သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္ေခါင္းေဆာင္ရဲ႕ ႐ုရွားခရီးစဥ္ အေပၚ ေဝဖန္မႈတခ်ိဳ႕


႐ုရွားႏိုင္ငံသို႔ ေရာက္ရွိလာသည့္ ျမန္မာစစ္ေကာင္စီ ဥကၠဌ

[ Zawgyi ]

ေမာ္စကိုျမဳိ႕မွာ က်င္းပေနတဲ့ ႏိုင္ငံတကာလံုၿခံဳေရးဆုိင္ရာ ညီလာခံကို သြားတက္တဲ့ စစ္ေကာင္စီဥကၠဌ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ရဲ႕ ႐ုရွားခရီးစဥ္ဟာ ႏိုင္ငံတကာ ပိတ္ဆို႔မႈေတြၾကားက စစ္လက္နက္ပစၥည္းေတြ ဆက္လက္ရရွိေစဖို႔နဲ႔ သံတမန္ေရးအရ ရည္ရြယ္တဲ့ ခရီးစဥ္တခုအျဖစ္ ရႈျမင္ေၾကာင္း ႏိုင္ငံေရးအကဲခတ္ တခ်ဳိ႕က သုံးသပ္ၾကပါတယ္။ ဆက္သြယ္ေမးျမန္းထားတဲ့ ကိုဉာဏ္ဝင္းေအာင္က တင္ျပပါမယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက်င္းပတဲ့ ကုလသမဂၢ အေထြေထြညီလာခံမွာ ျမန္မာႏိုင္ငံထဲကို စစ္လက္နက္ စီးဆင္းမႈကို တားျမစ္ၾကဖို႔ ႏိုင္ငံအမ်ားစုက မဲေပးဆုံးျဖတ္ခဲ့ၾကတာပါ။ ဒါကလည္း ေဖေဖၚဝါရီလ(၁)ရက္ေန႔ကစလို႔ ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းခဲ့ၿပီးေနာက္ အရပ္သားျပည္သူေတြနဲ႔ လူငယ္ေတြကို အၾကမ္းဖက္ႏွိမ္နင္း ပစ္ခတ္မႈအတြင္း ခုခ်ိန္ထိဆိုရင္ လူေပါင္း (၈၇၀)ေက်ာ္ ေသဆုံးခဲ့ရတဲ့အေပၚ ႏိုင္ငံတကာက တုန္႔ျပန္လိုက္ၾကတဲ့ သေဘာလို႔ သုံးသပ္ၾကပါတယ္။

ဒီိလိုအေျခအေနမွာ ႐ုရွားႏိုင္ငံရဲ႕ ဖိတ္ၾကားမႈနဲ႔ ေမာ္စကိုမွာ ႏွစ္စဥ္က်င္းပေနၾကျဖစ္တဲ့ ၉ ႀကိမ္ေျမာက္ ႏိုင္ငံတကာလံုၿခံဳေရးဆုိင္ရာ ညီလာခံ Moscow Conference of International Security 2021 (MCIS-2021) ကို ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္တဲ့အဖြဲ႔ သြားေရာက္တာ ျဖစ္ပါတယ္။

ဒီခရီးစဥ္ဟာ ႏိုင္ငံတကာ ပိတ္ဆို႔မႈေတြၾကားက စစ္လက္နက္ပစၥည္း ဝယ္ယူေရး စာခ်ဳပ္ခ်ဳပ္ဆိုမႈေတြ လုပ္ဖို႔ ျမန္မာစစ္ေကာင္စီရဲ႕ ေျခလွမ္းတခုသာ ျဖစ္တယ္လို႔ ျမန္မာ့ႏိုင္ငံေရး သုံးသပ္သူ ေဒါက္တာႏိုင္ေအာင္က ရႈျမင္ပါတယ္။

" ႐ုရွားနဲ႔ ျမန္မာစစ္တပ္က ရွည္လ်ားတဲ့ ဆက္ဆံေရး ရွိခဲ့ၾကတယ္။ ေနာက္ပိုင္းမွာ ႐ုရွားဆီက မဟာဗ်ဴဟာေျမာက္ လက္နက္ဝယ္ယူမႈေတြ ပိုမ်ားလာတယ္။ သတိထားမိသေလာက္ ဒီလို ႏိုင္ငံတကာလုံျခဳံေရးစည္းေဝးမ်ဳိးကို ျမန္မာဖက္က သြားတက္တာရွိတယ္။ ဒီညီလာခံက ႐ုရွားက ဦးေဆာင္ၿပီးမွ သူနဲ႔ လက္နက္ေရာင္းဝယ္ေန႐ုံသာ မကပဲနဲ႔ သူ႔နဲ႔စစ္ေရး ေလ့က်င့္မႈ တည္ေဆာက္မႈ လုပ္တဲ့ႏိုင္ငံေတြကို ေခၚၿပီးေတာ့မွ ဆက္ဆံေရး တိုးႁမွင့္လာတဲ့သေဘာပါ။ သတိထားမိတာတခုက ေဒၚေအာင္ဆန္းစုၾကည္တို႔ အစိုးရလက္ထက္မွာလည္း ႐ုရွားညီလာခံကို ခုလိုမ်ဳိးပဲ သြားတက္တယ္။ အဲဒီလိုမ်ဳိး စစ္ေရးအရ ႐ုရွားနဲ႔ မဟာမိတ္ဆန္ဆန္ လုပ္ခဲ့တာကို NLD အစိုးရ၊ လႊတ္ေတာ္တို႔က အဲဒီအခ်ိန္တုန္းက အသိမွတ္ျပဳခဲ့သလား ၊ အတည္ျပဳခဲ့သလား ဆိုတာကေတာ့ က်ေနာ္တို႔လည္း မသိခဲ့ရဘူး။ ကုလသမဂၢက လက္နက္ပိတ္ပင္မႈ ဆိုတာက တားဆီးတဲ့ သေဘာမ်ဳိးေလာက္ပဲ ၊ ေနာက္ၿပီး ဒါမ်ဳိးက လုံျခဳံေရးေကာင္စီက ထပ္လုပ္ေတာ့မွ တကယ္အသက္ဝင္ လာမယ့္ သေဘာေပါ့ ။ ဆိုေတာ့ ႐ုရွားနဲ႔ျမန္မာ ၾကားထဲမွာ စစ္ေရးဆက္ဆံမႈ လက္နက္ေရာင္းဝယ္ေရး ဆက္ဆံမႈက ဘာမွ ထူးထူးျခားျခား ေျပာင္းသြားမွာ မဟုတ္ဘူးလို႔ထင္တယ္။

အခု က်ေနာ္တို႔ သိထားရတဲ့ အေျခအေနေတြထဲမွာ နဂိုရွိထားၿပီးသား လက္နက္အေရာင္းဝယ္ကိစၥေတြကို ထပ္ဆင့္ၿပီးမွ စာခ်ဳပ္ေတြ ခ်ဳပ္ဖို႔ ရွိေနတယ္လို႔ေတာ့ က်ေနာ္တို႔ ၾကားထားပါတယ္။ "

အေမရိကန္ ဥေရာပသမဂၢနဲ႔ အျခားႏိုင္ငံတခ်ဳိ႕က ျမန္မာစစ္ေကာင္စီအေပၚ ဒဏ္ခတ္အေရးယူမႈေတြ လုပ္ထားခ်ိန္မွာ ႏိုင္ငံတကာ မ်က္ႏွာစာမွာ ျမန္မာစစ္ေကာင္စီကို သံတမန္ေရးအရ အကာကြယ္ေပးေနတာက တ႐ုတ္နဲ႔ ႐ုရွားျဖစ္ၿပီး - အခုတေခါက္ ရရွားက ဖိတ္တဲ့ ႏိုင္ငံတကာလံုၿခံဳေရးညီလာခံကို ဗိုလ္ခ်ဳပ္မွဴးႀကီး ကိုယ္တိုင္တက္ေရာက္တာဟာ စစ္ေကာင္စီအတြက္ လိုအပ္ေနတဲ့ စစ္ေရးနဲ႔ သံတမန္ေရး အကာအကြယ္ရဖို႔ ၾကဳိးပမ္းမႈျဖစ္တယ္လို႔ အေမရိကန္မွာေနတဲ့ ျမန္မာ့အေရးသုံးသပ္သူ ေဒါက္တာ တင့္ေဆြက ျမင္ပါတယ္။

" ႏိုင္ငံ အေတာ္မ်ားမ်ားက ဒဏ္ခတ္အေရးယူမႈထဲမွာ စစ္ေခါင္းေဆာင္ေတြကို ဗီဇာ ပိတ္ထားတဲ့အခ်ိန္မ်ဳိးမွာ သူ သြားခြင့္ရတဲ့ႏိုင္ငံကို သြားျပသလားလို႔ တခ်က္ စဥ္းစားမိပါတယ္။ ေနာက္တခုကေတာ့ ႏိုင္ငံတကာ အခင္းအက်င္းမွာ ႐ုရွားဟာ လက္နက္အင္အားအရ ၾကည့္ရင္ေတာ့ အင္အားအေတာ္ ႀကီးႀကီးမားမား ရွိပါတယ္။ သူ႔လက္နက္ေတြကလည္း အဆင့္အတန္း တစုံတရာရွိေတာ့ အဲဒီလက္နက္ ရေရးအတြက္ ျမန္မာစစ္ေကာင္စီက ႐ုရွားကို အားကိုးေနတာဟာ ေတာ္ေတာ္ကို သိသာေနတယ္ေပါ့ေနာ္။ ျမန္မာက သူ႔လက္နက္ အင္အားကို ျဖည့္ဖို႔အတြက္ ႐ုရွားကို ပိုၿပီးနီးကပ္ေအာင္ ေဆာင္ရြက္သလားလို႔ က်ေနာ္ယူဆပါတယ္။ ေနာက္ၿပီး သံတမန္ေရးရာအရ ၾကည့္ရင္လည္း သူတို႔ဟာ ဗီဇာေပးတဲ့ႏိုင္ငံေလာက္ပဲ သြားခြင့္ရွိတာကို သြားျပေနတာထက္ေတာ့ သိပ္ပိုတယ္လို႔ေတာ့ က်ေနာ္မထင္ဘူး။ "

႐ုရွားႏုိင္ငံက အိမ္ရွင္အျဖစ္က်င္းပတဲ့ ၉ ႀကိမ္ေျမာက္ ႏိုင္ငံတကာလံုၿခံဳေရးညီလာခံ Moscow Conference of International Security 2021 (MCIS-2021) ကို တက္ေရာက္ဖို႔ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ကို ႐ုရွားကာကြယ္ေရးဝန္ႀကီး Army General Sergey Kuzhugetovich Shoigu ဖိတ္ၾကားခဲ့တာပါ။

ဒီ ညီလာခံကို ဇြန္လ ၂၂-၂၄ ရက္ေန႔ထိ က်င္းပမွာျဖစ္ၿပီး ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္နဲ႔အတူ ဒုတိယဗိုလ္ခ်ဳပ္ႀကီးမိုးျမင့္ထြန္း၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီးရဲဝင္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ) ဗိုလ္ခ်ဳပ္ႀကီးမိုးေအာင္တို႔လည္း ႐ုရွားခရီးစဥ္မွာ လိုက္ပါသြားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္



[Unicode ]

မြန်မာစစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ် အပေါ် ဝေဖန်မှုတချို့

မော်စကိုမြို့မှာ ကျင်းပနေတဲ့ နိုင်ငံတကာလုံခြုံရေးဆိုင်ရာ ညီလာခံကို သွားတက်တဲ့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်ဟာ နိုင်ငံတကာ ပိတ်ဆို့မှုတွေကြားက စစ်လက်နက်ပစ္စည်းတွေ ဆက်လက်ရရှိစေဖို့နဲ့ သံတမန်ရေးအရ ရည်ရွယ်တဲ့ ခရီးစဉ်တခုအဖြစ် ရှုမြင်ကြောင်း နိုင်ငံရေးအကဲခတ် တချို့က သုံးသပ်ကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံထဲကို စစ်လက်နက် စီးဆင်းမှုကို တားမြစ်ကြဖို့ နိုင်ငံအများစုက မဲပေးဆုံးဖြတ်ခဲ့ကြတာပါ။ ဒါကလည်း ဖေဖေါ်ဝါရီလ(၁)ရက်နေ့ကစလို့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် အရပ်သားပြည်သူတွေနဲ့ လူငယ်တွေကို အကြမ်းဖက်နှိမ်နင်း ပစ်ခတ်မှုအတွင်း ခုချိန်ထိဆိုရင် လူပေါင်း (၈၇၀)ကျော် သေဆုံးခဲ့ရတဲ့အပေါ် နိုင်ငံတကာက တုန့်ပြန်လိုက်ကြတဲ့ သဘောလို့ သုံးသပ်ကြပါတယ်။

ဒီလိုအခြေအနေမှာ ရုရှားနိုင်ငံရဲ့ ဖိတ်ကြားမှုနဲ့ မော်စကိုမှာ နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ ၉ ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာ ညီလာခံ Moscow Conference of International Security 2021 (MCIS-2021) ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့အဖွဲ့ သွားရောက်တာ ဖြစ်ပါတယ်။

ဒီခရီးစဉ်ဟာ နိုင်ငံတကာ ပိတ်ဆို့မှုတွေကြားက စစ်လက်နက်ပစ္စည်း ဝယ်ယူရေး စာချုပ်ချုပ်ဆိုမှုတွေ လုပ်ဖို့ မြန်မာစစ်ကောင်စီရဲ့ ခြေလှမ်းတခုသာ ဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေး သုံးသပ်သူ ဒေါက်တာနိုင်အောင်က ရှုမြင်ပါတယ်။

" ရုရှားနဲ့ မြန်မာစစ်တပ်က ရှည်လျားတဲ့ ဆက်ဆံရေး ရှိခဲ့ကြတယ်။ နောက်ပိုင်းမှာ ရုရှားဆီက မဟာဗျူဟာမြောက် လက်နက်ဝယ်ယူမှုတွေ ပိုများလာတယ်။ သတိထားမိသလောက် ဒီလို နိုင်ငံတကာလုံခြုံရေးစည်းဝေးမျိုးကို မြန်မာဖက်က သွားတက်တာရှိတယ်။ ဒီညီလာခံက ရုရှားက ဦးဆောင်ပြီးမှ သူနဲ့ လက်နက်ရောင်းဝယ်နေရုံသာ မကပဲနဲ့ သူ့နဲ့စစ်ရေး လေ့ကျင့်မှု တည်ဆောက်မှု လုပ်တဲ့နိုင်ငံတွေကို ခေါ်ပြီးတော့မှ ဆက်ဆံရေး တိုးမြှင့်လာတဲ့သဘောပါ။ သတိထားမိတာတခုက ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရလက်ထက်မှာလည်း ရုရှားညီလာခံကို ခုလိုမျိုးပဲ သွားတက်တယ်။ အဲဒီလိုမျိုး စစ်ရေးအရ ရုရှားနဲ့ မဟာမိတ်ဆန်ဆန် လုပ်ခဲ့တာကို NLD အစိုးရ၊ လွှတ်တော်တို့က အဲဒီအချိန်တုန်းက အသိမှတ်ပြုခဲ့သလား ၊ အတည်ပြုခဲ့သလား ဆိုတာကတော့ ကျနော်တို့လည်း မသိခဲ့ရဘူး။ ကုလသမဂ္ဂက လက်နက်ပိတ်ပင်မှု ဆိုတာက တားဆီးတဲ့ သဘောမျိုးလောက်ပဲ ၊ နောက်ပြီး ဒါမျိုးက လုံခြုံရေးကောင်စီက ထပ်လုပ်တော့မှ တကယ်အသက်ဝင် လာမယ့် သဘောပေါ့ ။ ဆိုတော့ ရုရှားနဲ့မြန်မာ ကြားထဲမှာ စစ်ရေးဆက်ဆံမှု လက်နက်ရောင်းဝယ်ရေး ဆက်ဆံမှုက ဘာမှ ထူးထူးခြားခြား ပြောင်းသွားမှာ မဟုတ်ဘူးလို့ထင်တယ်။

အခု ကျနော်တို့ သိထားရတဲ့ အခြေအနေတွေထဲမှာ နဂိုရှိထားပြီးသား လက်နက်အရောင်းဝယ်ကိစ္စတွေကို ထပ်ဆင့်ပြီးမှ စာချုပ်တွေ ချုပ်ဖို့ ရှိနေတယ်လို့တော့ ကျနော်တို့ ကြားထားပါတယ်။ "

အမေရိကန် ဥရောပသမဂ္ဂနဲ့ အခြားနိုင်ငံတချို့က မြန်မာစစ်ကောင်စီအပေါ် ဒဏ်ခတ်အရေးယူမှုတွေ လုပ်ထားချိန်မှာ နိုင်ငံတကာ မျက်နှာစာမှာ မြန်မာစစ်ကောင်စီကို သံတမန်ရေးအရ အကာကွယ်ပေးနေတာက တရုတ်နဲ့ ရုရှားဖြစ်ပြီး - အခုတခေါက် ရရှားက ဖိတ်တဲ့ နိုင်ငံတကာလုံခြုံရေးညီလာခံကို ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင်တက်ရောက်တာဟာ စစ်ကောင်စီအတွက် လိုအပ်နေတဲ့ စစ်ရေးနဲ့ သံတမန်ရေး အကာအကွယ်ရဖို့ ကြိုးပမ်းမှုဖြစ်တယ်လို့ အမေရိကန်မှာနေတဲ့ မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာ တင့်ဆွေက မြင်ပါတယ်။

" နိုင်ငံ အတော်များများက ဒဏ်ခတ်အရေးယူမှုထဲမှာ စစ်ခေါင်းဆောင်တွေကို ဗီဇာ ပိတ်ထားတဲ့အချိန်မျိုးမှာ သူ သွားခွင့်ရတဲ့နိုင်ငံကို သွားပြသလားလို့ တချက် စဉ်းစားမိပါတယ်။ နောက်တခုကတော့ နိုင်ငံတကာ အခင်းအကျင်းမှာ ရုရှားဟာ လက်နက်အင်အားအရ ကြည့်ရင်တော့ အင်အားအတော် ကြီးကြီးမားမား ရှိပါတယ်။ သူ့လက်နက်တွေကလည်း အဆင့်အတန်း တစုံတရာရှိတော့ အဲဒီလက်နက် ရရေးအတွက် မြန်မာစစ်ကောင်စီက ရုရှားကို အားကိုးနေတာဟာ တော်တော်ကို သိသာနေတယ်ပေါ့နော်။ မြန်မာက သူ့လက်နက် အင်အားကို ဖြည့်ဖို့အတွက် ရုရှားကို ပိုပြီးနီးကပ်အောင် ဆောင်ရွက်သလားလို့ ကျနော်ယူဆပါတယ်။ နောက်ပြီး သံတမန်ရေးရာအရ ကြည့်ရင်လည်း သူတို့ဟာ ဗီဇာပေးတဲ့နိုင်ငံလောက်ပဲ သွားခွင့်ရှိတာကို သွားပြနေတာထက်တော့ သိပ်ပိုတယ်လို့တော့ ကျနော်မထင်ဘူး။ "

ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပတဲ့ ၉ ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ Moscow Conference of International Security 2021 (MCIS-2021) ကို တက်ရောက်ဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရုရှားကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shoigu ဖိတ်ကြားခဲ့တာပါ။

ဒီ ညီလာခံကို ဇွန်လ ၂၂-၂၄ ရက်နေ့ထိ ကျင်းပမှာဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်တို့လည်း ရုရှားခရီးစဉ်မှာ လိုက်ပါသွားကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG