သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးသန်းရွှေနဲ့ဇနီး ကိုဗစ်ပျောက်ကင်း ဆေးရုံဆင်း


မြန်မာ အာဏာရှင် ဦးသန်းရွှေ နှင့် ဇနီး ဒေါ်ကြိုင်ကြိုင် အိန္ဒိယနိုင်ငံခရီးထွက်ခဲ့စဉ် ( ဓာတ်ပုံ - AFP)
မြန်မာ အာဏာရှင် ဦးသန်းရွှေ နှင့် ဇနီး ဒေါ်ကြိုင်ကြိုင် အိန္ဒိယနိုင်ငံခရီးထွက်ခဲ့စဉ် ( ဓာတ်ပုံ - AFP)

(Zawgyi/Unicode)

Covid-19 ရောဂါနဲ့ ဆေးရုံးတက်ကုသခံနေတဲ့ စစ်အာဏာရှင်ဟောင်း၊ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဇနီးတို့ သက်သာပျောက်ကင်းပြီး ဆေးရုံဆင်းသွားကြပြီလို့ ဆေးရုံတာဝန်ရှိသူတဦးက ပြောပါတယ်။ အသက် ၈၈ နှစ်အရွယ် ဦးသန်းရွှေနဲ့ ဇနီးဒေါ်ကြိုင်ကြိုင်တို့ကို နေပြည်တော်က သိုက်ချောင်းစစ်ဆေးရုံကနေ သောကြာနေ့က ဆင်းခွင့်ပြုလိုက်တာလို့လည်း နာမည်မဖော်လိုတဲ့ အဲဒီအရာရှိက ပြောကြောင်း အေပီသတင်းတရပ်မှာ ဖော်ပြထားပါတယ်။

ကိုဗစ်ကူးခံရပြီး ဦးသန်းရွှေကို ဒီလအစောပိုင်းမှာအရင် ဆေးရုံတင်လိုက်ပြီး မကြာခင်မှာပဲ ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်လည်း ဆေးရုံတက် ကုသခံခဲ့ရတာလို့လည်းပြောပါတယ်။ သူတို့နှစ်ယောက်စလုံးကို လုံခြုံရေးတွေတင်းကျပ်ထားတဲ့ VIP လူနာဆောင်မှာ ထားပြီး ကုသပေးခဲ့တာလို့လည်းပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီဖက်က တရားဝင်မှတ်ချက်ပေးပြောဆိုတာတော့ မရှိသေးပါဘူး။

မျိုးဗီဇဆင့်ကဲပြောင်းလဲလာတဲ့ Delta ကိုဗစ်ပိုးကြောင့် မြန်မာနိုင်ငံမှာ ပိုးကူးစက်မှုတွေဆိုးရွားလာနေချိန်မှာ ကြိုတင်ကာကွယ်တဲ့အနေနဲ့ဆေးရုံတက်ခဲ့ကြတာလို့ ပြည်တွင်းက သီးခြားလွတ်လပ်တဲ့သတင်းဌာနတွေကတော့ ပြောကြပါတယ်။ ဒါပေမယ့်လည်း ဦးသန်းရွှေနဲ့ သူ့ဇနီးတို့ ၂ ယောက်စလုံး ကိုဗစ်ပိုးကူးခံထားရတာကို စစ်ဆေးတွေ့ရှိခဲ့ပေမယ့် အောက်ဆီဂျင်ပေးရလောက်အောင် ရောဂါလက္ခဏာမပြင်းထန်ဘူးလို့ နာမည်မဖော်လိုတဲ့အဲဒီဆေးရုံတာဝန်ရှိသူကပဲ အတည်ပြုပြောဆိုထားပါတယ်။

.............................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)




XS
SM
MD
LG