပြီး ပြစ်မှုတွေကို ကျူးလွန်နေမယ်၊ လူတဦးချင်းစီရဲ့ အခွင့်အရေး ဒါမှမဟုတ် နိုင်ငံတကာဥပဒေတွကို လျစ်လျူပြုမယ်ဆိုရင် ICC ဆိုတဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံးရှိနေတယ်ဆိုတာ သတိပေးချင်ပါတယ်။ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ICC ရဲ့ တရားစီရင်ပိုင်ခွင့် အပြည့်အ၀ရှိနေပါတယ်။

Forum

XS
SM
MD
LG