သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္ - ျမန္မာ နယ္စပ္က ရာဇ၀တ္ဂိုဏ္းသားေတြကို တ႐ုတ္သတိေပး


ငါးႏွစ္အတြင္း ဖမ္းဆီးရမိခဲ့ေသာ တရုတ္ရာဇ၀တ္ေကာင္မ်ားကို တရုတ္အစိုးရမွ ျပသထားစဥ္ (ဓာတ္ပံု- AP)

(Zawgyi/Unicode)
တ႐ုတ္ - ျမန္မာ နယ္စပ္မွာ လိမ္လည္မႈက်ဴးလြန္ေနတဲ့ တ႐ုတ္ႏုိင္ငံကထြက္ေျပးလာသူ ရာဇဝတ္ဂိုဏ္းသားေတြ တ႐ုတ္ႏုိင္ငံကို ျပန္မလာဘူးဆိုရင္ သူတို႔မိသားစုဝင္ေတြရဲ႕ ပင္စင္လစာနဲ႔ တျခားခံစားခြင့္ေတြ ျဖတ္ပစ္မယ္လုိ႔ တ႐ုတ္ႏုိင္ငံ၊ အမ်ားျပည္သူလံုျခံုေရးဆိုင္ရာ အဖြဲ႔အစည္းေတြက ဆိုရွယ္မီဒီယာေတြမွာ ေၾကညာထားပါတယ္။ျမန္မာႏုိင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္း စီးပြားေရးက်ဆင္းၿပီး ဥပေဒမဲ့လာတာေၾကာင့္ အထူးသျဖင့္ ႏုိင္ငံေျမာက္ပိုင္းနယ္စပ္မွာ တ႐ုတ္ ရာဇဝတ္ဂိုဏ္းေတြရဲ႕ လႈပ္ရွားမႈ ပိုအားေကာင္းလာေစတဲ့ အေျခအေနေတြ ေပၚလာတယ္လို႔ အေမရိကန္ ၿငိမ္းခ်မ္းေရးအင္စတီက်ဴ (USIP) ရဲ႕ အစီရင္ခံစာတခုမွာ ေဖာ္ျပထားပါတယ္။

ရာဇဝတ္ဂိုဏ္းႀကီးေတြဟာ ျမန္မာစစ္အစိုးရ လက္လွမ္းမမီတဲ့ေဒသေတြမွာ လႈပ္ရွားေနတာ အေတာ္ၾကာၿပီျဖစ္ၿပီး တရားမဝင္ ေလာင္းကစားဝုိင္းေတြ ဖြင့္ထား႐ံုသာမက ဆက္သြယ္ေရးနဲ႔ အင္တာနက္ကိုသံုးၿပီး ျဖားေယာင္းလိမ္လည္တဲ့ ရာဇဝတ္မႈေတြကို က်ဴးလြန္ေနၾကတာပါ။ အဲဒီလို ရာဇဝတ္ဂိုဏ္းေတြကို အျပင္းအထန္ ႏွိမ္နင္းသြားမယ္လုိ႔ တ႐ုတ္သမၼတ ရွီ က်င့္ဖ်င္က ဧၿပီလမွာ ေျပာခဲ့ၿပီးတဲ့ေနာက္ ေဒသဆိုင္ရာ အာဏာပိုင္ေတြရဲ႕ အခုေၾကညာခ်က္ေတြ ထြက္လာတာျဖစ္ပါတယ္။

တ႐ုတ္ႏုိင္ငံ အမ်ားျပည္သူလံုျခံဳေရးဆိုင္ရာ ဌာနေတြက တ႐ုတ္ႏုိင္ငံ၊ ခ႐ိုင္ငါးခုထက္မနည္းမွာ ဒီလအေစာပိုင္းက ေၾကညာခ်က္ေတြ ထုတ္ျပန္ခဲ့တာပါ။ အဲဒီေၾကညာခ်က္ေတြထဲမွာ ျမန္မာနယ္စပ္မွာ လႈပ္ရွားေနတဲ့ ျပစ္မႈက်ဴးလြန္သူလို႔ သံသယရွိထားသူေတြ ကိုယ့္ဖာသာ လာၿပီး အဖမ္းမခံဘူးဆုိရင္ အိမ္ေထာင္စုမွတ္ပံုတင္ ဖ်က္သိမ္းခံရမယ္လုိ႔ ေျပာထားပါတယ္။ အဲဒီ အိမ္ေထာင္စုမွတ္ပံုတင္ဟာ တ႐ုတ္ႏုိင္ငံမွာ ေနထိုင္ခြင့္နဲ႔ အမ်ားျပည္သူအတြက္ေပးေနတဲ့ ဝန္ေဆာင္မႈေတြရဖို႔ အဓိကအေထာက္အထားတခုျဖစ္ၿပီး အဲဒါကို ဖ်က္သိမ္းလိုက္ရင္ တ႐ုတ္ႏိုင္ငံကို ျပန္လာလို႔ရေတာ့မွာမဟုတ္ပါဘူး။

ျပစ္မႈက်ူးလြန္သူလို႔ သံသယရွိထားတဲ့ တ႐ုတ္ႏုိင္ငံသားေတြ ေရာက္ေနတယ္လုိ႔ေျပာတဲ့ ျမန္မာႏုိင္ငံ ေျမာက္ပိုင္းေဒသအမ်ားစုဟာ လူမ်ဳိးစုလက္နက္ကိုင္အဖြဲ႔ေတြရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာ ရွိေနတာပါ။ အဲဒီအဖြဲ႔ေတြထဲမွာ စစ္အာဏာသိမ္းမႈကို ကန္႔ကြက္တဲ့ အဖြဲ႔တခ်ဳိ႕ရွိသလို ေထာက္ခံတဲ့ ဒါမွမဟုတ္ ၾကားေနတဲ့ အဖြဲ႔ေတြလည္းရွိပါတယ္။

...............................................................

တရုတ် - မြန်မာ နယ်စပ်က ရာဇဝတ်ဂိုဏ်းသားတွေကို တရုတ်သတိပေး

(Unicode)
တရုတ် - မြန်မာ နယ်စပ်မှာ လိမ်လည်မှုကျူးလွန်နေတဲ့ တရုတ်နိုင်ငံကထွက်ပြေးလာသူ ရာဇဝတ်ဂိုဏ်းသားတွေ တရုတ်နိုင်ငံကို ပြန်မလာဘူးဆိုရင် သူတို့မိသားစုဝင်တွေရဲ့ ပင်စင်လစာနဲ့ တခြားခံစားခွင့်တွေ ဖြတ်ပစ်မယ်လို့ တရုတ်နိုင်ငံ၊ အများပြည်သူလုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေက ဆိုရှယ်မီဒီယာတွေမှာ ကြေညာထားပါတယ်။မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စီးပွားရေးကျဆင်းပြီး ဥပဒေမဲ့လာတာကြောင့် အထူးသဖြင့် နိုင်ငံမြောက်ပိုင်းနယ်စပ်မှာ တရုတ် ရာဇဝတ်ဂိုဏ်းတွေရဲ့ လှုပ်ရှားမှု ပိုအားကောင်းလာစေတဲ့ အခြေအနေတွေ ပေါ်လာတယ်လို့ အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျူ (USIP) ရဲ့ အစီရင်ခံစာတခုမှာ ဖော်ပြထားပါတယ်။

ရာဇဝတ်ဂိုဏ်းကြီးတွေဟာ မြန်မာစစ်အစိုးရ လက်လှမ်းမမီတဲ့ဒေသတွေမှာ လှုပ်ရှားနေတာ အတော်ကြာပြီဖြစ်ပြီး တရားမဝင် လောင်းကစားဝိုင်းတွေ ဖွင့်ထားရုံသာမက ဆက်သွယ်ရေးနဲ့ အင်တာနက်ကိုသုံးပြီး ဖြားယောင်းလိမ်လည်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေကြတာပါ။ အဲဒီလို ရာဇဝတ်ဂိုဏ်းတွေကို အပြင်းအထန် နှိမ်နင်းသွားမယ်လို့ တရုတ်သမ္မတ ရှီ ကျင့်ဖျင်က ဧပြီလမှာ ပြောခဲ့ပြီးတဲ့နောက် ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ အခုကြေညာချက်တွေ ထွက်လာတာဖြစ်ပါတယ်။

တရုတ်နိုင်ငံ အများပြည်သူလုံခြုံရေးဆိုင်ရာ ဌာနတွေက တရုတ်နိုင်ငံ၊ ခရိုင်ငါးခုထက်မနည်းမှာ ဒီလအစောပိုင်းက ကြေညာချက်တွေ ထုတ်ပြန်ခဲ့တာပါ။ အဲဒီကြေညာချက်တွေထဲမှာ မြန်မာနယ်စပ်မှာ လှုပ်ရှားနေတဲ့ ပြစ်မှုကျူးလွန်သူလို့ သံသယရှိထားသူတွေ ကိုယ့်ဖာသာ လာပြီး အဖမ်းမခံဘူးဆိုရင် အိမ်ထောင်စုမှတ်ပုံတင် ဖျက်သိမ်းခံရမယ်လို့ ပြောထားပါတယ်။ အဲဒီ အိမ်ထောင်စုမှတ်ပုံတင်ဟာ တရုတ်နိုင်ငံမှာ နေထိုင်ခွင့်နဲ့ အများပြည်သူအတွက်ပေးနေတဲ့ ဝန်ဆောင်မှုတွေရဖို့ အဓိကအထောက်အထားတခုဖြစ်ပြီး အဲဒါကို ဖျက်သိမ်းလိုက်ရင် တရုတ်နိုင်ငံကို ပြန်လာလို့ရတော့မှာမဟုတ်ပါဘူး။

ပြစ်မှုကျူးလွန်သူလို့ သံသယရှိထားတဲ့ တရုတ်နိုင်ငံသားတွေ ရောက်နေတယ်လို့ပြောတဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသအများစုဟာ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာပါ။ အဲဒီအဖွဲ့တွေထဲမှာ စစ်အာဏာသိမ်းမှုကို ကန့်ကွက်တဲ့ အဖွဲ့တချို့ရှိသလို ထောက်ခံတဲ့ ဒါမှမဟုတ် ကြားနေတဲ့ အဖွဲ့တွေလည်းရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG