သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူးယစ်မှောင်ခိုမှုအတွက် အလိုရှိနေသူကို ထိုင်းနိုင်ငံထံ မြန်မာလွှဲပြောင်းပေးအပ်


ထိုင်းအစိုးရကအလိုရှိနေတဲ့ မူးယစ်တရားခံနိုင်ဂျေစဒါကို မြန်မာအာဏာပိုင်တွေကဖမ်းဆီးခဲ့ပြီး မတ်လ၉ရက်နေ့မှာ ထိုင်းဘက်ကိုလွှဲပြောင်းပေးခဲ့
ထိုင်းအစိုးရကအလိုရှိနေတဲ့ မူးယစ်တရားခံနိုင်ဂျေစဒါကို မြန်မာအာဏာပိုင်တွေကဖမ်းဆီးခဲ့ပြီး မတ်လ၉ရက်နေ့မှာ ထိုင်းဘက်ကိုလွှဲပြောင်းပေးခဲ့

ထိုင်းဘက်ကဘတ်ငွေ တသန်းဆုကြေးထုတ်ထားတဲ့ မူးယစ်တရားခံ နိုင်ဂျေစဒါကို ထိုင်းမြန်မာနယ်စပ် မဲဆိုင်-တာချီလိတ်ချစ်ကြည်ရေးတံတားကနေ မတ်လ၉ရက်နေ့က မြန်မာဘက်မှ တရားဝင်လွဲပြောင်းပေးခဲ့ပြီး ထိုင်းရဲချုပ်က မဲဆိုင်မြို့မှာ ကိုယ်တိုင် လာရောက်လက်ခံခဲ့ပါတယ်။ ဒီရက်ပိုင်းမှာပဲစိတ်ကြွဆေးပြား ၁၅သန်းကျော်နဲ့ အိုက်စ်မူးယစ်ဆေးတတန်ခွဲကိုလည်း ထိုင်းအာဏာပိုင်တွေကဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်၊

ထိုင်းအစိုးရကအလိုရှိနေတဲ့ မူးယစ်တရားခံနိုင်ဂျေစဒါကို မြန်မာအာဏာပိုင်တွေကဖမ်းဆီးခဲ့ပြီး မတ်လ၉ရက်နေ့မှာတော့ ထိုင်းဘက်ကိုလွှဲပြောင်းပေးခဲ့တာပါ။

အမှတ်(၅) ဒေသ ရဲချုပ် ပီရသဝိချိုင် ကိုယ်တိုင် ထိုင်းမြန်မာနယ်စပ် မဲဆိုင်မြို့ကို လာရောက်ပြီး ထိုင်းအစိုးရအလိုရှိနေတဲ့ မူးယစ်တရားခံ နိုင်ဂျေစဒါကို လွဲပြောင်းလက်ခံခဲ့တာဖြစ်ပါတယ်။ မြန်မာအာဏာပိုင်တွေဘက်က တရားဝင် လွှဲပြောင်းပေးခဲ့သူ နိုင် ဂျေစဒါကို ထိုင်းတရားရုံးက ၂၀၁၆ခုနှစ်မှာ ထိုင်းနိုင်ငံအတွင်း စိတ်ကြွဆေးပြား သန်းနဲ့ချီ သယ်ဆောင် ကုန်ကူးမှုနဲ့ပါတ်သက်ပြီး ဖမ်းဝရမ်းထုတ်ထားတာပါ။ မူးယစ်တရားခံဟာ မြန်မာနိုင်ငံတာချီလိတ်မြို့ကိုထွက်ပြေးတိမ်းရှောင်နေခဲ့တာကြောင့် သူ့ကို ဖမ်းမိနိုင်ဘို့ဆုငွေ ဘတ် (၁) သန်း ထုတ်ခဲ့တာဖြစ်ပါတယ်။

သူဟာ မြန်မာနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးကိုယ်ပိုင် နိုက်ကလပ်ဖွင့်ပြီး မူးယစ်ဆေးဝါးတွေကို ထိုင်းနိုင်ငံထဲ ဆက်လက် တင်သွင်းနေတာကြောင့် သူ့ကို ဖမ်းမိနိုင်ဘို့ ထိုင်းရဲတပ်ဖွဲ့က ဘတ်ငွေတသန်းဆုငွေထုတ်ထားတာဖြစ်ပါတယ်။

သူ့ကို တာချီလိတ်အာဏာပိုင်တွေက ဟိုတည်တခုမှာ ဖမ်းမိသွားခဲ့ပြီး လဝကကဥပဒေနဲ့ အရေးယူ ထောင်ချပြီးတဲ့နေယက် အခုလို တရားဝင်လာရောက်လွဲပြောင်း ပေးခဲ့တာပါ။ အမှတ်(၅) ဒေသ ရဲချုပ် ပီရ သဝိချိုင်က အခုလိုပြောသွားပါတယ်၊

အခုမြန်မာဘက်ကို ထွက်ပြေးနေတဲ့ မူးယစ်တရာခံကို မြန်မာအာဏာပိုင်တွေနဲ့ ညှိနိုင်းအကြောင်းကြားပြီး တောင်းဆိုခဲ့တာဖြစ်ပါတယ်။ မူးယစ်တရားခံတွေဟာ ယခုအခါ မှာအိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်လို့တရားခံတွေမိနိုင်ဘို့ မြန်မာ လာအို အာဏာပိုင်တွေနဲ့ ညိနိုင်းပြီး ပူးပေါင်လုပ်ဆောင်သွားမှာဖြစ်ပါတယ်လို့ထိုင်းဘာသာနဲ့ပြောသွားတာပါ။

ထိုင်း မူးယစ်နိမ်နင်းရေးနဲ့ နယ်စပ်အာဏာပိုင်တွေဟာ ရွှေကြိဂံဒေသကနေ ဆက်တိုက်ဝင်ရောက်လာေိတဲ့ မူးယစ်ဆေးဝါးတွေကို ပိတ်ဆို့စစ်ဆေးဖမ်းဆီးမှုတွေလုပ်ဆောင်နေရာမှာ မတ်လ အတွင်းမှာပဲ စိတ်ကြွဆေးပြား၁၅ သန်းကျော် အိုက်စ်မူးယစ်ဆေးတတန်ခွဲကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဒီရက်ပိုင်းပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG