သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာဒုကၡသည္အေရး စစ္ေကာင္စီနဲ႔ ဘဂၤလားေဒ့ရွ္ ေဆြးေႏြးမႈမရွိေသး


ဘဂၤလားေဒ့ရွ္ နိုင္ငံျခားေရး၀န္ၾကီး AK Abdul Momen (ဓာတ္ပံု - Rehman Asad / AFP)

(Zawgyi/Unicode)

ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ ေရာက္ေနတဲ့ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြ ေနရပ္ျပန္ပို႔ေရးကိစၥနဲ႔ ပတ္သက္လို႔ ျမန္မာစစ္ေကာင္စီနဲ႔ ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံအၾကား တိုက္႐ိုက္ေဆြးေႏြးမႈ မရွိေသးတဲ့အေၾကာင္း ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရး၀န္ႀကီး AK Abdul Momen ေျပာၾကားခ်က္ကို ဘဂၤလားေဒ့ရွ္ႏိုင္ငံထုတ္ bdnews24 သတင္းမွာ ေဖၚျပပါတယ္။

႐ိုဟင္ဂ်ာဒုကၡသည္ေတြ ျပန္ပို႔ေရး တ႐ုတ္ႏိုင္ငံပါ ပါ၀င္တဲ့ ျမန္မာ၊ တ႐ုတ္၊ ဘဂၤလားေဒ့ရွ္ သုံးႏိုင္ငံအၾကား ဒီႏွစ္ဆန္းက ေဆြးေႏြးမႈေတြရွိခဲ့ေပမဲ့ ျပန္ပို႔ေရးလုပ္ငန္းစဥ္ေတြ ရပ္တန္႔ေနဆဲ ျဖစ္တဲ့အေၾကာင္းလည္း ၀န္ႀကီး AK Abdul Momen က ဒကၠာၿမိဳ႕ေတာ္မွာ မေန႔က သတင္းေထာက္ေတြကို ေျပာဆိုတာပါ။

တ႐ုတ္ႏိုင္ငံကေတာ့ ျမန္မာစစ္ေကာင္စီအေနနဲ႔ တိုင္းျပည္တည္ၿငိမ္ေအာင္ ပထမႀကိဳးစားေနၿပီး အေျခအေနေတြ တည္ၿငိမ္သြားတဲ့အခါ ဒုကၡသည္ျပန္ပို႔ေရးကိစၥေတြ ေဆြးေႏြးမယ့္အေၾကာင္း ေျပာဆိုတယ္လို႔ ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရး၀န္ႀကီးက ေျပာပါတယ္။ ျမန္မာစစ္ေကာင္စီဘက္က ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို လက္မခံပါဘူး။

ဒါေပမဲ့လည္း အရင္အစိုးရနဲ႔ သေဘာတူခဲ့တဲ့ ဒုကၡသည္ ျပန္လည္လက္ခံေရး သေဘာတူညီခ်က္ေတြကို အေကာင္အထည္ေဖာ္မယ္လို႔ေတာ့ ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရး၀န္ႀကီးက ေမွ်ာ္လင့္ေနပါတယ္။

ဒုကၡသည္ျပန္ပို႔ေရး အစီအစဥ္ေတြအတြက္ NLD အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဦးေဆာင္တဲ့ အရပ္သား အစိုးရလက္ထက္ လြန္ခဲ့တဲ့ ၄ ႏွစ္ကတည္းက ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံ သေဘာတူညီခဲ့ၾကပါတယ္။

ဒါေပမဲ့လည္း ဒုကၡသည္ေတြကိုယ္တိုင္က ျပန္ဖို႔ ျငင္းဆန္ၾကတာေၾကာင့္ ၂၀၁၉ ခုႏွစ္မွာ ႏွစ္ႀကိမ္ မေအာင္မျမင္ ျဖစ္ခဲ့တဲ့အေၾကာင္းနဲ႔ ေနာက္ပိုင္းမွာ ျပန္ပို႔ေရးအစီအစဥ္ ရပ္တန္႔ေနတဲ့အေၾကာင္း ဘဂၤလားေဒ့ရွ္ႏိုင္ငံျခားေရး၀န္ႀကီးက ေျပာဆိုပါတယ္။

................................................................................................

တိုက္႐ိုက္ လင့္ခ္


ရိုဟင်ဂျာဒုက္ခသည်အရေး စစ်ကောင်စီနဲ့ ဘင်္ဂလားဒေ့ရှ် ဆွေးနွေးမှုမရှိသေး

(Unicode)

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးကိစ္စနဲ့ ပတ်သက်လို့ မြန်မာစစ်ကောင်စီနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား တိုက်ရိုက်ဆွေးနွေးမှု မရှိသေးတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen ပြောကြားချက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် bdnews24 သတင်းမှာ ဖေါ်ပြပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်ပို့ရေး တရုတ်နိုင်ငံပါ ပါဝင်တဲ့ မြန်မာ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံအကြား ဒီနှစ်ဆန်းက ဆွေးနွေးမှုတွေရှိခဲ့ပေမဲ့ ပြန်ပို့ရေးလုပ်ငန်းစဉ်တွေ ရပ်တန့်နေဆဲ ဖြစ်တဲ့အကြောင်းလည်း ဝန်ကြီး AK Abdul Momen က ဒက္ကာမြို့တော်မှာ မနေ့က သတင်းထောက်တွေကို ပြောဆိုတာပါ။

တရုတ်နိုင်ငံကတော့ မြန်မာစစ်ကောင်စီအနေနဲ့ တိုင်းပြည်တည်ငြိမ်အောင် ပထမကြိုးစားနေပြီး အခြေအနေတွေ တည်ငြိမ်သွားတဲ့အခါ ဒုက္ခသည်ပြန်ပို့ရေးကိစ္စတွေ ဆွေးနွေးမယ့်အကြောင်း ပြောဆိုတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ မြန်မာစစ်ကောင်စီဘက်က ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။

ဒါပေမဲ့လည်း အရင်အစိုးရနဲ့ သဘောတူခဲ့တဲ့ ဒုက္ခသည် ပြန်လည်လက်ခံရေး သဘောတူညီချက်တွေကို အကောင်အထည်ဖော်မယ်လို့တော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက မျှော်လင့်နေပါတယ်။

ဒုက္ခသည်ပြန်ပို့ရေး အစီအစဉ်တွေအတွက် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အရပ်သား အစိုးရလက်ထက် လွန်ခဲ့တဲ့ ၄ နှစ်ကတည်းက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီခဲ့ကြပါတယ်။

ဒါပေမဲ့လည်း ဒုက္ခသည်တွေကိုယ်တိုင်က ပြန်ဖို့ ငြင်းဆန်ကြတာကြောင့် ၂၀၁၉ ခုနှစ်မှာ နှစ်ကြိမ် မအောင်မမြင် ဖြစ်ခဲ့တဲ့အကြောင်းနဲ့ နောက်ပိုင်းမှာ ပြန်ပို့ရေးအစီအစဉ် ရပ်တန့်နေတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG