ထိုင္းႏိုင္ငံကိုျဖတ္ၿပီး ျမန္မာအလုပ္သမားေတြ မေလးရွားႏိုင္ငံဘက္ တရားမဝင္ တင္ပို႔ေနတဲ့ ကြန္ယက္အဖြဲ႕ေခါင္းေဆာင္ အမ်ိဳးသမီးကို ထိုင္း လူဝင္မႈႀကီးၾကပ္ေရး ရဲတပ္ဖြဲ႕က ဖမ္းဆီးလိုက္ပါတယ္။
အသက္ ၅၃ ႏွစ္အ႐ြယ္ Ms. Palinee ေခၚ Che Mai ကို Nonthaburi ခ႐ိုင္အတြင္းက သူမေနအိမ္မွာ မေန႔ မတ္လ ၇ ရက္ေန႔က ဖမ္းဆီးမိလိုက္ျခင္းျဖစ္ေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးဌာန ဌာနခြဲ ၆ ရဲ႕ အထူးစုံစမ္း စစ္ေဆးေရးမႈး ရဲအရာရွိ Denchai Charoenyut က ေျပာပါတယ္။
Ms. Palinee ဟာ Sa Kaew ခ႐ိုင္အတြင္းက ပို႔ေဆာင္ေရးကုမၸဏီတစ္ခုမွာ မန္ေနဂ်ာအျဖစ္ တာဝန္ထမ္းေဆာင္ေနသူ ျဖစ္ပါတယ္။ သူမဟာ ထိုင္း−ျမန္မာနယ္စပ္နဲ႔ ထိုင္း−မေလးရွားနယ္စပ္တို႔မွာရွိၾကတဲ့ ပြဲစားေတြနဲ႔ေပါင္းၿပီး ျမန္မာက တရားမဝင္အလုပ္သမားေတြကို တင္ပို႔ေနတာလို႔ ဆိုပါတယ္။
သူမအေနနဲ႔ အနည္းဆုံး တရားမဝင္လူေမွာင္ခိုကူးမႈ ၇ ႀကိမ္ေလာက္ ျပဳလုပ္ခဲ့တယ္လို႔ ဆိုပါတယ္။ အလားတူဘဲ သူမရဲ႕ကြန္ရက္နဲ႔ ခ်ိတ္ဆက္ လုပ္ေဆာင္ေနသူ ၁၃ ဦးကိုလည္း ထိုင္းႏိုင္ငံေတာင္ပိုင္း Surat Thani ၊ Songkhla ၊ Pattani ၊ Yala စတဲ့ ျပည္နယ္ေတြမွာ တရားမဝင္ ဝင္ေရာက္လာသူေတြကို ပို႔ေဆာင္ေပးမႈ၊ ေနရာထိုင္ခင္း စီစဥ္ေပးမႈတို႔နဲ႔ ဖမ္းဝရမ္းထုတ္ထားတယ္လို႔ ဆိုပါတယ္။ အဲဒီထဲက တခ်ိဳ႕ကိုေတာ့ အခ်ိန္မွာ ဖမ္းမိထားၿပီလို႔ ဆိုပါတယ္။
ျမန္မာႏိုင္ငံကလာၾကတဲ့ တရားမဝင္ အလုပ္သမားေတြအေနနဲ႔ မေလးရွားကို သြားေရာက္ခြင့္ရဖို႔ ပို႔ေဆာင္ခ တဦးကို ထိုင္းဘတ္ေငြ ၁၇,၅၀၀ စီ ေပးၾကရတယ္လို႔ ဆိုပါတယ္။
{Unicode}
မလေးရှားကို မြန်မာအလုပ်သမားတွေ တရားမဝင်တင်ပို့နေသူကို ထိုင်းရဲဖမ်းမိ
ထိုင်းနိုင်ငံကိုဖြတ်ပြီး မြန်မာအလုပ်သမားတွေ မလေးရှားနိုင်ငံဘက် တရားမဝင် တင်ပို့နေတဲ့ ကွန်ယက်အဖွဲ့ခေါင်းဆောင် အမျိုးသမီးကို ထိုင်း လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
အသက် ၅၃ နှစ်အရွယ် Ms. Palinee ခေါ် Che Mai ကို Nonthaburi ခရိုင်အတွင်းက သူမနေအိမ်မှာ မနေ့ မတ်လ ၇ ရက်နေ့က ဖမ်းဆီးမိလိုက်ခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဌာန ဌာနခွဲ ၆ ရဲ့ အထူးစုံစမ်း စစ်ဆေးရေးမှုး ရဲအရာရှိ Denchai Charoenyut က ပြောပါတယ်။
Ms. Palinee ဟာ Sa Kaew ခရိုင်အတွင်းက ပို့ဆောင်ရေးကုမ္ပဏီတစ်ခုမှာ မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ သူမဟာ ထိုင်း−မြန်မာနယ်စပ်နဲ့ ထိုင်း−မလေးရှားနယ်စပ်တို့မှာရှိကြတဲ့ ပွဲစားတွေနဲ့ပေါင်းပြီး မြန်မာက တရားမဝင်အလုပ်သမားတွေကို တင်ပို့နေတာလို့ ဆိုပါတယ်။
သူမအနေနဲ့ အနည်းဆုံး တရားမဝင်လူမှောင်ခိုကူးမှု ၇ ကြိမ်လောက် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အလားတူဘဲ သူမရဲ့ကွန်ရက်နဲ့ ချိတ်ဆက် လုပ်ဆောင်နေသူ ၁၃ ဦးကိုလည်း ထိုင်းနိုင်ငံတောင်ပိုင်း Surat Thani ၊ Songkhla ၊ Pattani ၊ Yala စတဲ့ ပြည်နယ်တွေမှာ တရားမဝင် ဝင်ရောက်လာသူတွေကို ပို့ဆောင်ပေးမှု၊ နေရာထိုင်ခင်း စီစဥ်ပေးမှုတို့နဲ့ ဖမ်းဝရမ်းထုတ်ထားတယ်လို့ ဆိုပါတယ်။ အဲဒီထဲက တချို့ကိုတော့ အချိန်မှာ ဖမ်းမိထားပြီလို့ ဆိုပါတယ်။
မြန်မာနိုင်ငံကလာကြတဲ့ တရားမဝင် အလုပ်သမားတွေအနေနဲ့ မလေးရှားကို သွားရောက်ခွင့်ရဖို့ ပို့ဆောင်ခ တဦးကို ထိုင်းဘတ်ငွေ ၁၇,၅၀၀ စီ ပေးကြရတယ်လို့ ဆိုပါတယ်။