သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆႏၵျပပြဲမွာပါ၀င္တဲ့ အေနာက္ႏိုင္ငံသံတမန္တခ်ဳိ႕ ႐ုရွားအစိုးရ ျပည္ႏွင္ဒဏ္ေပး


ပူတင္ ေလးႀကိမ္ေျမာက္ က်မ္းသစၥာမက်ိန္ခင္ က်င္ပတဲ့ ဆႏၵျပပြဲ၊ ေမ ၅၊ ၂၀၁၈။ (ဓာတ္ပံု-Reuters)

(Zawgyi/Unicode)
ဖမ္းဆီးေထာင္အခ်ခံထားရတဲ့ ရုရွားအတိုက္အခံနိုင္ငံေရးသမား Alexey Navalny ကို ေထာက္ခံတဲ့ ဆႏၵျပပြဲေတြမွာ သြားေရာက္ပါ၀င္တဲ့ အေနာက္တိုင္း သံတမန္ေတြကို တိုင္းျပည္က နွင္ထုတ္မယ္လို ့ရုရွားအစိုးရက ေသာၾကာေန ့က ေျပာပါတယ္။ ရုရွားနိုင္ငံျခားေရး၀န္ၾကီးဌာနအဆိုအရ St. Petersburg ျမိဳ ့က ပိုလန္နဲ ့ဆီြဒင္သံတမန္ေတြရယ္၊ ေမာ္စကိုျမိဳ ့က ဂ်ာမဏီသံတမန္တို႔ဟာ ျပီးခဲ့တဲ့ ဇန္န၀ါရီ ၂၃ က တရားမ၀င္တဲ့ ဆႏၵျပပြဲေတြမွာ ပါ၀င္ခဲ့တဲ့အတြက္ ပစ္မွတ္ထား အေရးယူဖို ့ရွိတယ္လို ့ဆိုပါတယ္။

ရုရွားအစိုးရကို ဦးေဆာင္ေ၀ဖန္ေနသူ အတိုက္အခံေခါင္းေဆာင္ Navalny ကို ဖမ္းဆီးခဲ့တဲ့အတြက္ အဲဒီေန႔က ရုရွားနိုင္ငံတ၀ွမ္းကလမ္းေတြမွာ လူေပါင္းေထာင္ခ်ီျပီး ဆႏၵထုတ္ေဖာ္ခဲ့ၾကတာျဖစ္ပါတယ္။

ရုရွားနဲ ့ဥေရာပသမဂၢတို ့ရဲ့ ဆက္ဆံေရးဟာ Navalny ကို ဖမ္းဆီးတဲ့အတြက္ အနိမ့္ဆံုးအေနအထားတရပ္ကို ေရာက္ရွိေနျပီး ရုရွားနိင္ငံျခားေရး၀န္ႀကီးဌာနရဲ့ ထုတ္ျပန္ခ်က္ထဲမွာေတာ့ ဒီလိုဆႏၵျပပြဲေတြမွာ ပါ၀င္တဲ့ သံတမန္ေတြကို လက္ခံထားဖြယ္ရာမရွိတဲ့ လူေတြအျဖစ္ ေဖာ္ျပထားျပီး အခ်ိန္တိုအတြင္း ရုရွားက ထြက္ခြာရမယ္လို ့ေဖာ္ျပထားပါတယ္။

ဆြီဒင္နိုင္ငံျခားေရးဌာန ေျပာခြင့္ရွိသူ အမ်ိဳးသမီးကေတာ့ ဆႏၵျပပြဲထဲ ဆီဒင္သံတမန္ပါ၀င္ခဲ့တယ္ဆိုတဲ့ ရုရွားရဲ့ စြပ္စြဲခ်က္ကို ဆြီဒင္နိုင္ငံအေနနဲ ့ျငင္းဆိုတယ္လို ့ေျပာပါတယ္။

ဂ်ာမန္၀န္ၾကီးခ်ဳပ္ Angela Merkel ကလည္း ဒီလုပ္ေဆာင္ခ်က္ကို ရွံဳ ့ခ်ခဲ့ျပီး၊ ျပင္သစ္သမၼတ Emmanuel Macron နဲ ့ လံုျခံဳေရးကိစၥရပ္ေတြေဆြးေႏြးအျပီးမွာ ဒီလိုေမာင္းထုတ္တာဟာ မမွ်တဘူးလို ့ ထင္တဲ့အေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ပိုလန္နိုင္ငံျခားေရးဌာနက ထုတ္ျပန္တဲ့ ေၾကညာခ်က္ထဲမွာေတာ့ ရုရွားအာဏာပိုင္ေတြအေနနဲ ့ ဒီဆံုးျဖတ္ခ်က္ကို ျပန္ျပင္ဖို ့သူတို ့ေမွ်ာ္လင့္ျပီး ဒါမွမဟုတ္ရင္ ပိုလန္နိုင္ငံအေနနဲ ့ရုရွက ကိုယ့္ဟာကိုယ္ထြက္ခြာဖို ့အတြက္ သင့္ေတာ္တဲ့ ေျခလွမ္းေတြကို ျပင္ဆင္သြားမယ္လို ့ဆိုပါတယ္။

Navalny ကို ၂၀၁၄ က သူ ့အေပၚ ခ်မွတ္ထားတဲ့ ေျခခ်ဳပ္ေဖာက္ဖ်က္မွုနဲ ့ ျပီးခဲ့တဲ့ အဂၤါေန ့က ေထာင္ဒဏ္ သံုးႏွစ္ခြဲ ခ်မွတ္ခဲ့တာေၾကာင့္ ျပည္တြင္းျပည္ပမွာ ရႈတ္ခ် အာခံမွု အေျမာက္အျမား ေပၚေပါက္လာခဲ့တာျဖစ္ပါတယ္။

......................................................................

တိုက္႐ိုက္ လင့္ခ္


ဆန္ဒပြပွဲမှာပါဝင်တဲ့ အနောက်နိုင်ငံသံတမန်တချို့ ရုရှားအစိုးရပြည်နှင်ဒဏ်ပေး

(Unicode)

ဖမ်းဆီးထောင်အချခံထားရတဲ့ ရုရှားအတိုက်အခံနိုင်ငံရေးသမား Alexey Navalny ကို ထောက်ခံတဲ့ ဆန္ဒပြပွဲတွေမှာ သွားရောက်ပါဝင်တဲ့ အနောက်တိုင်း သံတမန်တွေကို တိုင်းပြည်က နှင်ထုတ်မယ်လို့ရုရှားအစိုးရက သောကြာနေ့က ပြောပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနအဆိုအရ St. Petersburg မြို့က ပိုလန်နဲ့ဆွီဒင်သံတမန်တွေရယ်၊ မော်စကိုမြို့က ဂျာမဏီသံတမန်တို့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ က တရားမဝင်တဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့အတွက် ပစ်မှတ်ထား အရေးယူဖို့ရှိတယ်လို့ဆိုပါတယ်။

ရုရှားအစိုးရကို ဦးဆောင်ဝေဖန်နေသူ အတိုက်အခံခေါင်းဆောင် Navalny ကို ဖမ်းဆီးခဲ့တဲ့အတွက် အဲဒီနေ့က ရုရှားနိုင်ငံတဝှမ်းကလမ်းတွေမှာ လူပေါင်းထောင်ချီပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

ရုရှားနဲ့ဥရောပသမဂ္ဂတို့ရဲ့ ဆက်ဆံရေးဟာ Navalny ကို ဖမ်းဆီးတဲ့အတွက် အနိမ့်ဆုံးအနေအထားတရပ်ကို ရောက်ရှိနေပြီး ရုရှားနိင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ဒီလိုဆန္ဒပြပွဲတွေမှာ ပါဝင်တဲ့ သံတမန်တွေကို လက်ခံထားဖွယ်ရာမရှိတဲ့ လူတွေအဖြစ် ဖော်ပြထားပြီး အချိန်တိုအတွင်း ရုရှားက ထွက်ခွာရမယ်လို့ဖော်ပြထားပါတယ်။

ဆွီဒင်နိုင်ငံခြားရေးဌာန ပြောခွင့်ရှိသူ အမျိုးသမီးကတော့ ဆန္ဒပြပွဲထဲ ဆီဒင်သံတမန်ပါဝင်ခဲ့တယ်ဆိုတဲ့ ရုရှားရဲ့ စွပ်စွဲချက်ကို ဆွီဒင်နိုင်ငံအနေနဲ့ငြင်းဆိုတယ်လို့ပြောပါတယ်။

ဂျာမန်ဝန်ကြီးချုပ် Angela Merkel ကလည်း ဒီလုပ်ဆောင်ချက်ကို ရှုံ့ချခဲ့ပြီး၊ ပြင်သစ်သမ္မတ Emmanuel Macron နဲ့ လုံခြုံရေးကိစ္စရပ်တွေဆွေးနွေးအပြီးမှာ ဒီလိုမောင်းထုတ်တာဟာ မမျှတဘူးလို့ ထင်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

ပိုလန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ ရုရှားအာဏာပိုင်တွေအနေနဲ့ ဒီဆုံးဖြတ်ချက်ကို ပြန်ပြင်ဖို့သူတို့မျှော်လင့်ပြီး ဒါမှမဟုတ်ရင် ပိုလန်နိုင်ငံအနေနဲ့ရုရှက ကိုယ့်ဟာကိုယ်ထွက်ခွာဖို့အတွက် သင့်တော်တဲ့ ခြေလှမ်းတွေကို ပြင်ဆင်သွားမယ်လို့ဆိုပါတယ်။

Navalny ကို ၂၀၁၄ က သူ့အပေါ် ချမှတ်ထားတဲ့ ခြေချုပ်ဖောက်ဖျက်မှုနဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ထောင်ဒဏ် သုံးနှစ်ခွဲ ချမှတ်ခဲ့တာကြောင့် ပြည်တွင်းပြည်ပမှာ ရှုတ်ချ အာခံမှု အမြောက်အမြား ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG