သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 မြန်မာပြည်သူတွေနဲ့ အတူ ဗြိတိန်ရပ်တည် (ဝန်ကြီးချုပ် Boris Johnson)


သတင်းစာရှင်းလင်းပွဲတရပ်ပြုလုပ်နေတဲ့ ဗြိတိသျှဝန်ကြီးချုပ် Boris Johnson ( ဓာတ်ပုံ- Reuters)
သတင်းစာရှင်းလင်းပွဲတရပ်ပြုလုပ်နေတဲ့ ဗြိတိသျှဝန်ကြီးချုပ် Boris Johnson ( ဓာတ်ပုံ- Reuters)

(Zawgyi/Unicode)
မြန်မာနိုင်ငံမှာ အကြမ်းဖက်နှိမ်နင်းမှုတွေ တိုးလာနေတာဟာ ထိတ်လန့်တုန်လှုပ်စရာ ဖြစ်နေကြောင်းနဲ့ စစ်တပ်ရဲ့ ဖိနှိပ်မှုတွေရပ်ပစ်ဖို့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က ကြာသပတေးနေ့မှာ တောင်းဆိုလိုက်ပါတယ်။

"ဗြိတိန်နိုင်ငံက မြန်မာပြည်သူတွေနဲ့ အတူရပ်တည်မှာ ဖြစ်ကြောင်း၊ စစ်တပ်ဖိနှိပ်မှုတွေ ချက်ချင်း ရပ်ပစ်ဖို့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းထားသူတွေကို ပြန်လွှတ်ပေးပြီး နိုင်ငံတွင်း ဒီမိုကရေစီပြန်ထူထောင်ဖို့ပေးဖို့ တောင်းဆိုကြောင်း" ဝန်ကြီးချုပ် Johnson က တွစ်တာမှာ ရေးပါတယ်။

ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းပြီးချိန်ကစလို့ စစ်တပ်က ဒီမိုကရေစီတောင်းဆို ဆန္ဒပြသူတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းနေရာမှာ ဗုဒ္ဓဟူးနေ့ကတော့ ဆန္ဒပြသူ သေဆုံးမှု အများဆုံးဖြစ်ခဲ့ပြီး ဒီလို ဆန္ဒပြသူတွေကို သတ်ဖြတ်မှုတွေအတွက် ရှုတ်ချကြောင်းလည်း ဝန်ကြီးချုပ် Johnson ကပြောပါတယ်။

ဗြိတိန်အစိုးရက ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်အပါအဝင် စစ်တပ်ခေါင်းဆောင် ၆ ဦးအပေါ် အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့တာပါ။ ဒဏ်ခတ်အရေးယူတဲ့ အနေနဲ့ ဒီ ၆ ဦးကို ဗြိတိန်နိုင်ငံလာရောက်ခွင့် ပိတ်ပင်လိုက်ပြီး တချိန်ထည်းမှာပဲ သူတို့ပိုင် လုပ်ငန်းတွေနဲ့ ဗြိတိသျှကုမ္ပဏီတွေ လုပ်ငန်းလုပ်ခွင့်လည်းပိတ်ပင် လိုက်တာဖြစ်ပါတယ်။

မြန်မာ စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး စစ်တပ် အဆင့်မြင့် အရာရှိ ၁၉ ယောက်ကို ဗြိတိန်က အလားတူ ဒဏ်ခတ် အရေးယူထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာရှင်တွေကို သွယ်ဝိုက်အထောက်အပံ့ပေး နိုင်ခြေရှိတဲ့ ထောက်ပံ့ အကူညီပေးမှု တွေကိုပါ ဗြိတိန်က ဆိုင်းငံ့ထားလိုက်တာပါ။

.............................................................

တိုက်ရိုက် လင့်ခ်



(Unicode)





XS
SM
MD
LG