သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

F-35 ဂျက်တိုက်လေယာဉ် အစိတ်အပိုင်းတွေ အစ္စရေးတင်ပို့ခွင့် နယ်သာလန်တရားရုံးတားမြစ်


အစ္စရေးကို F-35 ဂျက်တိုက်လေယာဉ် အစိတ်အပိုင်းတွေ နယ်သာလန်က တင်ပို့ခွင့် တားမြစ်ဖို့ နယ်သာလန်နိုင်ငံ The Hague မြို့က တရားရုံးမှာ အမှုရင်ဆိုင်နေတဲ့ ရှေ့နေများကိုတွေ့ရစဉ် (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၄)
အစ္စရေးကို F-35 ဂျက်တိုက်လေယာဉ် အစိတ်အပိုင်းတွေ နယ်သာလန်က တင်ပို့ခွင့် တားမြစ်ဖို့ နယ်သာလန်နိုင်ငံ The Hague မြို့က တရားရုံးမှာ အမှုရင်ဆိုင်နေတဲ့ ရှေ့နေများကိုတွေ့ရစဉ် (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၄)

အစ္စရေးနိုင်ငံကို F-35 ဂျက်တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ပို့ခွင့် တားမြစ်ဖို့ နယ်သာလန်နိုင်ငံ အယူခံတရားရုံးက ဒီကနေ့ပဲ အမိန့်ချလိုက်ပါတယ်။ ဂါဇာဒေသမှာ အစ္စရေးရဲ့ စစ်ဆင်ရေးအပေါ် စိုးရိမ်မှုတွေကြောင့် လူ့အခွင့်အရေး အဖွဲ့တွေက တရားရုံးမှာ တိုင်ကြားခဲ့ပြီးနောက် အခုလို အမိန့်ချလိုက်တာပါ။ နယ်သာလန်နိုင်ငံက တင်ပို့တဲ့ F-35 အစိတ်အပိုင်းတွေကို ကြီးလေးတဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ရာမှာ အသုံးချနိုင်တဲ့ အန္တရာယ်ရှိတယ်ဆိုတာ ထင်ရှားတယ်လို့လည်း တရားရုံးက ပြောပါတယ်။

ဂျာမနီနိုင်ငံ ဘာလင်မြို့ လေယာဉ်ပြပွဲတခုမှာတွေ့ရတဲ့ Lockheed Martin ကုမ္ပဏီထုတ် F-35 ဖိုက်တာဂျက်လေယာဉ်
ဂျာမနီနိုင်ငံ ဘာလင်မြို့ လေယာဉ်ပြပွဲတခုမှာတွေ့ရတဲ့ Lockheed Martin ကုမ္ပဏီထုတ် F-35 ဖိုက်တာဂျက်လေယာဉ်

ပြီးခဲ့တဲ့ အောက်တိုဘာလက ဟာမတ်စ်စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ လူ ၁၂၀၀ လောက် သေဆုံးခဲ့တဲ့အပေါ် လက်တုံ့ပြန်တဲ့ အနေနဲ့ ဂါဇာဒေသမှာ ထိုးစစ်ဆင်နေရာမှာ စစ်ရာဇဝတ်မှု ကျုးလွန်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်ကိုတော့ အစ္စရေးက ငြင်းဆန်ထားပါတယ်။ ဂါဇာဒေသက ဟာမတ်စ်ထိန်းချုပ်ထားတဲ့ ကျန်းမာရေးဌာနကတော့ အစ္စရေးရဲ့ စစ်ဆင်ရေးတွေအတွင်း ပါလက်စတိုင်း ၂၈၃၀၀ သေဆုံးကြောင်း သတင်းထုတ်ပြန်ထားတာပါ။ နယ်သာလန်အစိုးရ အနေနဲ့ တရားရုံး အမိန့်ကို ၇ ရက်အတွင်း လိုက်နာကျင့်သုံးဖို့လည်း ညွှန်ကြားထားပါတယ်။ တရားရုံး ဆုံးဖြတ်ချက်ကိုတော့ အယူခံခွင့်ရှိပါတယ်။ အမေရိကန်လုပ် F-35 ဂျက်တိုက်လေယာဉ် အစိတ်အပိုင်းတွေ ထားတဲ့ ကုန်လှောင်ရုံတွေကို နယ်သာလန် နိုင်ငံက လက်ခံထားပြီး၊ နိုင်ငံအများအပြားကို တင်ပို့နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG