သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှားရှားပါးပါး နေကြတ်မှုဖြစ်စဉ် သြစတြေးလျနဲ့ အင်ဒိုနီးရှားမှာတွေ့ရ


အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာရာ (Surabaya) မြို့မှာ နေကြတ်တာကိုအတူကြည့်နေတဲ့ မိသားစုတစု (ဧပြီ ၂၀၊ ၂၀၂၃)
အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာရာ (Surabaya) မြို့မှာ နေကြတ်တာကိုအတူကြည့်နေတဲ့ မိသားစုတစု (ဧပြီ ၂၀၊ ၂၀၂၃)

သြစတြေးလျနိုင်ငံ အနောက်မြောက်ပိုင်းမှာ ကြုံတောင့်ကြုံခဲ ရှားရှားပါးပါး နေကြတ်တာကို လူတွေ ထောင်နဲ့ချီ စုဝေးပြီးတော့ ကြည့်ရှုခဲ့ကြပါတယ်။ အခုလို နေကြတ်တာကို အင်ဒိုနီးရှားနိုင်ငံက တချို့ အပိုင်းတွေနဲ့ အရှေ့တီမောနိုင်ငံတွေကလည်း တွေ့နိုင်ပြီး၊ အဲဒီလို နေကြတ်တာကြောင့် တမိနစ်လောက် အဲဒီနေရာတွေမှာ လုံး၀ မှောင်ကျသွားခဲ့ပါတယ်။

နေကြတ်တဲ့အချိန်စုစုပေါင်းက ၃ နာရီလောက်ရှိပြီး၊ အဲဒီနေရာအများစုကတော့ ပင်လယ်ထဲမှာ ဖြစ်ပါတယ်။ ကောင်းကင်မှာ နေနဲ့လနဲ့ ကမ္ဘာနဲ့ တတန်းတည်းကျပြီး နေနဲ့လ ရဲ့ အရွယ်အစားက အတူတူလောက်နီးနီး ဖြစ်သွားတဲ့အချိန်မှာ အခုလို နေကြတ်တာ ဖြစ်ပေါ်လေ့ရှိပြီး လုံးဝနေကြတ်တာ နဲ့ တစိတ်တပိုင်း နေကြတ်တာတွေကို တွေ့ရတတ်ပါတယ်။

အခုလို နေကြတ်တာမျိုးကိုတော့ ဆယ်စုနှစ်တခုမှာ တခါတွေ့ရပြီး၊ နောက်တကြိမ်ကတော့ ၂၀၃၁ ခုနှစ်မှာ တွေ့ရမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့က နေကြတ်ချိန်အတွင်းမြင်ရတဲ့ ကောင်းကင် (ဧပြီ ၂၀၊ ၂၀၂၃)
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့က နေကြတ်ချိန်အတွင်းမြင်ရတဲ့ ကောင်းကင် (ဧပြီ ၂၀၊ ၂၀၂၃)
XS
SM
MD
LG