သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဘဲလာ႐ုစ္ေလေၾကာင္းေတြ EU ေလပိုင္နက္မွာ ပ်ံသန္းခြင့္ပိတ္ခံရ


အီးယူပိတ္ဆို ့မႈေၾကာင့္ လစ္သူေရးနီးယားနိုင္ငံမွာ လမ္းေၾကာင္း ေျပာင္းလဲဆင္းသက္ေနရတဲ့ ဘဲလားရုစ္ခရီးသည္တင္ေလယာဥ္တစင္း (ဓာတ္ပံု- AP)

(Zawgyi/Unicode)

ဘဲလား႐ုစ္ႏိုင္ငံက ပ်ံသန္းတဲ့ ေလယာဥ္ေတြကို ဥေရာပသမဂၢ ေလပိုင္နက္မွာ ပ်ံသန္းခြင့္နဲ႔ ေလဆိပ္ေတြကို ဆင္းသက္ခြင့္ ပိတ္လိုက္ေၾကာင္း EU က ေၾကညာလိုက္ပါတယ္။ ေစ်းကြက္အတြက္ အသုံးျပဳတဲ့ ေလယာဥ္ေတြ အပါအ၀င္ ဘဲလာ႐ုစ္ အေျခစိုက္ ေလေၾကာင္းလုပ္ငန္းေတြက ေလယာဥ္ေတြကို EU အဖဲြ႕၀င္ ႏိုင္ငံေတြမွာ အတက္အဆင္း လုပ္ခြင့္မျပဳဖို႔ ေသာၾကာေန႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားတာပါ။ တားျမစ္ကန္႔သတ္ခ်က္ဟာ ဥေရာပအလယ္ပိုင္း ေဒသစံေတာ္ခ်ိန္ ေသာၾကာေန႔ သန္းေခါင္အခ်ိန္မွာ စတင္အသက္၀င္မွာ ျဖစ္ပါတယ္။

ေမလ ၂၃ ရက္ေန႔တုန္းက Lithuainia ႏိုင္ငံကို ဦးတည္ပ်ံသန္းေနတဲ့ အိုင္ယာလန္ေလေၾကာင္းလိုင္း Ryanair က ခရီးသည္တင္ ေလယာဥ္ကို ဘဲလာ႐ုစ္ႏိုင္ငံ ေလပိုင္နက္မွာ ဂ်က္တိုက္ေလယာဥ္ေတြနဲ႔ အတင္းအက်ပ္ ဆင္းသက္ခိုင္းခဲ့တဲ့ ျဖစ္ရပ္အၿပီး EU က တုံ႔ျပန္လိုက္တာလည္း ျဖစ္ပါတယ္။ အတင္းအက်ပ္ ဆင္းသက္ခိုင္းခဲ့တဲ့ ေလယာဥ္ေပၚမွာ လိုက္ပါလာတဲ့ အတိုက္အခံ သတင္းေထာက္ Raman Pratasevich ကိုေတာ့ ဘဲလာ႐ုစ္အာဏာပိုင္ေတြက အခုအခ်ိန္အထိ ဆက္လက္ ဖမ္းဆီးထားတာပါ။ ဘဲလာ႐ုစ္ ေလပိုင္နက္အတြင္း ပုံမွန္အခ်ိန္ေတြမွာ အရပ္ဖက္ ေလယာဥ္ ၄၀၀ ေလာက္ ပ်ံသန္းေလ့ ရွိတယ္လို႔လည္း ဥေရာပေလေၾကာင္း ထိန္းသိမ္းေရးဌာန Eurocontrol ကေျပာပါတယ္။

ဖမ္းဆီးခံ ဘဲလာ႐ုစ္ သတင္းေထာက္က အစိုးရဆန္႔က်င္ေရး ဆႏၵျပပဲြေတြမွာ ပါ၀င္ခဲ့တာကို ငိုယိုၿပီး ၀န္ခံေျပာဆိုထားတဲ့ ဗြီဒီယိုတခုကိုေတာ့ ၾကာသပေတးေန႔မွာပဲ ႏိုင္ငံပိုင္ ႐ုပ္ျမင္သံၾကားက ျပသခဲ့တာပါ။ ဗြီဒီယိုထဲမွာေတာ့ ဘဲလာ႐ုစ္ သမၼတ Alexander Lukashenko ကို ဆန္႔က်င္တဲ့ ဆႏၵျပပဲြေတြမွာ အဓိက႐ုဏ္းေတြျဖစ္ေအာင္ စီစဥ္ခဲ့ေၾကာင္းနဲ႔ အရင္က သမၼတကို ေ၀ဖန္ခဲ့တာေတြကိုလည္း မွားယြင္းေၾကာင္း ၀န္ခံေျပာဆိုထားေပမဲ့ အတိုက္အခံ အင္အားစုေတြကေတာ့ အတင္းအက်ပ္ ဖိအားေပး ၀န္ခံခိုင္းခဲ့တာ ျဖစ္ေၾကာင္း ေျပာဆိုထားၾကပါတယ္။

..............................................................

တိုက္႐ိုက္ လင့္ခ္


(Unicode)

ဘဲလာရုစ်လေကြောင်းတွေ EU လေပိုင်နက်မှာ ပျံသန်းခွင့်ပိတ်ခံရ
ဘဲလားရုစ်နိုင်ငံက ပျံသန်းတဲ့ လေယာဉ်တွေကို ဥရောပသမဂ္ဂ လေပိုင်နက်မှာ ပျံသန်းခွင့်နဲ့ လေဆိပ်တွေကို ဆင်းသက်ခွင့် ပိတ်လိုက်ကြောင်း EU က ကြေညာလိုက်ပါတယ်။ ဈေးကွက်အတွက် အသုံးပြုတဲ့ လေယာဉ်တွေ အပါအဝင် ဘဲလာရုစ် အခြေစိုက် လေကြောင်းလုပ်ငန်းတွေက လေယာဉ်တွေကို EU အဖွဲ့ဝင် နိုင်ငံတွေမှာ အတက်အဆင်း လုပ်ခွင့်မပြုဖို့ သောကြာနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။ တားမြစ်ကန့်သတ်ချက်ဟာ ဥရောပအလယ်ပိုင်း ဒေသစံတော်ချိန် သောကြာနေ့ သန်းခေါင်အချိန်မှာ စတင်အသက်ဝင်မှာ ဖြစ်ပါတယ်။

မေလ ၂၃ ရက်နေ့တုန်းက Lithuainia နိုင်ငံကို ဦးတည်ပျံသန်းနေတဲ့ အိုင်ယာလန်လေကြောင်းလိုင်း Ryanair က ခရီးသည်တင် လေယာဉ်ကို ဘဲလာရုစ်နိုင်ငံ လေပိုင်နက်မှာ ဂျက်တိုက်လေယာဉ်တွေနဲ့ အတင်းအကျပ် ဆင်းသက်ခိုင်းခဲ့တဲ့ ဖြစ်ရပ်အပြီး EU က တုံ့ပြန်လိုက်တာလည်း ဖြစ်ပါတယ်။ အတင်းအကျပ် ဆင်းသက်ခိုင်းခဲ့တဲ့ လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ အတိုက်အခံ သတင်းထောက် Raman Pratasevich ကိုတော့ ဘဲလာရုစ်အာဏာပိုင်တွေက အခုအချိန်အထိ ဆက်လက် ဖမ်းဆီးထားတာပါ။ ဘဲလာရုစ် လေပိုင်နက်အတွင်း ပုံမှန်အချိန်တွေမှာ အရပ်ဖက် လေယာဉ် ၄၀၀ လောက် ပျံသန်းလေ့ ရှိတယ်လို့လည်း ဥရောပလေကြောင်း ထိန်းသိမ်းရေးဌာန Eurocontrol ကပြောပါတယ်။

ဖမ်းဆီးခံ ဘဲလာရုစ် သတင်းထောက်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာကို ငိုယိုပြီး ဝန်ခံပြောဆိုထားတဲ့ ဗွီဒီယိုတခုကိုတော့ ကြာသပတေးနေ့မှာပဲ နိုင်ငံပိုင် ရုပ်မြင်သံကြားက ပြသခဲ့တာပါ။ ဗွီဒီယိုထဲမှာတော့ ဘဲလာရုစ် သမ္မတ Alexander Lukashenko ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ အဓိကရုဏ်းတွေဖြစ်အောင် စီစဉ်ခဲ့ကြောင်းနဲ့ အရင်က သမ္မတကို ဝေဖန်ခဲ့တာတွေကိုလည်း မှားယွင်းကြောင်း ဝန်ခံပြောဆိုထားပေမဲ့ အတိုက်အခံ အင်အားစုတွေကတော့ အတင်းအကျပ် ဖိအားပေး ဝန်ခံခိုင်းခဲ့တာ ဖြစ်ကြောင်း ပြောဆိုထားကြပါတယ်။

XS
SM
MD
LG