(Zawgyi/Unicode)
အေမရိကန္ ဂြၽမ္းဘားမယ္ Simone Biles ဟာ သူ႔ရဲ႕ ၇ ႀကိမ္ေျမာက္ အိုလံပစ္ဆုတံဆိပ္ ဒီကေန႔ ဆြတ္ခူးလိုက္ပါတယ္။ အေစာပိုင္း အားကစားပြဲေတြမွာ မပါေတာ့ဖို႔ ေနာက္ဆုတ္ ခဲ့ၿပီးတဲ့ေနာက္ တန္းေပၚမွာ ထိန္းညႇိကစားရတဲ့ ၿပိဳင္ပြဲမွာ ဒီကေန႔ ယွဥ္ၿပိဳင္ကစားတာျဖစ္ၿပီး ေၾကးတံဆိပ္ဆု ရရွိသြားတာပါ။
ဒီကေန႔ၿပိဳင္ပြဲမွာ တ႐ုတ္ႏိုင္ငံက Guan Chenchen က ေ႐ႊတံဆိပ္ဆုနဲ႔ တ႐ုတ္ႏိုင္ငံကပဲ ေနာက္ထပ္ ဂြၽမ္းဘားမယ္ Tang Xijing က ေငြတံဆိပ္ဆု ဆြတ္ခူးခဲ့ၾကတာပါ။ Biles ဟာ သူ႔ရဲ႕စိတ္က်န္းမာေရး အားနည္းေနတဲ့အတြက္ လူနဲ႔စိတ္နဲ႔ တသားတည္းက်ေအာင္ ႀကိဳးစားေနရတာမို႔ တိုက်ိဳအိုလံပစ္ အားကစားပြဲစဥ္ အေတာ္မ်ားမ်ားမွာ မပါေတာ့ဖို႔ ေနာက္ဆုတ္ခဲ့တာျဖစ္ပါတယ္။ သူဟာ အိုလံပစ္ဆုတံဆိပ္ ၇ ခု အပါအဝင္ ကမာၻ႔ဂြၽမ္းဘား ခ်န္ပီယံဆု ၃၀ ေက်ာ္ ရထားသူျဖစ္ပါတယ္။
အေမရိကန္ဂြၽမ္းဘားမယ္ ေနာက္တဦးျဖစ္တဲ့ Sunisa Lee ကေတာ့ အခုက်င္းပေနတဲ့ တိုက်ိဳအိုလံပစ္ပြဲေတြမွာ ဆုတံဆိပ္ ၃ ခု ရထားၿပီးပါၿပီ။
ေလာေလာဆယ္အခ်ိန္အထိကေတာ့ တ႐ုတ္ႏိုင္ငံက ေ႐ႊ ၃၃ ခု၊ ေငြ ၂၀၊ ေၾကး ၁၆ ခုနဲ႔ အိုလံပစ္ဆုတံဆိပ္ေပါင္း ၆၈ ခုရထားၿပီး ေ႐ႊတံဆိပ္အမ်ားဆုံးရထားတဲ့ ႏိုင္ငံျဖစ္ပါတယ္။ အေမရိကန္ကေတာ့ ေ႐ႊ တံဆိပ္ ဒုတိယအမ်ားဆုံး ရထားၿပီး ေ႐ႊ ၂၂၊ ေငြ ၂၇ ၊ ေၾကး ၁၉ ခုရထားပါတယ္။ အိုလံပစ္ပြဲေတြကို အိမ္ရွင္အျဖစ္ က်င္းပေပးေနတဲ့ ဂ်ပန္ႏိုင္ငံကေတာ့ ေ႐ႊ ၁၉ ၊ ေငြ ၆ ၊ ေၾကး ၁၁ ခုနဲ႔ စုစုေပါင္း ဆုတံဆိပ္ ၃၆ ခုရထားၿပီး ေ႐ႊတံဆိပ္ တတိယအမ်ားဆုံးရထားတာ ျဖစ္ပါတယ္။
.............................................................................................
အမေရိကန်ဂျွမ်းဘားမယ် Simone Biles ၇ ကြိမ်မြောက် အိုလံပစ်ဆုတံဆိပ်ရရှိ
(Unicode)
အမေရိကန် ဂျွမ်းဘားမယ် Simone Biles ဟာ သူ့ရဲ့ ၇ ကြိမ်မြောက် အိုလံပစ်ဆုတံဆိပ် ဒီကနေ့ ဆွတ်ခူးလိုက်ပါတယ်။ အစောပိုင်း အားကစားပွဲတွေမှာ မပါတော့ဖို့ နောက်ဆုတ် ခဲ့ပြီးတဲ့နောက် တန်းပေါ်မှာ ထိန်းညှိကစားရတဲ့ ပြိုင်ပွဲမှာ ဒီကနေ့ ယှဉ်ပြိုင်ကစားတာဖြစ်ပြီး ကြေးတံဆိပ်ဆု ရရှိသွားတာပါ။
ဒီကနေ့ပြိုင်ပွဲမှာ တရုတ်နိုင်ငံက Guan Chenchen က ရွှေတံဆိပ်ဆုနဲ့ တရုတ်နိုင်ငံကပဲ နောက်ထပ် ဂျွမ်းဘားမယ် Tang Xijing က ငွေတံဆိပ်ဆု ဆွတ်ခူးခဲ့ကြတာပါ။ Biles ဟာ သူ့ရဲ့စိတ်ကျန်းမာရေး အားနည်းနေတဲ့အတွက် လူနဲ့စိတ်နဲ့ တသားတည်းကျအောင် ကြိုးစားနေရတာမို့ တိုကျိုအိုလံပစ် အားကစားပွဲစဉ် အတော်များများမှာ မပါတော့ဖို့ နောက်ဆုတ်ခဲ့တာဖြစ်ပါတယ်။ သူဟာ အိုလံပစ်ဆုတံဆိပ် ၇ ခု အပါအဝင် ကမ္ဘာ့ဂျွမ်းဘား ချန်ပီယံဆု ၃၀ ကျော် ရထားသူဖြစ်ပါတယ်။ အမေရိကန်ဂျွမ်းဘားမယ် နောက်တဦးဖြစ်တဲ့ Sunisa Lee ကတော့ အခုကျင်းပနေတဲ့ တိုကျိုအိုလံပစ်ပွဲတွေမှာ ဆုတံဆိပ် ၃ ခု ရထားပြီးပါပြီ။
လောလောဆယ်အချိန်အထိကတော့ တရုတ်နိုင်ငံက ရွှေ ၃၃ ခု၊ ငွေ ၂၀၊ ကြေး ၁၆ ခုနဲ့ အိုလံပစ်ဆုတံဆိပ်ပေါင်း ၆၈ ခုရထားပြီး ရွှေတံဆိပ်အများဆုံးရထားတဲ့ နိုင်ငံဖြစ်ပါတယ်။ အမေရိကန်ကတော့ ရွှေ တံဆိပ် ဒုတိယအများဆုံး ရထားပြီး ရွှေ ၂၂၊ ငွေ ၂၇ ၊ ကြေး ၁၉ ခုရထားပါတယ်။ အိုလံပစ်ပွဲတွေကို အိမ်ရှင်အဖြစ် ကျင်းပပေးနေတဲ့ ဂျပန်နိုင်ငံကတော့ ရွှေ ၁၉ ၊ ငွေ ၆ ၊ ကြေး ၁၁ ခုနဲ့ စုစုပေါင်း ဆုတံဆိပ် ၃၆ ခုရထားပြီး ရွှေတံဆိပ် တတိယအများဆုံးရထားတာ ဖြစ်ပါတယ်။