သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံ ဆက်ဆံရေး ချောမွေ့ဖို့ ကန်-ရုရှား ဆွေးနွေး

ယူကရိန်း ကျူးကျော်စစ်နဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ ဆန့်ကျင်မှုကြောင့် အမေရိကန်နဲ့ ရုရှားတို့ကြား ၃ နှစ်ကြာ ၂ နိုင်ငံ သံအရာရှိတွေ အပြန်အလှန် ပြည်နှင်ဒဏ်ပေးခဲ့ကြတာကြောင့် အပြေမလည် ဖြစ်နေတဲ့ သံတမန် ဆက်ဆံရေးကို ချောမွေ့အောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေ ရှာကြံဖို့ နှစ်ဘက် သံအရာရှိတွေ ကြာသပတေးနေ့က အစ္စတန်ဘူလ် မြို့မှာ တွေ့ဆုံဆွေးနွေးကြပါတယ်။

ဒီလ အစောပိုင်းက အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ Vladimir Putin တို့ တယ်လီဖုန်း ဆက်သွယ်ပြောကြားတာ အပါအဝင် ၂ နိုင်ငံ ထိတွေ့ဆက်ဆံမှုတွေ လုပ်နေရာကနေ အခု ၂ ဘက် သံအရာရှိတွေ တွေ့ဆုံကြတာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ဆော်ဒီအာရေဗျမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio နဲ့ ရုရှားနိုင်ငံခြားရေး ဝန်ကြီး Sergey Lavrov တို့ ၂ ဦးရဲ့ဆွေးနွေးပွဲဟာ ယူကရိန်း စစ်အဆုံးသတ်ရေး အတွက်လို့ ကနဦးမှာပြောကြားခဲ့တာ ဖြစ်ပေမယ့် အခုလို ၂ နိုင်ငံ ဆက်ဆံရေး ပြန်ထူထောင်မယ့် ကိစ္စကိုပါ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ရုရှား သမ္မတက အမေရိကန် အစိုးရသစ်အဖွဲ့နဲ့ ပထမအကြိမ် ဆက်သွယ်ပြောဆိုမှုကနေ မျှော်လင့်ချက်တွေ ရလာစေတာဖြစ်ပြီး ကမ္ဘာတလွှားက စံနစ်တကျ ဖြစ်ပွါးနေတဲ့ မဟာဗျူဟာဆိုင်ရာ ကြီးမားတဲ့ ပြဿနာကြီးတွေကို တဖြေးဖြေး ပြေလည်အောင် ဖြေရှင်းဖို့နဲ့ ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့ ၂ ဘက်စလုံး အသင့်ဖြစ်နေတာ တွေ့ရတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ အနောက်နိုင်ငံက တချို့ကတော့ ကမ္ဘာကြီး မငြိမ်မသက် ဆက်ဖြစ်စေဖို့ လုပ်ဆောင်နေသလို စတင်ခဲ့တဲ့ ဆွေးနွေးပွဲကို အနှောက်ယှက်ပေးဖို့ ဒါမှမဟုတ် အပေးအယူလုပ်ဖို့ ကြိုးစား နေတယ်လို့လည်း ပြောပါတယ်။ အမေရိကန်ရဲ့ ကာလကြာရှည် မဟာမိတ်အဖြစ် ရပ်တည်ခဲ့တဲ့ ဥရောပ ခေါင်းဆောင်တွေကတော့ သမ္မတထရမ့်ရဲ့ ရုရှားသမ္မတနဲ့ ရုရှားအပေါ် အလေးပေးတဲ့ အမေရိကန်နိုင်ငံခြားရေး မူဝါဒပြောင်းလဲ ကျင့်သုံးလာတာကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

သံဆက်ဆံရေး ချောမွေ့ဖို့ ကန်-ရုရှား ဆွေးနွေး
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်
This item is part of

Forum

XS
SM
MD
LG