သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံတွင်း မြန်မာရွှေ့ပြောင်းလုပ်သားတချို့ ကိုဗစ်ကြောင့်သေဆုံး


ကိုဗစ်သံသယနဲ့သေဆုံးတဲ့မြန်မာရွေ ပြောင်းအလုပ်သမကို သယ်ဆောင်လာပုံ ( နယ်ြမေခံ ကျန်းမာရေးအဖ ွဲ့)
ကိုဗစ်သံသယနဲ့သေဆုံးတဲ့မြန်မာရွေ ပြောင်းအလုပ်သမကို သယ်ဆောင်လာပုံ ( နယ်ြမေခံ ကျန်းမာရေးအဖ ွဲ့)

(Zawgyi/Unicode)

ထိုင်းနိုင်ငံအတွင်း ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူတွေထဲ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေလည်း ပါဝင်နေပါတယ်။ ထိုင်းနိုင်ငံတွင်း ကိုဗစ်ရောဂါပိုး ကူးစက်မှုတွေ တိုးလာနေချိန်မှာပဲ၊ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်နေကြတဲ့ မြန်မာအတော်များများလည်း ကိုဗစ်ရောဂါကူးစက်ခံနေရတာပါ။ ဒီအကြောင်း ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ပကျွတ်ပြည်နယ်ထဲက မီးရထားလမ်းဆောက်လုပ်ရေး အလုပ်သမားတန်းလျားမှာ မြန်မာရွေပြောင်းအလုပ်သမား တစ်ဦး သေဆုံးခဲ့လို့ နယ်မြေအာဏာပိုင်တွေဟာ သူမအလောင်းကို ဆေးရုံကိုယူဆောင်ပြီး ကိုဗစ် ရောဂါပိုးစစ်ဆေးနေေကြောင်း ပရမ်မြို့နယ်မြေအာဏာပိုင်တွေက သတင်း ထုတ်ပြန်ထားပါတယ်။

AAC အလုပ်သမားကူညီရေးအဖွဲက ပြောရေးဆိုခွင့်ရှိသူကိုရဲမင်းကတော့ ကိုဗစ်သံသယနဲ့သေဆုံးခဲ့သူမြန်မာအလုပ်သမ နဲ့ပတ်သက်လို့အခုလိုပြောပြပါတယ်။

“အလုပ်သမားတွေနေတဲ့အဆောင်မှာ မြန်မာနိုင်ငံသူတဦးပေါ့ ။ အလုပ်သမတဦးသေဆုံးခဲ့တယ်နယ်မြေအာဏာပိုင်တွေက Body သူ့ရုပ်အလောင်းကို ဆေးရုံကိုသယ်ဆောင်ပြီး ကိုဗစ်ရှိမရှိစစ်ဆေးနေပါတယ်၊ သေဆုံးသူကမအေးသီတာပါ အသက်က ၄၆ နှစ်ပါ၊ သူမဟာ မီးရထားလမ်းအလုပ်သမားဖြစ်ပြီး အဲဒီ မီးရထားလမ်းအလုပ်သမားတန်းလျားမှာပဲနေတာပါ၊ တခြားအလုပ်သမားတွေနဲ့ရောထွေးနေတာပေါ့ ဒီရက်ပိုင်းမှာပဲ သူမဟာဖျားတယ် ချောင်းတွေဆက်တိုက်ဆိုးတယ်။ အလုပ်သမားတွေကဆေးဆိုင်က ဆေးမီးတိုတွေနဲ့ကုပေးတာပေါ့ ဒါပေမယ့်သူမကမသက်သာဘူး ၃ရက်အတွင်း ရင်ဘတ်တွေ အောင့်ပြီး အသက်ရူကြပ်တဲ့ဝေဒနာနဲ့သေဆုံးသွားပါတယ်။ ပြီးခဲ့တဲ့ ၂၄ရက်နေ့ကလည်း ထိုင်းနိုင်ငံဆာမွတ်ဆာခွန်းခရိုင်မဟာချိုင်မှာ မြန်မာအလုပ်သမတဦးသေဆုံးတယ်။ ကိုဗစ်နဲ့သေဆုံးတာပါ။ အခုဆိုရင် မြန်မာအလုပ်သမားတွေကြားမှာလည်း ကိုဗစ်နဲ့သေဆုံးသူတွေ ကြားလာရပြီ။”

အခုလို သေဆုံးပုံမူမျိုး နဲ့ အိမ်တွေလမ်းမတွေပေါ်မှာ သေဆုံးမူတွေလည်း ဘန်ကောက်နဲ့အနီးတဝိုက်မှာများလာကြောင်းထိုင်းသတင်းတွေမှာဖော်ပြကြပါတယ်။ လက်ရှိသေဆုံးသူမြန်မာအလုပ်သမမှာ ကိုဗစ်ပိုးရှိမရှိ မသိရသေးပေမယ့် မီးရထားလမ်းလုပ်သားများနေထိုင်တဲ့ ရပ်ကွက်အတွင်းက ပြည်သူတွေကတော့ အစုလိုက်အပြုံလိုက် ဆက်တိုက်ကူးဆက်လာမှာ စိုးရိမ်နေကြပါတယ်။

ထိုင်းတောင်ပိုင်းဆုံခလာခရိုင်အတွင်းမှာလည်းပြီးခဲ့တဲ့လကမြန်မာအလုပ်သမ တဦး ကိုဗစ်နဲ့သေဆုံးတာတွေရှိပါတယ်။ ကိန်းဂဏန်းအရ အသေးစိတ်မသိရပေမယ့် ထိုင်းနိုင်ငံမှာနေစဉ်သေဆုံးနေတဲ့အထဲမှာ မြန်မာအလုပ်သမားတွေ ပါဝင်လာတာတွေလည်းရှိလာပါတယ် ။

ထိုင်းနိုင်ငံမှာကိုဗစ်အတည်ပြုလူနာ၅၂၆၈၀၀ ကျော်ရှိလာပြီး ဒီထဲမှာ မြန်မာရွေပြောင်းအလုပ်သမားတွေလည်း သောင်းနဲ့ချီပြီးကူးစက်မူဖြစ်နေပါတယ် ဇူလိုင်လ ၂၇ ရက်နေ့ တနေ့တည်းကူးစက်သူ ၁၄၀၀၀ကျော်ရှိပါတယ်။ သေဆုံးသူက ၄၂၀၀ကျော်ရှိလာပြီဖြစ်ကြောင်း ထိုင်းကျန်းမားရေးဌာနက အတည်ပြုထုတ်ပြန်ထားပါတယ်။

................................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)









XS
SM
MD
LG