သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပထမဆုံး အာဖရိကန္ႏြယ္ဖြား ကာကြယ္ေရး၀န္ႀကီးကုိ ကန္ အထက္လႊတ္ေတာ္အတည္ျပဳ


အမေရိကန္ကာကြယ္ေရး၀န္ၾကီးသစ္ Lloyd Austin, (ဓာတ္ပံု AP)

(Zawgyi/Unicode)

အေမရိကန္ကာကြယ္ေရးဝန္ႀကီးအျဖစ္ သမၼတဂ်ိဳးဘိုင္ဒန္ အမည္စာရင္းတင္သြင္းထားတဲ့ အၿငိမ္းစားဗိုလ္ခ်ဳပ္ႀကီး Lloyd Austin ကို အထက္လႊတ္ေတာ္က ေသာၾကာေန႔မွာ အတည္ျပဳေပးလိုက္ပါၿပီ။

အထက္လႊတ္ေတာ္က ေထာက္ခံမဲ ၉၃ မဲ ကန္႔ကြက္မဲ ၂ မဲနဲ႔ အတည္ျပဳေပးလိုက္တာေၾကာင့္ Lloyd Austin ဟာ ပထမဆံုး အာဖရိကႏြယ္ဖြား အေမရိကန္ကာကြယ္ေရး ဝန္ႀကီးျဖစ္လာပါၿပီ။
အေမရိကန္ႏုိင္ငံရဲ့ ၂၈ ဆက္ေျမာက္ ကာကြယ္ေရး ဝန္ႀကီးအျဖစ္နဲ႔ တာဝန္ထမ္းေဆာင္ခြင့္ ရတာကို ဂုဏ္ယူေၾကာင္းနဲ႔ အထူးသျဖင့္ ပထမဆံုးအာဖရိကႏြယ္ဖြား တေယာက္ အေနနဲ႔ ဒီတာဝန္ထမ္းေဆာင္ ရတာျဖစ္တဲ့အတြက္ ဝမ္းေျမာက္ေၾကာင္း ေသာၾကာေန႔တြစ္တာမွာ ေရးပါတယ္။

အေရွ႕အလယ္ပိုင္းနဲ႔ ေတာင္အာရွ ေဒသဆိုင္ရာ အေမရိကန္တပ္မႈးႀကီးေဟာင္း ျဖစ္တဲ့ Lloyd Austin ဟာ အၿငိမ္းစားယူခဲ့ၿပီး ၇ ႏွစ္ေလာက္ အၾကာမွာအခုလို အရပ္ဖက္ရာထူးကို လက္ခံလိုက္တာ ျဖစ္ပါတယ္။

သူ႔ကို အမည္စာရင္း တင္သြင္းထားတာအတြက္ ၾကားနာမႈကို ၿပီးခဲ့တဲ့ အဂၤါေန႔က ျပဳလုပ္ခဲ့တာ ျဖစ္ၿပီး အဲဒီၾကားနာပြဲမွာ Lloyd Austin က သူ႔ရဲ့ ပထမဦးစားေပးက အေမရိကန္ရင္ဆိုင္ေနရတဲ့ ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါဆိုင္ရာ တိုက္ပြဲအတြက္ ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္ သူဟာ ရုရွားအပါအဝင္ အေမရိကန္နဲ႔ အတိုက္အခံျဖစ္ေနတဲ့ ႏိုင္ငံေတြနဲ႔ ရင္ဆိုင္ေရး ဆိုင္ရာ စစ္ေရးမူဝါဒေတြ နဲ႔ပါ လံုးပမ္းရဖို႔ ရွိေနတာပါ။

ကာကြယ္ေရးဝန္ႀကီးသစ္ Austin အေနနဲ႔ ရုရွားအေရး အျပင္ တရုတ္နဲ႔ အီရန္ အေရး ေနာက္ သမၼတေဒၚနယ္ထရမ့္လက္ထက္ က အေမရိကန္တပ္သား အေရအတြက္ ေလ ွ်ာ့ခ်ခဲ့တဲ့ မၿငိမ္းခ်မ္းတဲ့ အာဖဂန္နဲ႔ အီရတ္ေဒသအေရးေတြကို ဘယ္လိုကိုင္တြယ္မယ္ ဆိုတာ အပါအဝင္ စိုးရိမ္စရာျပႆနာ အေတာ္မ်ားမ်ားကို ကိုင္တြယ္ရမွာ ျဖစ္ပါတယ္။

အထက္လႊတ္ေတာ္မွာ ေသာၾကာေန႔ မဲခြဲမႈကေန Austin ဟာ အေမရိကန္လံုၿခံဳေရးဆိုင္ရာ အဖြဲ႔ အတြက္ ဒုတိယေျမာက္အဖြဲ႔ဝင္ ျဖစ္လာပါတယ္။ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔ကေတာ့ အမ်ိဳးသားလံုၿခံဳေရးဆိုင္ရာ အႀကီးအကဲ အျဖစ္ Avril Haines ကို အတည္ျပဳေပးခဲ့တာျဖစ္ၿပီး Haines ဟာ အေမရိကန္ေထာက္လွမ္းေရး အဖြဲ႔ကို ပထမဦးဆံုး ဦးေဆာင္တဲ့ အမ်ိဳးသမီး တဦးျဖစ္လာတာပါ။

......................................................

တိုက္႐ိုက္ လင့္ခ္


ပထမဆုံး အာဖရိကန်နွယ်ဖွား ကာကွယ်ရေးဝန်ကြီးကို ကန် အထက်လွှတ်တော်အတည်ပြု

(Unicode)

အမေရိကန်ကာကွယ်ရေးဝန်ကြီးအဖြစ် သမ္မတဂျိုးဘိုင်ဒန် အမည်စာရင်းတင်သွင်းထားတဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီး Lloyd Austin ကို အထက်လွှတ်တော်က သောကြာနေ့မှာ အတည်ပြုပေးလိုက်ပါပြီ။

အထက်လွှတ်တော်က ထောက်ခံမဲ ၉၃ မဲ ကန့်ကွက်မဲ ၂ မဲနဲ့ အတည်ပြုပေးလိုက်တာကြောင့် Lloyd Austin ဟာ ပထမဆုံး အာဖရိကနွယ်ဖွား အမေရိကန်ကာကွယ်ရေး ဝန်ကြီးဖြစ်လာပါပြီ။
အမေရိကန်နိုင်ငံရဲ့ ၂၈ ဆက်မြောက် ကာကွယ်ရေး ဝန်ကြီးအဖြစ်နဲ့ တာဝန်ထမ်းဆောင်ခွင့် ရတာကို ဂုဏ်ယူကြောင်းနဲ့ အထူးသဖြင့် ပထမဆုံးအာဖရိကနွယ်ဖွား တယောက် အနေနဲ့ ဒီတာဝန်ထမ်းဆောင် ရတာဖြစ်တဲ့အတွက် ဝမ်းမြောက်ကြောင်း သောကြာနေ့တွစ်တာမှာ ရေးပါတယ်။

အရှေ့အလယ်ပိုင်းနဲ့ တောင်အာရှ ဒေသဆိုင်ရာ အမေရိကန်တပ်မှုးကြီးဟောင်း ဖြစ်တဲ့ Lloyd Austin ဟာ အငြိမ်းစားယူခဲ့ပြီး ၇ နှစ်လောက် အကြာမှာအခုလို အရပ်ဖက်ရာထူးကို လက်ခံလိုက်တာ ဖြစ်ပါတယ်။

သူ့ကို အမည်စာရင်း တင်သွင်းထားတာအတွက် ကြားနာမှုကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြုလုပ်ခဲ့တာ ဖြစ်ပြီး အဲဒီကြားနာပွဲမှာ Lloyd Austin က သူ့ရဲ့ ပထမဦးစားပေးက အမေရိကန်ရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဆိုင်ရာ တိုက်ပွဲအတွက် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ရုရှားအပါအဝင် အမေရိကန်နဲ့ အတိုက်အခံဖြစ်နေတဲ့ နိုင်ငံတွေနဲ့ ရင်ဆိုင်ရေး ဆိုင်ရာ စစ်ရေးမူဝါဒတွေ နဲ့ပါ လုံးပမ်းရဖို့ ရှိနေတာပါ။

ကာကွယ်ရေးဝန်ကြီးသစ် Austin အနေနဲ့ ရုရှားအရေး အပြင် တရုတ်နဲ့ အီရန် အရေး နောက် သမ္မတဒေါ်နယ်ထရမ့်လက်ထက် က အမေရိကန်တပ်သား အရေအတွက် လေ ျှာ့ချခဲ့တဲ့ မငြိမ်းချမ်းတဲ့ အာဖဂန်နဲ့ အီရတ်ဒေသအရေးတွေကို ဘယ်လိုကိုင်တွယ်မယ် ဆိုတာ အပါအဝင် စိုးရိမ်စရာပြဿနာ အတော်များများကို ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။

အထက်လွှတ်တော်မှာ သောကြာနေ့ မဲခွဲမှုကနေ Austin ဟာ အမေရိကန်လုံခြုံရေးဆိုင်ရာ အဖွဲ့ အတွက် ဒုတိယမြောက်အဖွဲ့ဝင် ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတော့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲ အဖြစ် Avril Haines ကို အတည်ပြုပေးခဲ့တာဖြစ်ပြီး Haines ဟာ အမေရိကန်ထောက်လှမ်းရေး အဖွဲ့ကို ပထမဦးဆုံး ဦးဆောင်တဲ့ အမျိုးသမီး တဦးဖြစ်လာတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG