သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခုိင္ေျမာက္ပိုင္း ႐ိုဟင္ဂ်ာေတြ ရွင္းလင္းခံရမႈ ေလးႏွစ္ျပည့္ၿပီ


ရိုဟင္ဂ်ာမ်ား သုတ္သင္ရွင္းလင္းခံရမႈ ၄ နွစ္ျပည့္ဆုေတာင္းနေၾကစဥ္ (ဓာတ္ပံု - Courtesy)

(Zawgyi/Unicode)

ရခိုင္ေျမာက္ပိုင္းမွာ လူမ်ိဳးစုအလိုက္ ရွင္းလင္းဖယ္ရွားခံခဲ့ရတဲ့ ေလးႏွစ္ေျမာက္ႏွစ္ပတ္လည္ေန႔ မွာ အသက္ဆံုးရံႈးခဲ့ရသူေတြနဲ႔ လက္ရွိစစ္အာဏာရွင္လက္ေအာက္က ဒုကၡေတြ႕ေနရတဲ့ ျမန္မာျပည္သူေတြအတြက္ တရားမွ်တမႈရဖို႔ ေကာ့္ဇ္ဘဇားခ႐ိုင္က ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ဝတ္ျပဳ ဆုေတာင္းခဲ့ၾကပါတယ္။ ျမန္မာျပည္သူေတြလိုလားတဲ့ အစိုးရတရပ္ေပၚေပါက္မွ သူတို႔ေနရပ္ျပန္ႏိုင္မွာမို႔ ႏိုင္ငံတကာအသိုင္းအဝိုင္းက ကူေပးၾကပါလို႔လည္း ႐ိုဟင္ဂ်ာဒုကၡသည္ေတြက ေတာင္းဆိုပါတယ္။ ေလးႏွစ္ျပည့္အထိမ္းအမွတ္ ဆုေတာင္းပြဲအေၾကာင္း ေကာ့ဇ္ဘဇားက ႐ိုဟင္ဂ်ာဒုကၡသည္စခန္းေန ဦးေက်ာ္ျမင့္ကို မဆုမြန္ ဆက္သြယ္ေမးျမန္းထားပါတယ္။

"ဒီကေန႔ ၾသဂုတ္လ ၂၅ ရက္ေန႔ ၂၀၂၁ ခုႏွစ္မွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ေကာ့ဇ္ဘဇားေဒသခ႐ိုင္အတြင္းမွာ ရွိေနၾကတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္စခန္းအသီးသီးမွာ ၄ႏွစ္ေျမာက္ Genocide Day ကို က်င္းပခဲ့ပါတယ္။ ဒါေပမဲ့ ကိုဗစ္ကာလျဖစ္ေနတဲ့အတြက္ လူစုလူေဝးမလုပ္ၾကဘဲ အျပစ္မဲ့သတ္ျဖတ္ခံရသူေတြအတြက္ ရည္စူးၿပီး ဆုေတာင္းပြဲပဲ လုပ္ခဲ့ၾကပါတယ္။ ဒီဆုေတာင္းပြဲကို က်ေနာ္တို႔ အဓိက ျပဳလုပ္ရတဲ့အေၾကာင္းရင္းကေတာ့ တရားမွ်တမႈရရွိေရးအတြက္ အဓိကေတာင္းဆိုျခင္းျဖစ္ပါတယ္ခင္ဗ်ာ။ ဒါတင္မကဘူး အခုဆိုရင္ ျမန္မာႏိုင္ငံမွာ ျမန္မာျပည္သူတရပ္လံုးလည္း က်ေနာ္တို႔နဲ႔ နည္းတူခံစားေနရမႈအေပၚ က်ေနာ္တို႔စိတ္မေကာင္းဘူး အင္မတန္စိုးရိမ္မိပါတယ္ခင္ဗ်ာ။

မဆုမြန္။ ။ အဲ့ဒီ့ေတာ့ အဓိကကေတာ့ ဒီေန႔ႏွစ္ပတ္လည္ေန႔မွာ ဒီလိုဆံုးရႈံးနစ္နာခဲ့ရတဲ့ ႐ိုဟင္ဂ်ာမိသားစုေတြ ေနာက္ၿပီးေတာ့ ကေလးငယ္ေတြ အမ်ိဳးသမီးေတြ ၾကံဳခဲ့ရတဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြနဲ႔ပတ္သက္ၿပီးေတာ့ တရားမွ်တမႈရဖို႔အတြက္ေပါ့ေနာ္ ဦးေက်ာ္ျမင့္တို႔လိုမ်ိဳး ႐ိုဟင္ဂ်ာဒုကၡသည္ေတြဘက္က ဒီႏွစ္ပတ္လည္ေန႔မွာ ဘာမ်ားေတာင္းဆိုခ်င္တာရွိပါလဲရွင့္။

"ျမန္မာႏိုင္ငံ ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လ ၂၅ ရက္ေန႔မွာ ျမန္မာလံုျခံဳေရးတပ္ဖြဲ႔ေတြဘက္က ႐ိုဟင္ဂ်ာလူမ်ိဳးေတြကို အစုလိုက္အျပံဳလိုက္သတ္ျဖတ္ျခင္း၊ အမ်ိဳးသမီးေတြကို အဓမၼျပဳက်င့္တာ ရြာေပါင္းမ်ားစြာကို မီးရိႈ႔ဖ်က္ဆီးၿပီး ႐ိုဟင္ဂ်ာေတြပိုင္ဆိုင္တဲ့ ေရႊေငြဥစၥာပစၥည္းေတြ လုယက္က်ဴးလြန္ခံရျခင္း ေနာက္ဆံုး ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ ေမာင္းထုတ္ခံရျခင္း ခံခဲ့ရတဲ့အတြက္ ေမ့မရႏိုင္ေသာေန႔တေန႔မွာ ကမာၻ႔အသိုင္းအဝိုင္းကေန က်ဴးလြန္သူမ်ားကို အျပစ္ေပးအေရးယူႏိုင္ေရးအတြက္ တရားေရးခုံရံုး ICJ ၊ ICC ကေန တရားမွ်တမႈေဖာ္ေဆာင္ေပးဖို႔ က်ေနာ္တို႔က အဓိက ေတာင္းဆိုျခင္းျဖစ္ပါတယ္။

မဆုမြန္။ ။ အခုေလာေလာဆယ္မွာ ဒီက်ဴးလြန္မႈေတြနဲ႔ပတ္သက္ၿပီး ႏိုင္ငံတကာတရားခုံရံုးေတြတင္ၿပီးေတာ့ တရားရင္ဆိုင္ေနၾကတဲ့အေနအထားမွာ ဦးေက်ာ္ျမင့္တို႔ဘက္က တရားမွ်တမႈရဖို႔အတြက္ ဒီ့ထက္ပိုၿပီးေတာ့ ဥပေဒေၾကာင္းအရ ထိခိုက္နစ္နာခဲ့ရသူေတြအတြက္ ဘာေတြမ်ား ဆက္ေဆာင္ရြက္ေပးေစလိုပါလဲရွင့္။
"က်ေနာ္တို႔တင္မကပါဘူး အခုလတ္တေလာကာလမွာ ျမန္မာျပည္ႀကီးမွာလည္း စစ္တပ္ဘက္က လူအစုလိုက္အျပံဳလိုက္ သတ္ျဖတ္ခံရျခင္း မတရားဖမ္းဆီးခံရျခင္းေတြ ျပဳလုပ္ေနတဲ့အတြက္ ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ အေရးယူေဆာင္ရြက္ျခင္းေပးပါရန္ ေတာင္းဆိုခ်င္ပါတယ္ခင္ဗ်။

မဆုမြန္။ ။ အဲ့ဒီ့ေတာ့ ေနရပ္ျပန္ဖို႔ အစီအစဥ္ ေမွ်ာ္လင့္ခ်က္အေနအထားကေရာ ဘယ္ေလာက္ေမွ်ာ္လင့္ခ်က္ရွိပါလဲရွင့္။
"က်ေန္ာတို႔ ႐ိုဟင္ဂ်ာဒုကၡသည္ေတြဟာ မိမိ ေနရပ္ရင္းျမန္မာႏိုင္ငံကို အျမန္ဆံုးျပန္ခ်င္ၾကသူမ်ားျဖစ္ပါတယ္ခင္ဗ်ာ။ ဒါေပမဲ့ အခုလက္ရွိက ျမန္မာႏိုင္ငံက စစ္တပ္က အာဏာသိမ္းထားေတာ့ ျမန္မာႏိုင္ငံမွာ အစိုးရတရပ္မေပၚလာမျခင္း က်ေနာ္တို႔ေနရပ္ျပန္ေရးဆိုတာ မျဖစ္လာႏိုင္တဲ့အတြက္ ကုလသမဂၢအပါအဝင္ ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ ျမန္မာႏိုင္ငံမွာ ျမန္မာျပည္သူတရပ္လံုးက လက္ခံႏိုင္တဲ့ အစိုးရတရပ္ဖြဲ႔စည္းႏိုင္ေရးအတြက္ ကူညီေပးဖို႔ က်ေနာ္တို႔အားလံုးက ေတာင္းဆိုလိုပါတယ္ခင္ဗ်ာ။"

႐ိုဟင္ဂ်ာလို႔ ေခၚဆိုတာကို လက္ခံမထားထဲ စစ္ေကာင္စီက လက္ရွိမွာ ႐ိုဟင္ဂ်ာဒုကၡသည္အေရးနဲ႔ပတ္သက္ၿပီး လုပ္ေဆာင္ေနတယ္ဆိုတဲ့ ဘယ္လိုသတင္းမ်ဳိးမွ ရမထားေသးပါဘူး။

....................................................................................

တိုက္႐ိုက္ လင့္ခ္


ရခိုင်မြောက်ပိုင်း ရိုဟင်ဂျာတွေ ရှင်းလင်းခံရမှု လေးနှစ်ပြည့်ပြီ

(Unicode)

ရခိုင်မြောက်ပိုင်းမှာ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားခံခဲ့ရတဲ့ လေးနှစ်မြောက်နှစ်ပတ်လည်နေ့ မှာ အသက်ဆုံးရှုံးခဲ့ရသူတွေနဲ့ လက်ရှိစစ်အာဏာရှင်လက်အောက်က ဒုက္ခတွေ့နေရတဲ့ မြန်မာပြည်သူတွေအတွက် တရားမျှတမှုရဖို့ ကော့်ဇ်ဘဇားခရိုင်က ရိုဟင်ဂျာဒုက္ခသည်တွေ ဝတ်ပြု ဆုတောင်းခဲ့ကြပါတယ်။ မြန်မာပြည်သူတွေလိုလားတဲ့ အစိုးရတရပ်ပေါ်ပေါက်မှ သူတို့နေရပ်ပြန်နိုင်မှာမို့ နိုင်ငံတကာအသိုင်းအဝိုင်းက ကူပေးကြပါလို့လည်း ရိုဟင်ဂျာဒုက္ခသည်တွေက တောင်းဆိုပါတယ်။ လေးနှစ်ပြည့်အထိမ်းအမှတ် ဆုတောင်းပွဲအကြောင်း ကော့ဇ်ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းနေ ဦးကျော်မြင့်ကို မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။

"ဒီကနေ့ သြဂုတ်လ ၂၅ ရက်နေ့ ၂၀၂၁ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသခရိုင်အတွင်းမှာ ရှိနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းအသီးသီးမှာ ၄နှစ်မြောက် Genocide Day ကို ကျင်းပခဲ့ပါတယ်။ ဒါပေမဲ့ ကိုဗစ်ကာလဖြစ်နေတဲ့အတွက် လူစုလူဝေးမလုပ်ကြဘဲ အပြစ်မဲ့သတ်ဖြတ်ခံရသူတွေအတွက် ရည်စူးပြီး ဆုတောင်းပွဲပဲ လုပ်ခဲ့ကြပါတယ်။ ဒီဆုတောင်းပွဲကို ကျနော်တို့ အဓိက ပြုလုပ်ရတဲ့အကြောင်းရင်းကတော့ တရားမျှတမှုရရှိရေးအတွက် အဓိကတောင်းဆိုခြင်းဖြစ်ပါတယ်ခင်ဗျာ။ ဒါတင်မကဘူး အခုဆိုရင် မြန်မာနိုင်ငံမှာ မြန်မာပြည်သူတရပ်လုံးလည်း ကျနော်တို့နဲ့ နည်းတူခံစားနေရမှုအပေါ် ကျနော်တို့စိတ်မကောင်းဘူး အင်မတန်စိုးရိမ်မိပါတယ်ခင်ဗျာ။

မဆုမွန်။ ။ အဲ့ဒီ့တော့ အဓိကကတော့ ဒီနေ့နှစ်ပတ်လည်နေ့မှာ ဒီလိုဆုံးရှုံးနစ်နာခဲ့ရတဲ့ ရိုဟင်ဂျာမိသားစုတွေ နောက်ပြီးတော့ ကလေးငယ်တွေ အမျိုးသမီးတွေ ကြုံခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီးတော့ တရားမျှတမှုရဖို့အတွက်ပေါ့နော် ဦးကျော်မြင့်တို့လိုမျိုး ရိုဟင်ဂျာဒုက္ခသည်တွေဘက်က ဒီနှစ်ပတ်လည်နေ့မှာ ဘာများတောင်းဆိုချင်တာရှိပါလဲရှင့်။

"မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဘက်က ရိုဟင်ဂျာလူမျိုးတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာ ရွာပေါင်းများစွာကို မီးရှို့ဖျက်ဆီးပြီး ရိုဟင်ဂျာတွေပိုင်ဆိုင်တဲ့ ရွှေငွေဥစ္စာပစ္စည်းတွေ လုယက်ကျူးလွန်ခံရခြင်း နောက်ဆုံး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် မောင်းထုတ်ခံရခြင်း ခံခဲ့ရတဲ့အတွက် မေ့မရနိုင်သောနေ့တနေ့မှာ ကမ္ဘာ့အသိုင်းအဝိုင်းကနေ ကျူးလွန်သူများကို အပြစ်ပေးအရေးယူနိုင်ရေးအတွက် တရားရေးခုံရုံး ICJ ၊ ICC ကနေ တရားမျှတမှုဖော်ဆောင်ပေးဖို့ ကျနော်တို့က အဓိက တောင်းဆိုခြင်းဖြစ်ပါတယ်။

မဆုမွန်။ ။ အခုလောလောဆယ်မှာ ဒီကျူးလွန်မှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာတရားခုံရုံးတွေတင်ပြီးတော့ တရားရင်ဆိုင်နေကြတဲ့အနေအထားမှာ ဦးကျော်မြင့်တို့ဘက်က တရားမျှတမှုရဖို့အတွက် ဒီ့ထက်ပိုပြီးတော့ ဥပဒေကြောင်းအရ ထိခိုက်နစ်နာခဲ့ရသူတွေအတွက် ဘာတွေများ ဆက်ဆောင်ရွက်ပေးစေလိုပါလဲရှင့်။
"ကျနော်တို့တင်မကပါဘူး အခုလတ်တလောကာလမှာ မြန်မာပြည်ကြီးမှာလည်း စစ်တပ်ဘက်က လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်း မတရားဖမ်းဆီးခံရခြင်းတွေ ပြုလုပ်နေတဲ့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အရေးယူဆောင်ရွက်ခြင်းပေးပါရန် တောင်းဆိုချင်ပါတယ်ခင်ဗျ။

မဆုမွန်။ ။ အဲ့ဒီ့တော့ နေရပ်ပြန်ဖို့ အစီအစဉ် မျှော်လင့်ချက်အနေအထားကရော ဘယ်လောက်မျှော်လင့်ချက်ရှိပါလဲရှင့်။
"ကျနေ်ာတို့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ မိမိ နေရပ်ရင်းမြန်မာနိုင်ငံကို အမြန်ဆုံးပြန်ချင်ကြသူများဖြစ်ပါတယ်ခင်ဗျာ။ ဒါပေမဲ့ အခုလက်ရှိက မြန်မာနိုင်ငံက စစ်တပ်က အာဏာသိမ်းထားတော့ မြန်မာနိုင်ငံမှာ အစိုးရတရပ်မပေါ်လာမခြင်း ကျနော်တို့နေရပ်ပြန်ရေးဆိုတာ မဖြစ်လာနိုင်တဲ့အတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံမှာ မြန်မာပြည်သူတရပ်လုံးက လက်ခံနိုင်တဲ့ အစိုးရတရပ်ဖွဲ့စည်းနိုင်ရေးအတွက် ကူညီပေးဖို့ ကျနော်တို့အားလုံးက တောင်းဆိုလိုပါတယ်ခင်ဗျာ။"

ရိုဟင်ဂျာလို့ ခေါ်ဆိုတာကို လက်ခံမထားထဲ စစ်ကောင်စီက လက်ရှိမှာ ရိုဟင်ဂျာဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်နေတယ်ဆိုတဲ့ ဘယ်လိုသတင်းမျိုးမှ ရမထားသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG