သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကာဘူးလ္ေလဆိပ္ တိုက္ခိုက္ခံရႏုိင္ေၾကာင္း အေနာက္အစိုးရေတြ သတိေပးထား


ကာဘူး နိုင္ငံတကာေလဆိပ္ကို အေမရိကန္ ေလၾေကာင္းခ်ီတပ္မ ၈၂ မွ လံုျခံဳေရးယူထားစဥ္ (ဓာတ္ပံု - Reuters)

(Zawgyi/Unicode)

အာဖဂန္နစၥတန္ႏိုင္ငံ၊ ကာဘူးလ္ၿမိဳ႕ေလဆိပ္ကို အၾကမ္းဖက္တိုက္ခိုက္မႈေတြ ျဖစ္ေပၚႏိုင္ေၾကာင္း အေနာက္ႏိုင္ငံ အစိုးရေတြက ဒီကေန႔ ေျပာၾကားလိုက္ၿပီး ျပည္ပကိုထြက္ခြာဖို႔ ေလဆိပ္မွာေရာက္ေနသူေတြကို ေဘးကင္းရာေနရာကို ေရြ႕ေျပာင္းသင့္ေၾကာင္း ေျပာပါတယ္။

“ကာဘူးလ္ေလဆိပ္ ျပင္ပေဒသေတြမွာ လုံျခံဳေရးအရ ၿခိမ္းေျခာက္မႈေတြ ရွိေနတာေၾကာင့္ အေမရိကန္အစိုးရထံက တိက်တဲ့ၫြန္ၾကားခ်က္ တစုံတရာမရမခ်င္း အခုခ်ိန္မွာ ေလဆိပ္ကိုမလာၾကဖို႔နဲ႔ ေလဆိပ္အ၀င္ဂိတ္ေတြမွာ ေရာက္ေနၾကသူေတြလည္း အဲဒီေနရာကေန ခ်က္ျခင္း ထြက္ခြာသြားၾကဖို႔” ကာဘူးလ္ၿမိဳ႕မွာရွိတဲ့ အေမရိကန္သံ႐ုံးက ေၾကညာခ်က္ထုတ္ျပန္ပါတယ္။

ၿဗိတိသွ် ကာကြယ္ေရး၀န္ႀကီး James Heappey ကလည္း “တိုက္ခိုက္မႈ မျဖစ္မေန ျပဳလုပ္မယ္ဆိုတဲ့ သတင္းရထားေၾကာင္း” ဘီဘီစီ ေရဒီယိုအသံလႊင့္ဌာနကို ေျပာၾကားထားပါတယ္။

ၾသစေတးလ် ႏိုင္ငံျခားေရးနဲ႔ ကုန္သြယ္ေရးဌာနေတြကလည္း “အၾကမ္းဖက္တိုက္ခိုက္မႈ ျဖစ္ႏိုင္ေျခမ်ားတဲ့ ၿခိမ္းေခ်ာက္မႈေတြ ရရွိထားေၾကာင္း” ေျပာဆိုလိုက္သလို Belgium ၀န္ႀကီးခ်ဳပ္ Alexander De Croo ကလည္း အၾကမ္းဖက္ တိုက္ခိုက္ႏိုင္ေျခရွိတယ္ဆိုတဲ့ သတင္းေတြကို အေမရိကန္နဲ႔ တျခားေနရာေတြကေန ရထားတာေၾကာင့္ သူ႔အစိုးရရဲ႕ ကယ္ဆယ္ေရးအစီအစဥ္ေတြကို ရပ္တန္႔ထားလိုက္ေၾကာင္း ေျပာပါတယ္။

အာဖဂန္မွာရွိတဲ့ IS အစၥလာမ္မစ္အဖြဲ႔နဲ႔ ဆက္ႏြယ္မႈရွိတဲ့အဖြဲ႔ေတြကေန အၾကမ္းဖက္တိုက္ခိုက္ႏိုင္ေျခရွိတယ္ဆိုတဲ့ အေျခအေနေတြကို ေတြ႔ရွိထားေၾကာင္း အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီး Antony Blinken က မေန႔ ဗုဒၶဟူးေန႔မွာ ေျပာၾကားခဲ့ပါတယ္။

.............................................................................................

တိုက္႐ိုက္ လင့္ခ္


ကာဘူးလ်လေဆိပ် တိုက်ခိုက်ခံရနိုင်ကြောင်း အနောက်အစိုးရတွေ သတိပေးထား

(Unicode)

အာဖဂန်နစ္စတန်နိုင်ငံ၊ ကာဘူးလ်မြို့လေဆိပ်ကို အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နိုင်ကြောင်း အနောက်နိုင်ငံ အစိုးရတွေက ဒီကနေ့ ပြောကြားလိုက်ပြီး ပြည်ပကိုထွက်ခွာဖို့ လေဆိပ်မှာရောက်နေသူတွေကို ဘေးကင်းရာနေရာကို ရွေ့ပြောင်းသင့်ကြောင်း ပြောပါတယ်။

“ကာဘူးလ်လေဆိပ် ပြင်ပဒေသတွေမှာ လုံခြုံရေးအရ ခြိမ်းခြောက်မှုတွေ ရှိနေတာကြောင့် အမေရိကန်အစိုးရထံက တိကျတဲ့ညွန်ကြားချက် တစုံတရာမရမချင်း အခုချိန်မှာ လေဆိပ်ကိုမလာကြဖို့နဲ့ လေဆိပ်အဝင်ဂိတ်တွေမှာ ရောက်နေကြသူတွေလည်း အဲဒီနေရာကနေ ချက်ခြင်း ထွက်ခွာသွားကြဖို့” ကာဘူးလ်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက ကြေညာချက်ထုတ်ပြန်ပါတယ်။

ဗြိတိသျှ ကာကွယ်ရေးဝန်ကြီး James Heappey ကလည်း “တိုက်ခိုက်မှု မဖြစ်မနေ ပြုလုပ်မယ်ဆိုတဲ့ သတင်းရထားကြောင်း” ဘီဘီစီ ရေဒီယိုအသံလွှင့်ဌာနကို ပြောကြားထားပါတယ်။

သြစတေးလျ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဌာနတွေကလည်း “အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်နိုင်ခြေများတဲ့ ခြိမ်းချောက်မှုတွေ ရရှိထားကြောင်း” ပြောဆိုလိုက်သလို Belgium ဝန်ကြီးချုပ် Alexander De Croo ကလည်း အကြမ်းဖက် တိုက်ခိုက်နိုင်ခြေရှိတယ်ဆိုတဲ့ သတင်းတွေကို အမေရိကန်နဲ့ တခြားနေရာတွေကနေ ရထားတာကြောင့် သူ့အစိုးရရဲ့ ကယ်ဆယ်ရေးအစီအစဉ်တွေကို ရပ်တန့်ထားလိုက်ကြောင်း ပြောပါတယ်။

အာဖဂန်မှာရှိတဲ့ IS အစ္စလာမ်မစ်အဖွဲ့နဲ့ ဆက်နွယ်မှုရှိတဲ့အဖွဲ့တွေကနေ အကြမ်းဖက်တိုက်ခိုက်နိုင်ခြေရှိတယ်ဆိုတဲ့ အခြေအနေတွေကို တွေ့ရှိထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က မနေ့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG