သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်ခေါင်းဆောင် ရုရှားကာကွယ်ရေးဝန်ကြီးနဲ့တွေ့ဆုံ

ရုရှကာကွယ်ရေးဝန်ကြီး Sergei Shoigu က မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို မော်စကိုမြို့တော်မှာ တွေ့ဆုံစဉ် (ဓာတ်ပုံ - Reuters)
ရုရှကာကွယ်ရေးဝန်ကြီး Sergei Shoigu က မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို မော်စကိုမြို့တော်မှာ တွေ့ဆုံစဉ် (ဓာတ်ပုံ - Reuters)

(Zawgyi/Unicode)
ရုရှားနိုင်ငံကိုရောက်နေတဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှား ကာကွယ်ရေးဝန်ကြီး Sergei Shoigu နဲ့ အင်္ဂါနေ့က မော်စကိုမြို့တော်မှာ တွေ့ဆုံပါတယ်။ ရုရှားအနေနဲ့ မြန်မာနိုင်ငံနဲ့ စစ်ရေး ဆက်ဆံမှု ပိုမို ခိုင်မာအားကောင်းအောင် လုပ်သွားဖို့ စိတ်ပိုင်းဖြတ်ထားတယ်ဆိုတာကို ရုရှားကာကွယ်ရေးဝန်ကြီးက မြန်မာစစ်ခေါင်းဆောင်ကို ပြောဆိုခဲ့ဲတဲ့အကြောင်း ရုရှား RIA သတင်းက ဖော်ပြပါတယ်။

နှစ်ဘက် အပြန်အလှန် နားလည်မှု၊ လေးစား ယုံကြည်မှုတွေပေါ်မှာ အခြေခံပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုမို ခိုင်မာအောင် ဆက်လက် ကြိုးပမ်းသွားမှာပါလို့ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က ပြောဆိုခဲ့ပါတယ်။ မြန်မာအာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အင်္ဂါနေ့က စတင်ကျင်းပတဲ့ နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ ညီလာခံကို တက်ရောက်ဖို့ တနင်္ဂနွေနေ့ ကတည်းက မော်စကိုမြို့တော်မှာ ရောက်ရှိနေတာပါ။

ခရီးစဉ်အတွင်း ရုရှား လုံခြုံရေးကောင်စီ အတွင်းရေးမှူး Nikolai Patrushev နဲ့ သီးခြား တွေ့ဆုံပြီး နှစ်နိုင်ငံ စစ်ဘက်ရေးရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ ဆွေးနွေးတာတွေ ရှိပေမဲ့၊ ရုရှားသမ္မတ ဗလာဒီမီယာပူတင် အနေနဲ့တော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဖို့ အစီအစဉ် မရှိဘူးလို့ ရုရှားအစိုးရပြောခွင့်ရ Dmitry Peskov ကပြောဆိုတဲ့အကြောင်း ရုရှား Interfax သတင်းဌာနက ရေးထားပါတယ်။ ရုရှားနိုင်ငံဟာ မြန်မာစစ်တပ်ကို နိုင်ငံတကာမျက်နှာစာမှာ အစဉ်တစိုက် ကာကွယ်ရပ်တည်ပေးလာတဲ့ နိုင်ငံတခုဖြစ်ပြီး စစ်လက်နက်ပစ္စည်း ရောင်းပေးနေတဲ့ အဓိကနိုင်ငံတခုလည်းဖြစ်ပါတယ်။

..........................................................................................

မြန်မာစစ်ခေါင်းဆောင် ရုရှားကာကွယ်ရေးဝန်ကြီးနဲ့တွေ့ဆုံ
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်



(Unicode)



This item is part of
XS
SM
MD
LG