သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပါအဝင် နိုင်ငံတကာအရေး ကုလအကြီးအကဲ ရုရှား နဲ့ သွားရောက်ဆွေးနွေးမည်


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့ ၂၀၁၈ ဇွန်လတုန်းက တွေ့ဆုံစဉ်
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့ ၂၀၁၈ ဇွန်လတုန်းက တွေ့ဆုံစဉ်

(Zawgyi/Unicode)

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ဟာ မေလထဲမှာ ရုရှားနိုင်ငံကို သွားရောက်မှာ ဖြစ်ပြီး ပဋိပက္ခတွေ ပြင်းထန်နေတဲ့ မြန်မာအပါအဝင် နိုင်ငံတွေ အရေးကို ဆွေးနွေးဖို့ရှိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ရုရှားဒုသံအမတ်ကြီး Dmitry Polyanskiy က ကြာသပတေးနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

ရုရှားအပေါ် နိုင်ငံတကာက ဝေဖန်မှုတွေ တိုးလာနေချိန်မှာ အတွင်းရေးမှူးချုပ်ရဲ့ ရုရှားခရီးစဉ် ထွက်ပေါ်လာလာ ဖြစ်ပါတယ်။

အတွင်းရေးမှူးချုပ်ဟာ မေလ ၁၂ ရက်ကနေ ၁၃ ရက်နေ့အထိ မော်စကိုမြို့တော်မှာ ရှိနေမှာ ဖြစ်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ကနေ သိပ်ကောင်းမွန်တဲ့ ရလဒ်ကောင်းတွေ ရမယ်လို့ မျှော်လင့်ထားကြောင်းလည်း Dmitry Polyanskiy က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒါပေမယ့် ဒီခရီးစဉ်အတွင်း ရုရှားသမ္မတ Vladimir Putin နဲ့ တွေ့ဆုံဖို့ ရှိ မရှိတော့ မပြောပါဘူး။

ရုရှားမှာပြုလုပ်မယ့် ဆွေးနွေးပွဲတွေ အတွင်း အတွင်းရေးမှူးချုပ်က ယူကရိန်းအရေးကနေ ၊ ဆီးရီးယား အရေးအပြင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ မြန်မာအရေး၊ လစ်ဗျားနဲ့ အာဖဂန်နစ်စတန် အရေးလို ကဏ္ဍစုံကို ဆွေးနွေးဖို့ရှိတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းခဲ့ပြီးတဲ့နောက်ပိုင်း မတည်မငြိမ်ဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ ပြဿနာကို မြန်မာပြည်သူတွေပဲ ဖြေရှင်းတာမျိုးကို သူလိုလားကြောင်း ရုရှားအစိုးရက ပြောကြားထားတာပါ။ ဒါပေမယ့် မြန်မာ့အရေးတွက် ရုရှားက သိပ်ကိုစိုးရိမ်နေသလို မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတာတွေကို သေချာဂရုစိုက် စောင့်ကြည့်လေ့လာနေကြောင်း ရုရှားအစိုးရပြောခွင့်ရ Dmitry Peskov က တနင်္လာနေ့မှာပဲ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေ သေဆုံးဒဏ်ရာရတဲ့ အထိ လုပ်ဆောင်နေတဲ့ စစ်တပ်ရဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ရုရှားအစိုးရက ပြောကြားထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


............


(Unicode)







XS
SM
MD
LG