သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္ေခါင္းေဆာင္နဲ႔ ႐ုရွားလံုျခံဳေရးေကာင္စီအတြင္းေရးမႈးေတြ႕ဆံု


ျမန္မာ အာဏာသိမ္းေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႈးၾကီး မင္းေအာင္လွုိင္ (ဓာတ္ပံု - Thet AUNG / AFP)

(Zawgyi/Unicode)

ရုရွားႏုိင္ငံကိုေရာက္ရွိေနတဲ့ ျမန္္မာစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈ္င္နဲ႔ ရုရွားလုံၿခဳံေရးေကာင္စီ အတြင္းေရးမႈး Nikolai Patrushev တို႔ တနလၤာေန႔မွာ ေတြ႔ဆုံၿပီး လုံၿခဳံေရးဆုိင္ရာကိစၥရပ္ေတြကို ေဆြးေႏြးခဲ့တယ္လို႔ ရုရွားတာ၀န္ရွိသူေတြက သတင္းထုတ္ျပန္ပါတယ္။

ႏွစ္ႏုိင္ငံ ဆက္ဆံေရး ခိုင္မာအားေကာင္းေအာင္ ေရွ ႔ဆက္လုပ္ေဆာင္ဖို႔ ကတိျပဳခဲ့ၾကတယ္လို႔လည္း ရုရွားလုံၿခဳံေရးေကာင္စီရဲ ႔ ေၾကျငာခ်က္မွာ ေျပာထားပါတယ္။ ရုရွားႏုိင္ငံမွာက်င္းပတဲ့လုံၿခဳံေရးဆုိင္ရာညီလာခံကိုတက္ေရာက္ဖို႔ တနဂၤေႏြေန႔မွာပဲ ရုရွားႏုိင္ငံကို ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ထြက္ခြါသြားတာပါ။ ရုရွားသမၼတ ဗလာဒီမီယာပူတင္နဲ႔ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ေတြ႔ဆုံမွာမဟုတ္ဘူးလို႔ ရုရွားအစိုးရေျပာခြင့္ရသူ Dmitry Peskov က တနလၤာေန႔အေစာပိုင္းက ေျပာၾကားခ်က္ကို Interfax သတင္းဌာနက ကိုးကား ေဖာ္ျပပါတယ္။

ဒီအခ်ိန္မွာပဲ ျမန္မာႏုိင္ငံတ၀ွမ္းမွာေတာ့ စစ္ေကာင္စီအေပၚ အာခံဆန္႔က်င္တဲ့ဆႏၵျပပြဲေတြ ၾကိဳၾကားေပၚေပါက္ေနသလို စစ္ေကာင္စီဖက္ကလည္း အၾကမ္းဖက္ ပစ္ခတ္ဖမ္းဆီးေနပါတယ္။ မြြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ ႔မွာ မေန႔ညက စစ္တပ္က ဆုိင္ကယ္စီးလာတဲ့လူငယ္ တခ်ိဳ႔ကိုရပ္ခိုင္းတာ မရပ္လို႔ဆိုၿပီး ပစ္ခတ္ခဲ့တာေၾကာင့္လူင္၂ ဦးေသဆုံးသြားတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ရွမ္းျပည္ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ ႔နဲ႔ မႏၱေလး၊ ျမင္းၿခံၿမိဳ ႔အပါအ၀င္ ေဒသတခ်ိဳ ႔မွာ အၾကမ္းဖက္ ရွာေဖြဖမ္းဆီးတာေတြ၊ ဗုံးကြဲတာေတြလည္း ၾကာေးနရပါတယ္။ စစ္ေကာင္စီတပ္ေတြ ေန႔စဥ္ဖမ္းဆီးမႈ ပစ္ခတ္မႈေတြ ရွိေနတဲ့ ၾကားကပဲ ပဲခူး၊ ဖားကန္႔၊ မႏၲေလး၊ ၿမိဳင္၊ ကေလး၊ လက္ပံေတာင္း စတဲ့ ေဒသေတြမွာ ခ်ိီတက္ဆႏၵျပတာေတြ၊ တနသၤာတုိင္း ထားဝယ္မွာလည္း စစ္တပ္ထုတ္ကုန္ေတြမသုံးၾကဖို႔ ဆႏၵျပႏႈိးေဆာ္မႈေတြနဲ႔ ခ်ီတက္ ဆႏၵျပခဲ့ပါတယ္။

..........................................................................

တိုက္႐ိုက္ လင့္ခ္


မြန်မာစစ်ခေါင်းဆောင်နဲ့ ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှုးတွေ့ဆုံ

(Unicode)

ရုရှားနိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှုး Nikolai Patrushev တို့ တနင်္လာနေ့မှာ တွေ့ဆုံပြီး လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ ရုရှားတာဝန်ရှိသူတွေက သတင်းထုတ်ပြန်ပါတယ်။

နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မာအားကောင်းအောင် ရှေ့ဆက်လုပ်ဆောင်ဖို့ ကတိပြုခဲ့ကြတယ်လို့လည်း ရုရှားလုံခြုံရေးကောင်စီရဲ့ ကြေငြာချက်မှာ ပြောထားပါတယ်။ ရုရှားနိုင်ငံမှာကျင်းပတဲ့လုံခြုံရေးဆိုင်ရာညီလာခံကိုတက်ရောက်ဖို့ တနင်္ဂနွေနေ့မှာပဲ ရုရှားနိုင်ငံကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထွက်ခွါသွားတာပါ။ ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွေ့ဆုံမှာမဟုတ်ဘူးလို့ ရုရှားအစိုးရပြောခွင့်ရသူ Dmitry Peskov က တနင်္လာနေ့အစောပိုင်းက ပြောကြားချက်ကို Interfax သတင်းဌာနက ကိုးကား ဖော်ပြပါတယ်။

ဒီအချိန်မှာပဲ မြန်မာနိုင်ငံတဝှမ်းမှာတော့ စစ်ကောင်စီအပေါ် အာခံဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေ ကြိုကြားပေါ်ပေါက်နေသလို စစ်ကောင်စီဖက်ကလည်း အကြမ်းဖက် ပစ်ခတ်ဖမ်းဆီးနေပါတယ်။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ မနေ့ညက စစ်တပ်က ဆိုင်ကယ်စီးလာတဲ့လူငယ် တချို့ကိုရပ်ခိုင်းတာ မရပ်လို့ဆိုပြီး ပစ်ခတ်ခဲ့တာကြောင့်လူင်၂ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နဲ့ မန္တလေး၊ မြင်းခြံမြို့အပါအဝင် ဒေသတချို့မှာ အကြမ်းဖက် ရှာဖွေဖမ်းဆီးတာတွေ၊ ဗုံးကွဲတာတွေလည်း ကြာေးနရပါတယ်။ စစ်ကောင်စီတပ်တွေ နေ့စဉ်ဖမ်းဆီးမှု ပစ်ခတ်မှုတွေ ရှိနေတဲ့ ကြားကပဲ ပဲခူး၊ ဖားကန့်၊ မန္တလေး၊ မြိုင်၊ ကလေး၊ လက်ပံတောင်း စတဲ့ ဒေသတွေမှာ ချီတက်ဆန္ဒပြတာတွေ၊ တနင်္သာတိုင်း ထားဝယ်မှာလည်း စစ်တပ်ထုတ်ကုန်တွေမသုံးကြဖို့ ဆန္ဒပြနှိုးဆော်မှုတွေနဲ့ ချီတက် ဆန္ဒပြခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG