သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၾသစေၾတးလ် Woodside စြမ္းအင္ကုမၸဏီ ျမန္မာႏိုင္ငံကလုပ္ငန္းေတြ ရပ္ေတာ့မယ္ 


ျမန္မာႏိုင္ငံက ရုပ္သိမ္းေတာ့မယ့္ Woodside Petroleum ကုမၸဏီ (ဓာတ္ပံု - AP)

ၾသစေၾတးလ် စြမ္းအင္ကုမၸဏီ Woodside က ျမန္မာႏိုင္ငံမွာလုပ္ေနတဲ့ ကုမၸဏီရဲ႕လုပ္ငန္းေတြ ျပန္႐ုပ္သိမ္းမယ့္အေၾကာင္း ဒီကေန႔ ေၾကညာပါတယ္။
စစ္အာဏာသိမ္းမႈေနာက္ပိုင္း ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈကုမၸဏီအမ်ားအျပား ျမန္မာႏိုင္ငံတြင္းက ထြက္ခြာေနတာမွာ ၿပီးခဲ့တဲ့ သီတင္းပတ္ကလည္း ျပင္သစ္ စြမ္းအင္ကုမၸဏီ Total နဲ႔ အေမရိကန္ စြမ္းအင္ကုမၸဏီ Chevron တို႔ ျမန္မာႏိုင္ငံတြင္းက လုပ္ငန္းေတြ ျပန္႐ုပ္သိမ္းမယ့္အေၾကာင္း ေၾကညာခဲ့တာပါ။

အခုေနာက္ထပ္ ၾသစေၾတးလ် Woodside ကုမၸဏီကလည္း ျမန္မာႏိုင္ငံတြင္း သဘာဝဓာတ္ေငြ႕ထုတ္လုပ္တဲ့ လုပ္ငန္းေတြမွာ ၂၀၁၃ ခုႏွစ္ကစလို႔ အစုရွယ္ယာဝင္ လုပ္ေဆာင္ေနရာက အခုေတာ့ လုပ္ငန္းေတြရပ္ေတာ့မယ္လို႔ ဒီကေန႔ပဲ ေၾကညာခ်က္ ထုတ္ျပန္တာျဖစ္ပါတယ္။

စစ္တပ္အာဏာသိမ္းမႈေနာက္ပိုင္း ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္အေရးအေျခအေနေတြ ပိုဆိုးလာေနတာေၾကာင့္ ခုလို လုပ္ငန္းေတြ ျပန္႐ုပ္သိမ္းမွာျဖစ္ၿပီး ကုမၸဏီအတြက္ အေမရိကန္ေဒၚလာ သန္း ၂၀၀ ေလာက္ ဆုံးရႈံးမွာျဖစ္တယ္လို႔လည္း Perth ၿမိဳ႕ အေျခစိုက္ Woodside ကုမၸဏီက ေျပာပါတယ္။

ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈ ကုမၸဏီႀကီးေတြအေနနဲ႔ ျမန္မာႏိုင္ငံတြင္း စီးပြားေရးလုပ္ငန္းေတြ လုပ္ေဆာင္ျခင္းအားျဖင့္ အာဏာသိမ္း စစ္တပ္အတြက္ ဝင္ေငြရေစတယ္လို႔ဆိုၿပီး လုပ္ငန္းေတြရပ္ဖို႔ ျပည္တြင္းျပည္ပ လူ႔အခြင့္အေရးအဖြဲ႕ေတြက ဖိအားေပး ေတာင္းဆို ေနခ်ိန္မွာ Woodside အပါအဝင္ အေနာက္ႏိုင္ငံ စြမ္းအင္ကုမၸဏီေတြက လုပ္ငန္းေတြ ရပ္မယ့္အေၾကာင္းကို ဒီရက္ပိုင္း ဆက္တိုက္ ထုတ္ျပန္လာၾကတာပါ။ ထိုင္းကုမၸဏီ PTTEP နဲ႔ ေတာင္ကိုရီးယား POSCO ကုမၸဏီေတြကေတာ့ ျမန္မာႏိုင္ငံတြင္း လုပ္ငန္းေတြ ဆက္လက္ လည္ပတ္ေနၾကဆဲ ျဖစ္ပါတယ္။

.................................................................................

တိုက္႐ိုက္ လင့္ခ္


သြစတြေးလျ Woodside စွမ်းအင်ကုမ္ပဏီ မြန်မာနိုင်ငံကလုပ်ငန်းတွေ ရပ်တော့မယ်

(Unicode)

သြစတြေးလျ စွမ်းအင်ကုမ္ပဏီ Woodside က မြန်မာနိုင်ငံမှာလုပ်နေတဲ့ ကုမ္ပဏီရဲ့လုပ်ငန်းတွေ ပြန်ရုပ်သိမ်းမယ့်အကြောင်း ဒီကနေ့ ကြေညာပါတယ်။
စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီအများအပြား မြန်မာနိုင်ငံတွင်းက ထွက်ခွာနေတာမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ပြင်သစ် စွမ်းအင်ကုမ္ပဏီ Total နဲ့ အမေရိကန် စွမ်းအင်ကုမ္ပဏီ Chevron တို့ မြန်မာနိုင်ငံတွင်းက လုပ်ငန်းတွေ ပြန်ရုပ်သိမ်းမယ့်အကြောင်း ကြေညာခဲ့တာပါ။

အခုနောက်ထပ် သြစတြေးလျ Woodside ကုမ္ပဏီကလည်း မြန်မာနိုင်ငံတွင်း သဘာဝဓာတ်ငွေ့ထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ ၂၀၁၃ ခုနှစ်ကစလို့ အစုရှယ်ယာဝင် လုပ်ဆောင်နေရာက အခုတော့ လုပ်ငန်းတွေရပ်တော့မယ်လို့ ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန်တာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေတွေ ပိုဆိုးလာနေတာကြောင့် ခုလို လုပ်ငန်းတွေ ပြန်ရုပ်သိမ်းမှာဖြစ်ပြီး ကုမ္ပဏီအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀၀ လောက် ဆုံးရှုံးမှာဖြစ်တယ်လို့လည်း Perth မြို့ အခြေစိုက် Woodside ကုမ္ပဏီက ပြောပါတယ်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးတွေအနေနဲ့ မြန်မာနိုင်ငံတွင်း စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်ခြင်းအားဖြင့် အာဏာသိမ်း စစ်တပ်အတွက် ဝင်ငွေရစေတယ်လို့ဆိုပြီး လုပ်ငန်းတွေရပ်ဖို့ ပြည်တွင်းပြည်ပ လူ့အခွင့်အရေးအဖွဲ့တွေက ဖိအားပေး တောင်းဆို နေချိန်မှာ Woodside အပါအဝင် အနောက်နိုင်ငံ စွမ်းအင်ကုမ္ပဏီတွေက လုပ်ငန်းတွေ ရပ်မယ့်အကြောင်းကို ဒီရက်ပိုင်း ဆက်တိုက် ထုတ်ပြန်လာကြတာပါ။ ထိုင်းကုမ္ပဏီ PTTEP နဲ့ တောင်ကိုရီးယား POSCO ကုမ္ပဏီတွေကတော့ မြန်မာနိုင်ငံတွင်း လုပ်ငန်းတွေ ဆက်လက် လည်ပတ်နေကြဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG