သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပနားမား ခေါင်းဆောင်တွေနဲ့ ကန်ဝန်ကြီး ပနားမား တူးမြောင်းအရေး ဆွေးနွေး


ပနားမားသမ္မတ၊ ပြန်ကြားရေးရုံးကထုတ်ပြန်သည့်ပုံတွင် တွေ့ရသည် ပနားမားသမ္မတ Jose Raul Mulino (ဝဲ) နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio (ဖေဖော်ဝါရီ ၂၊​ ၂၀၂၅)
ပနားမားသမ္မတ၊ ပြန်ကြားရေးရုံးကထုတ်ပြန်သည့်ပုံတွင် တွေ့ရသည် ပနားမားသမ္မတ Jose Raul Mulino (ဝဲ) နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio (ဖေဖော်ဝါရီ ၂၊​ ၂၀၂၅)

တရုတ်နိုင်ငံက ပနားမားတူးမြောင်းကို ထိန်းချုပ်ဖို့ လွှမ်းမိုးကြိုးပမ်းလာတာကြောင့် အမေရိကန်အနေနဲ့ အရေးယူဆောင်ရွက်ဖို့ ဖြစ်လာနေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Marco Rubio က ပနားမား ခေါင်းဆောင်တွေကို တနင်္ဂနွေနေ့က ပြောလိုက်ပါတယ်။

ပနားမားသမ္မတ ဟိုးဆေး ရောလ် မူလီနို (José Raúl Mulino)၊ နိုင်ငံခြားရေးဝန်ကြီး Javier Martínez-Achaတို့နဲ့ ပနားမား စီတီးမှာ တွေ့ဆုံခဲ့ရာမှာ ခုလို ပြောခဲ့တာပါ။ ပနားမား တူးမြောင်းကို စီမံခန့်ခွဲရာမှာ တရုတ်ကွန်မြူနစ်ပါတီက ဩဇာပေး ထိန်းချုပ်နေတဲ့ လက်ရှိ အနေအထားက ခြိမ်းခြောက်မှုတရပ်ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ကနဦး ဆုံးဖြတ်ထားကြောင်း ရူဘီအိုက ပြောကြားခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

၈၂ ကီလိုမီတာရှည်တဲ့ တူးမြောင်းအပေါ် တရုတ်က မလျော်မကန် ဩဇာပေးနေပြီး အမေရိကန်က ဘယ်လို အရေးယူ ဆောင်ရွက်မယ် ဆိုတာကိုတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာချက်မှာ ပြောမထားသလို ရူဘီအိုရဲ့ သုံးသပ်ချက်အပေါ် ပနားမားသမ္မတ မူလီနိုက ဘာ တုန့်ပြန်ခဲ့သလဲ ဆိုတာကိုလည်း ဖော်ပြမထားပါဘူး။

ပနားမားတူးမြောင်း ထိန်းချုပ်ရေးအကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ မဆွေးနွေးဘူးလို့ ပနားမားသမ္မတ Mulino က သတင်းထောက်တွေကို ကြာသပတေးနေ့တုန်းကတော့ ပြောထားပါတယ်။

ပနားမား ခေါင်းဆောင်တွေနဲ့ ကန်ဝန်ကြီး ပနားမား တူးမြောင်းအရေး ဆွေးနွေး
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG