သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကေမၻာဒီယားက တ႐ုတ္ပုံစံ အင္တာနက္ ထိန္းခ်ဳပ္ ကန္႔သတ္မႈ


ဖႏြမ္ပင္ျမိဳ ့က ေကာ္ဖီဆိုင္တခုမွာ ဆိုရွယ္မီဒီယာသံုးေနတဲ့ ကေမၻာ့ဒီယား နိုင္ငံေရးတက္ၾကြလွုပ္ရွားသူတဦး (ဓာတ္ပံု- Reuters)

(Zawgyi/Unicode)

ဖိႏွိပ္မႈလက္ကိုင္တုတ္ျဖစ္တယ္လို႔ ေ၀ဖန္ခံေနရတဲ့ ကေမၻာဒီယားက တ႐ုတ္ပုံစံ အင္တာနက္ ဆက္သြယ္ေရးလမ္းေၾကာင္း - Cambodia's new China-style internet gateway decried as repression tool ဆိုတဲ့ ေခါင္းစဥ္နဲ ့ ရိုက္တာအြန္လိုင္း သတင္းမွာ ေရးသားထားတဲ့ ေဆာင္းပါးကို ကိုေအာင္ျမတ္သူက တင္ျပေပးထားပါတယ္။

အင္တာနက္အသံုးျပဳမွု အ၀င္အထြက္ေစာင့္ၾကည့္မွုေတြပါတဲ့ တရုတ္နိုင္ငံရဲ့ နည္းလမ္းကို ကေမၻာဒီယားနိင္ငံက ဒီအပတ္ထဲ စတင္အသံုးျပဳေနတာကို လူ ့အခြင့္အေရးအဖြဲ ့ေတြက ေ၀ဖန္လ်က္ရွိတယ္လို ့ ရိုက္တာသတင္းတရပ္မွာ ေဖာ္ျပထားပါတယ္။

ဒါဟာ နိုင္ငံကို ကလတာရွည္ဦးေဆာင္ခဲ့တဲ့ ဟြန္ဆန္အေနနဲ ့ ဘယ္လိုအတိုက္အခံျပဳမွုကိုမဆို ဖိနွိပ္ဖို ့နည္းလည္းသစ္တရပ္ျဖစ္တယ္လို ့လည္း ဆိုပါတယ္။ ၀န္ၾကီးခ်ဳပ္ဟြန္ဆန္ဟာ တိုင္းျပည္ရဲ့ အင္တာနက္စနစ္ကို ပိုမို ထိန္းခ်ဳပ္ျခင္းအားျဖင့္ ကေမၻာဒီးယားနိုင္ငံရဲ့ အီလက္ထေရာနစ္ ကုန္သြယ္ေရးနဲ ့အင္တာနက္ လြတ္လပ္မႈကို ရိုက္ခ်ိဳးပစ္တာျဖစ္တယ္လို ့လူ ့အခြင့္အေရး ေလ့လာေစာင့္ၾကည့္ေရးအဖြဲ႔ HRW အာရွေဒသ လက္ေထာက္ညႊန္ၾကားေရးမွုး Phil Robertson က ၾကာသပေတးေန ့က ေျပာဆိုပါတယ္။

ဒီလို အြန္လိုင္းအသံုးျပဳမွုအေပၚ ဖိနွိပ္မႈဟာ ကေမၻာဒီယားအတြက္ လိုအပ္ေနတဲ့ ဖိႏွိပ္ခ်ဳပ္ျခယ္မႈဆိုင္ရာ လက္နက္ကိရိယာျဖစ္တယ္လို႔ ဆိုပါတယ္။

ဗုဒၶဟူးေန ့က ေၾကညာလိုက္တဲ့ စာမ်တ္နွာ ၁၁ မ်တ္နွာရွိတဲ့ အမိန္ ့ဒီဂရီထဲမွာေတာ့ အင္တာနက္ ၀န္ေဆာင္မွုေပးသူေတြဟာ သူတို ့ရဲ့ ၀န္ေဆာင္မွုေတြကို National Internet Gateway လို ့ေခၚတဲ့ အစိုးရရဲ့ အင္တာနက္ အ၀င္အထြက္ေစာင့္ၾကည့္ေရးကေနတဆင့္ ျဖတ္သန္းျပီး ၀န္ေဆာင္မွုေပးရမွာျဖစ္ျပီး ၂၀၂၂ ခုနွစ္ ေဖေဖာ္၀ါရီမတိုင္မီ ၁၂ လအတြင္း လုပ္ေဆာင္ရမွာျဖစ္တယ္လို ့လည္းေဖာ္ျပထားပါတယ္။

ဒီလို အ၀င္အထြက္ေစာင့္ၾကည့္တာဟာ တရုတ္နိုင္ငံနဲ ့အလားသ႑ာန္တူညီျပီး မၾကာေသးမီက အေမရိကန္ျပည္ေထာင္စု၊ ဥေရာပသမဂၢတို ့နဲ ့ဆက္ဆံေရးပ်က္ယြင္းသြားတဲ့ ကေမၻာဒီယားနိုင္ငံအတြက္ တရုတ္နိုင္ငံဟာ စီးပြားေရးအရ အေရးပါတဲ့ မဟာမိတ္လည္း ျဖစ္လာေနတယ္ လို ့ဆိုပါတယ္။

အမိန္ ့ဒီဂရီအရ အင္တာနက္၀န္ေဆာင္မွုေပးသူေတြအေနနဲ ့မိမိတို ့ရဲ့ စစ္မွန္တဲ့ အခ်က္အလက္ေတြကို အြန္လိုင္း form ပံုစံထဲမွာ ျဖည့္သြင္းရမွာျဖစ္ျပီး ဒီလိုလုပ္ေဆင္ဖို ့ပ်က္ကြက္မယ္ဆိုရင္ လုပ္ငန္းလိုင္စင္ရုပ္သိမ္းျခင္ းနဲ ့ဘဏ္အေကာင့္ေတြကိုလည္း ထိန္းခ်ဳပ္ပိတ္သိမ္းျခင္းခံရမယ္လို ့ေဖာ္ျပထားပါတယ္။

အစိုးရေျပာခြင့္ရ Phay Siphan က ဗုဒၶဟူးေန ့က ေျပာဆိုရာမွာေတာ့ ကေမၻာဒီးယားမွာ အင္တာနက္နဲ ့ပက္သက္ျပီး အမိန္ ့တစံုတရာ မရွိခဲ့တာေၾကာင့္ ဒီလို အမိန္ ့ထုတ္ဖို ့လိုအပ္တယ္လို ့ယူဆတဲ့အေၾကာင္း၊ ဒါဟာ အေမရိကန္နဲ ့ျဗိတိန္နိုင္ငံေတြမွာေတြထက္ အေနွာက္အယွက္ေပးမွု နည္းပါတယ္လို ့လည္း ဆိုပါတယ္။

အတိုက္အခံနဲ ့အရပ္ဘက္အဖြဲ ့ေတြကို နွိပ္ကြက္ေနတယ္လို ့အေ၀ဖန္ခံေနရတဲ့ ဟြန္ဆန္အစိုးရဟာ အခုလို အင္တာနက္ အ၀င္အထြက္ေတြ ေစာင့္ၾကည့္ျခင္းေၾကာင့္ ရလဒ္အေနနဲ ့ သူ ့ရဲ့ ပါတီကိုလည္း သူတဦးတေယာက္ထဲပဲ ခ်ယ္လွယ္နိုင္သလို သူ ့ရဲ့ ျပဳိင္ဘက္ေတြကိုလည္း တရားစြဲဆိုတာ၊ ေထာင္သက္တမ္းတိုးတာေတြကိုလည္း ျပဳလုပ္သြားနိုင္မွာျဖစ္တယ္ လို ့ေဖာ္ျပထားပါတယ္။

နိုင္ငံတကာလြတ္ျငိမ္းခ်မ္းသာေရးအဖြဲ ့(AI) ရဲ့ ေဒသဆိုင္ရာ သုေတသန ညႊန္ၾကားေရးမွုး Emerlynne Gil ကေတာ့ ယခုအင္တာနက္ ထိန္းခ်ဳပ္မွုအသစ္ဟာ လူ ့အခြင့္အေရးေတြအတြက္ေတာ့ ေဘးဆိုးၾကီးပဲလို ့ဆိုပါတယ္။

ဒါနဲ ့ဆက္စပ္ျပီး လူ ့အခြင့္အေရးကာကြယ္သူေတြကို နွိပ္ကြပ္ရာမွာ၊ အတိုက္အခံေထာက္ခံသူေတြကို အစုလိုက္အျပံဳလိုက္ တရားစြဲဆိုရာမွာ နဲ ့့နိုင္ငံေရး အက်ဥ္းသားအေရအတြက္ေတြလည္း ျမင့္တက္လာဖို ့့့ရွိေနတာမို႔ ဒါဟာ အခ်က္ေပးေခါင္းေလာင္းသံပဲလို ့သူမကထပ္ေလာင္းေျပာဆိုသြားပါတယ္။ အျပည့္အစံုကိုေတာ့ Reuters.com မွာ ဖတ္ရွုနိုင္ၾကပါတယ္။

.......................................................

တိုက္႐ိုက္ လင့္ခ္


(Unicode)

ဖိနှိပ်မှုလက်ကိုင်တုတ်ဖြစ်တယ်လို့ ဝေဖန်ခံနေရတဲ့ ကမ္ဘောဒီယားက တရုတ်ပုံစံ အင်တာနက် ဆက်သွယ်ရေးလမ်းကြောင်း - Cambodia's new China-style internet gateway decried as repression tool ဆိုတဲ့ ခေါင်းစဉ်နဲ့ ရိုက်တာအွန်လိုင်း သတင်းမှာ ရေးသားထားတဲ့ ဆောင်းပါးကို ကိုအောင်မြတ်သူက တင်ပြပေးထားပါတယ်။

အင်တာနက်အသုံးပြုမှု အဝင်အထွက်စောင့်ကြည့်မှုတွေပါတဲ့ တရုတ်နိုင်ငံရဲ့ နည်းလမ်းကို ကမ္ဘောဒီယားနိင်ငံက ဒီအပတ်ထဲ စတင်အသုံးပြုနေတာကို လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်လျက်ရှိတယ်လို့ ရိုက်တာသတင်းတရပ်မှာ ဖော်ပြထားပါတယ်။

ဒါဟာ နိုင်ငံကို ကလတာရှည်ဦးဆောင်ခဲ့တဲ့ ဟွန်ဆန်အနေနဲ့ ဘယ်လိုအတိုက်အခံပြုမှုကိုမဆို ဖိနှိပ်ဖို့နည်းလည်းသစ်တရပ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဝန်ကြီးချုပ်ဟွန်ဆန်ဟာ တိုင်းပြည်ရဲ့ အင်တာနက်စနစ်ကို ပိုမို ထိန်းချုပ်ခြင်းအားဖြင့် ကမ္ဘောဒီးယားနိုင်ငံရဲ့ အီလက်ထရောနစ် ကုန်သွယ်ရေးနဲ့အင်တာနက် လွတ်လပ်မှုကို ရိုက်ချိုးပစ်တာဖြစ်တယ်လို့လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW အာရှဒေသ လက်ထောက်ညွှန်ကြားရေးမှုး Phil Robertson က ကြာသပတေးနေ့က ပြောဆိုပါတယ်။

ဒီလို အွန်လိုင်းအသုံးပြုမှုအပေါ် ဖိနှိပ်မှုဟာ ကမ္ဘောဒီယားအတွက် လိုအပ်နေတဲ့ ဖိနှိပ်ချုပ်ခြယ်မှုဆိုင်ရာ လက်နက်ကိရိယာဖြစ်တယ်လို့ ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့က ကြေညာလိုက်တဲ့ စာမျတ်နှာ ၁၁ မျတ်နှာရှိတဲ့ အမိန့်ဒီဂရီထဲမှာတော့ အင်တာနက် ဝန်ဆောင်မှုပေးသူတွေဟာ သူတို့ရဲ့ ဝန်ဆောင်မှုတွေကို National Internet Gateway လို့ခေါ်တဲ့ အစိုးရရဲ့ အင်တာနက် အဝင်အထွက်စောင့်ကြည့်ရေးကနေတဆင့် ဖြတ်သန်းပြီး ဝန်ဆောင်မှုပေးရမှာဖြစ်ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမတိုင်မီ ၁၂ လအတွင်း လုပ်ဆောင်ရမှာဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။

ဒီလို အဝင်အထွက်စောင့်ကြည့်တာဟာ တရုတ်နိုင်ငံနဲ့အလားသဏ္ဍာန်တူညီပြီး မကြာသေးမီက အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂတို့နဲ ့ဆက်ဆံရေးပျက်ယွင်းသွားတဲ့ ကမ္ဘောဒီယားနိုင်ငံအတွက် တရုတ်နိုင်ငံဟာ စီးပွားရေးအရ အရေးပါတဲ့ မဟာမိတ်လည်း ဖြစ်လာနေတယ် လို့ဆိုပါတယ်။

အမိန့်ဒီဂရီအရ အင်တာနက်ဝန်ဆောင်မှုပေးသူတွေအနေနဲ့မိမိတို့ရဲ့ စစ်မှန်တဲ့ အချက်အလက်တွေကို အွန်လိုင်း form ပုံစံထဲမှာ ဖြည့်သွင်းရမှာဖြစ်ပြီး ဒီလိုလုပ်ဆေင်ဖို့ပျက်ကွက်မယ်ဆိုရင် လုပ်ငန်းလိုင်စင်ရုပ်သိမ်းခြင် းနဲ့ဘဏ်အကောင့်တွေကိုလည်း ထိန်းချုပ်ပိတ်သိမ်းခြင်းခံရမယ်လို့ဖော်ပြထားပါတယ်။

အစိုးရပြောခွင့်ရ Phay Siphan က ဗုဒ္ဓဟူးနေ့က ပြောဆိုရာမှာတော့ ကမ္ဘောဒီးယားမှာ အင်တာနက်နဲ့ပက်သက်ပြီး အမိန့်တစုံတရာ မရှိခဲ့တာကြောင့် ဒီလို အမိန့်ထုတ်ဖို့လိုအပ်တယ်လို့ယူဆတဲ့အကြောင်း၊ ဒါဟာ အမေရိကန်နဲ့ဗြိတိန်နိုင်ငံတွေမှာတွေထက် အနှောက်အယှက်ပေးမှု နည်းပါတယ်လို့လည်း ဆိုပါတယ်။

အတိုက်အခံနဲ့အရပ်ဘက်အဖွဲ့တွေကို နှိပ်ကွက်နေတယ်လို့အဝေဖန်ခံနေရတဲ့ ဟွန်ဆန်အစိုးရဟာ အခုလို အင်တာနက် အဝင်အထွက်တွေ စောင့်ကြည့်ခြင်းကြောင့် ရလဒ်အနေနဲ့ သူ့ရဲ့ ပါတီကိုလည်း သူတဦးတယောက်ထဲပဲ ချယ်လှယ်နိုင်သလို သူ့ရဲ့ ပြိုင်ဘက်တွေကိုလည်း တရားစွဲဆိုတာ၊ ထောင်သက်တမ်းတိုးတာတွေကိုလည်း ပြုလုပ်သွားနိုင်မှာဖြစ်တယ် လို့ဖော်ပြထားပါတယ်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေးအဖွဲ့(AI) ရဲ့ ဒေသဆိုင်ရာ သုတေသန ညွှန်ကြားရေးမှုး Emerlynne Gil ကတော့ ယခုအင်တာနက် ထိန်းချုပ်မှုအသစ်ဟာ လူ့အခွင့်အရေးတွေအတွက်တော့ ဘေးဆိုးကြီးပဲလို့ဆိုပါတယ်။

ဒါနဲ့ဆက်စပ်ပြီး လူ့အခွင့်အရေးကာကွယ်သူတွေကို နှိပ်ကွပ်ရာမှာ၊ အတိုက်အခံထောက်ခံသူတွေကို အစုလိုက်အပြုံလိုက် တရားစွဲဆိုရာမှာ နဲ့နိုင်ငံရေး အကျဉ်းသားအရေအတွက်တွေလည်း မြင့်တက်လာဖို့ရှိနေတာမို့ ဒါဟာ အချက်ပေးခေါင်းလောင်းသံပဲလို့သူမကထပ်လောင်းပြောဆိုသွားပါတယ်။ အပြည့်အစုံကိုတော့ Reuters.com မှာ ဖတ်ရှုနိုင်ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG