သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ရိုးမနဲ့ ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီတပ်စခန်းတချို့ AA သိမ်းပိုက်


ဧရာဝတီတိုင်း အစပ်ရောက် အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များ (AA Info Desk၊ ဇန်နဝါရီ ၂၀၂၅)
ဧရာဝတီတိုင်း အစပ်ရောက် အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များ (AA Info Desk၊ ဇန်နဝါရီ ၂၀၂၅)

အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ ရခိုင်ရိုးမပေါ်က စစ်ကောင်စီရဲ့ မိုးထိတောင်စခန်းကို မနေ့က ဇန်နဝါရီလ ၂၇ ရက်နေ့က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့အကြောင်း အာရက္ခတပ်တော်က သတင်းထုတ်ပြန်ပါတယ်။ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းမိခဲ့သလို စစ်ကောင်စီတပ်က အလောင်းတချို့ သိမ်းဆည်းမိတဲ့အကြောင်း သတင်းထုတ်ပြန်ပေမဲ့ အရေအတွက် အသေးစိတ်တော့ ဖေါ်ပြခြင်း မရှိပါဘူး။


ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီ မကွေးနဲ့ ပဲခူးတိုင်းတွေမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား ဒီလ ဒုတိယအပတ်လောက်က စတင်ပြီး နှစ်ဘက်အပြန်အလှန်ထိုးစစ်တွေကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတဲ့အကြောင်းလည်း အာရက္ခတပ်တော် AA က ပြောပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်းအတွင်းက စစ်ကောင်စီရဲ့ ပွိုင့်(၂၆၃) စခန်းကိုလည်း ဇန်နဝါရီလ ၂၆ ရက်နေ့ ညနေ ၅ နာရီလောက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ AA ရဲ့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။


ပွိုင့် (၃၆၉) စခန်းကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့ ကတည်းက အာရက္ခတပ်တော်က သိမ်းပိုက်ထားခဲ့တယ်လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်မြို့တော်စစ်တွေအနီးတဝိုက်မှာလည်း စစ်ရေးတင်းမာနေပြီး လက်နက်ကြီးတွေနဲ့ ဒရုန်း စနိုက်ပါတွေနဲ့ နှစ်ဘက် အပြန်အလှန် နေ့တိုင်းလိုလို ပစ်ခတ်တိုက်ခိုက်နေတယ်လို့ AA တပ်ဖွဲ့က ပြောပါတယ်။ တိုက်ပွဲသတင်းတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလိုခိုက်ဒဏ်ရာရ ကျဆုံးတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ VOA အနေနဲ့လည်း သီးခြား အတည်ပြုချက်ရဖို့ ကြိုးစားနေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG