သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာဖြံ႕ၿဖိဳးေရးစီမံကိန္း၂၁ခုအတြက္ တ႐ုတ္က ေဒၚလာ၆သန္းေက်ာ္ကူညီမည္


ရန္ကုန္တြင္ တရုတ္ႏိုင္ငံအလံကို မီးရိႈ႔ကန္႔ကြက္ဆႏၵျပခဲ့ၾကစဥ္ (ဧၿပီ ၉ ၊ ၂ဝ၂၁) ဓါတ္ပုံ AFP

(Zawgyi/Unicode)

ျမန္မာႏိုင္ငံက ဖြံ႕ၿဖိဳးတိုးတက္ေရးစီမံကိန္း ၂၁ ခုအတြက္ ရန္ပုံေငြ ေဒၚလာ ၆ သန္းေက်ာ္ တ႐ုတ္ႏိုင္ငံက လႊဲေျပာင္းေပးမယ့္အေၾကာင္း စစ္ေကာင္စီ ႏိုင္ငံျခားေရးဌာနက ထုတ္ျပန္ပါတယ္။

မဲေခါင္-လန္ဆန္း ပူးေပါင္းေဆာင္႐ြက္ေရးထဲက စီမံကိန္းေတြအတြက္ တ႐ုတ္ႏိုင္ငံက ရန္ပုံေငြ လႊဲေျပာင္းမွာျဖစ္တယ္လို႔ စစ္ေကာင္စီ ႏိုင္ငံျခားေရးဌာနရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားၿပီး သေဘာတူညီခ်က္ကို ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ႀကီးနဲ႔ တနလၤာေန႔က လက္မွတ္ေရးထိုးခဲ့တယ္လို႔ ေျပာထားပါတယ္။ သေဘာတူညီခ်က္ လက္မွတ္ေရးထိုးခဲ့တာကို ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံးရဲ႕ ေဖ့စ္ဘုတ္မွာလည္း ေဖာ္ျပထားပါတယ္။

ဒီရန္ပုံေငြေပးတဲ့ စီမံကိန္းေတြထဲမွာ တိရစာၦန္ ကာကြယ္ေဆးထိုးလုပ္ငန္း၊ ယဥ္ေက်းမႈဆိုင္ရာ၊ စိုက္ပ်ိဳးေရး၊ သိပၸံ၊ ခရီးသြားလုပ္ငန္းနဲ႔ သဘာဝေဘးရန္ ကာကြယ္ေရးလုပ္ငန္း စတာေတြပါဝင္ပါတယ္။ တ႐ုတ္အစိုးရဟာ ျမန္မာ အာဏာသိမ္းစစ္ေကာင္စီကို အားေပး ကူညီ ေထာက္ခံေနတယ္ဆိုၿပီး စစ္အာဏာသိမ္းမႈကို ဆန႔္က်င္သူေတြက ေဝဖန္ေျပာဆိုထားၾကသလို ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံးေရွ႕မွာ ဆႏၵျပတာေတြ၊ တ႐ုတ္အလံကို မီးရႈိ႕ၿပီး ကန႔္ကြက္ေၾကာင္း ျပသခဲ့တာေတြ၊ တ႐ုတ္ထုတ္ ကုန္ပစၥည္းေတြကို သပိတ္ေမွာက္ဖို႔ လႈံ႕ေဆာ္တာေတြ ရွိခဲ့ဖူးပါတယ္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi ကေတာ့ ျမန္မာႏိုင္ငံ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရးမွာ အခက္ႀကဳံေနရတာဟာ ျပည္တြင္းေရးေၾကာင့္ျဖစ္ၿပီး ႏိုင္ငံေရးေျဖရွင္းရာမွာ ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔ ဥပေဒမူေဘာင္ထဲကေန ေဆြးေႏြးဖို႔လိုတဲ့အေၾကာင္း ဇူလိုင္လဆန္းက ေျပာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

.....................................................................................

မြန်မာဖွံ့ဖြိုးရေးစီမံကိန်း၂၁ခုအတွက် တရုတ်က ဒေါ်လာ၆သန်းကျော်ကူညီမည်

(Unicode)

မြန်မာနိုင်ငံက ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ၂၁ ခုအတွက် ရန်ပုံငွေ ဒေါ်လာ ၆ သန်းကျော် တရုတ်နိုင်ငံက လွှဲပြောင်းပေးမယ့်အကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

မဲခေါင်-လန်ဆန်း ပူးပေါင်းဆောင်ရွက်ရေးထဲက စီမံကိန်းတွေအတွက် တရုတ်နိုင်ငံက ရန်ပုံငွေ လွှဲပြောင်းမှာဖြစ်တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပြီး သဘောတူညီချက်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနဲ့ တနင်္လာနေ့က လက်မှတ်ရေးထိုးခဲ့တယ်လို့ ပြောထားပါတယ်။ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့တာကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ဖေ့စ်ဘုတ်မှာလည်း ဖော်ပြထားပါတယ်။

ဒီရန်ပုံငွေပေးတဲ့ စီမံကိန်းတွေထဲမှာ တိရစ္ဆာန် ကာကွယ်ဆေးထိုးလုပ်ငန်း၊ ယဉ်ကျေးမှုဆိုင်ရာ၊ စိုက်ပျိုးရေး၊ သိပ္ပံ၊ ခရီးသွားလုပ်ငန်းနဲ့ သဘာဝဘေးရန် ကာကွယ်ရေးလုပ်ငန်း စတာတွေပါဝင်ပါတယ်။ တရုတ်အစိုးရဟာ မြန်မာ အာဏာသိမ်းစစ်ကောင်စီကို အားပေး ကူညီ ထောက်ခံနေတယ်ဆိုပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေက ဝေဖန်ပြောဆိုထားကြသလို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြတာတွေ၊ တရုတ်အလံကို မီးရှို့ပြီး ကန့်ကွက်ကြောင်း ပြသခဲ့တာတွေ၊ တရုတ်ထုတ် ကုန်ပစ္စည်းတွေကို သပိတ်မှောက်ဖို့ လှုံ့ဆော်တာတွေ ရှိခဲ့ဖူးပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ကတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အခက်ကြုံနေရတာဟာ ပြည်တွင်းရေးကြောင့်ဖြစ်ပြီး နိုင်ငံရေးဖြေရှင်းရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပဒေမူဘောင်ထဲကနေ ဆွေးနွေးဖို့လိုတဲ့အကြောင်း ဇူလိုင်လဆန်းက ပြောခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG