သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဒုက္ခသည်လက်ခံရေး အစီအစဉ် သမ္မတ Trump ဆိုင်းငံ့


သမ္မတ Donald Trump အမိန့်ကြေညာချက် လက်မှတ်ရေးထိုးစဉ် (AP Photo/Evan Vucci)
သမ္မတ Donald Trump အမိန့်ကြေညာချက် လက်မှတ်ရေးထိုးစဉ် (AP Photo/Evan Vucci)

အမေရိကန်ပြည်ထောင်စုကို ဒုက္ခသည်တွေ ရွှေ့ပြောင်းအခြေချနေထိုင်ခွင့်ပေးထားတဲ့ USRAP ခေါ် ဒုက္ခသည် လက်ခံရေး အစီအစဉ်ကို ဆိုင်းငံ့ထားလိုက်တဲ့အကြောင်း သမ္မတ Donald Trump က မနေ့က လက်မှတ်ရေးထိုး အမိန့်ထုတ်ပြန်ပါတယ်။


သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး နာရီပိုင်းအတွင်းမှာပဲ လာမယ့် ဇန်နဝါရီလ ၂၇ ရက်နေ့ကစပြီး ဒုက္ခသည်တွေကို လက်ခံတော့မှာ မဟုတ်ကြောင်း ဒီအစီအစဉ်ကို ဆိုင်းငံ့ထားဖို့ သမ္မတ Trump က ကြေညာတာပါ။


ဒုက္ခသည် လျှောက်လွှာတွေကို လက်မခံဘဲ ဆိုင်းငံ့ထားဖို့လည်း အမိမြေလုံခြုံရေးဝန်ကြီးကို သမ္မတ Trump က ညွှန်ကြားထားပါတယ်။


ဒုက္ခသည် လက်ခံရေးအစီအစဉ်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ အကျိုးစီးပွားကို မထိခိုက်ဘူးဆိုရင် ဒီဆုံးဖြတ်ချက်ကို ပြန်ပြင်ပေးဖို့ ရက် ၉၀ အတွင်း အမိမြေလုံခြုံရေးဝန်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ တိုင်ပင်ပြီး သူ့ကို တင်ပြနိုင်တယ်လို့လည်း အမိန့်ကြေညာချက်မှာ ရေးထားပါတယ်။
ဒီအစီစဉ် ပြန်စသင့် မသင့် အမိမြေလုံခြုံရေးဝန်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ တိုင်ပင်ပြီး သူ့ကို ရက် ၉၀ တိုင်းမှာ အစီရင်ခံစာတင်ဖို့လည်း ညွှန်ကြားထားပါတယ်။

အမေရိကန် ဒုက္ခသည်လက်ခံရေး အစီအစဉ် သမ္မတ Trump ဆိုင်းငံ့
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG