(Zawgyi/Unicode)
ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္ ေျမာက္ပိုင္းမွာ မေန႔ကတိုက္ပြဲျဖစ္ပြားၿပီး တပ္မေတာ္သား ၁၃ ဦး ဖမ္းမိထားတယ္လို႔ ရခိုင္လက္နက္ကိုင္အဖြဲ႔ AA ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။
မေန႔က ပလက္ဝဘက္မွာ တိုက္ပြဲျဖစ္တာ မရွိသလို AA ဘက္က သတင္းအမွားေတြ ထုတ္ျပန္ေနတာျဖစ္တယ္လို႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ ေျပာခြင့္ရ ဗိုလ္မွဴးႀကီး ဝင္းေဇာ္ဦးက ေျပာပါတယ္။ အျပည့္အစံုကိုေတာ့ VOA ျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က ေျပာျပေပးမွာပါ။
ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕၊ ကာရမေခ်ာင္းအေနာက္ဖက္ ေတာင္တန္း မွာ မေန႔က တပ္မေတာ္နဲ႔ AA အဖြဲ႔တို႔ တိုက္ပြဲ အျပင္းအထန္းျဖစ္ပြားခဲ့ၿပီး အရာခံဗိုလ္တစ္ေယာက္နဲ႔ ဗိုလ္တစ္ေယာက္ အပါဝင္ တပ္မေတာ္သား ၁၃ဦးကို ဖမ္းဆီးထားတယ္လို႔ AA အဖြဲ႔ ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။
"ႏိုင္ဝင္ဘာလ ၁၉ ရက္ေန႔မွာပဲ ပလက္ဝၿမိဳ႕နယ္ ပကာဝ ရြာရဲ႕ေတာင္ဘက္ ၃ကီလိုမီတာခြဲအေက်ာ္ေလာက္ မွာရွိတဲ့ ကာရမေခ်ာင္းရဲ႕ အေနာက္ဖက္ကေ တာင္တန္းမွာ က်ေနာ္တို႔ ရခိုင့္တပ္ေတာ္ ရွိတဲ့ ေနရာကို ထိုးစစ္ဆင္ တိုက္ခိုက္လာတဲ့ ဗမာစစ္တပ္ရဲ႕ တပ္မ ၇၇ လက္ေအာက္ခံ ခမရ ၃၁၃နဲ႔ ေနၿပီးေတာ့ က်ေနာ္တို႔ ရခိုင့္တပ္ေတာ္နဲ႔ အျပင္းအထန္ တိုက္ပြဲျဖစ္တာ ရွိတယ္။ တိုက္ပြဲ ျဖစ္တာကေတာ့ ေန႔လည္ တစ္နာရီမွာ စျဖစ္တာပါ။ ေန႔လည္တစ္နာရီကေနၿပီးေတာ့ တစ္နာရီခြဲေလာက္အထိ တိုက္ပြဲအျပင္းအထန္ျဖစ္တယ္။ တစ္နာရီခြဲ ေလာက္မွာေတာ့ တိုက္ပြဲရပ္သြားတာေပါ့ေနာ္ အဲဒီတိုက္ပြဲအတြင္းမွာ ရန္သူ႔ဘက္ကေနၿပီးေတာ့ ၉ဦး က်ဆံုးၿပီးေတာ့ ဒီလက္နက္ခ် အညံ့ခံတာကေတာ့ ၁၃ဦးရွိတယ္ဗ်။ အဲဒီ ၁၃ဦးထဲမွာ အရာခံဗိုလ္ တစ္ဦးရယ္ ေနာက္ ဗုိလ္တစ္ဦးရယ္ေပါ့ေနာ္။ အရာရွိႏွစ္ေယာက္ ပါတယ္။ ၿပီးေတာ့ လက္နက္ ၁၃လက္ သိမ္းဆီးရမိတယ္။ ေနာက္ၿပီးေတာ့ ခဲယမ္း မီးေက်ာက္ေတြ စစ္အသံုးေဆာင္ပစၥည္းေတြ သိမ္းဆီးရမိတာရွိတယ္။ အခုက်ေနာ္တို႔ စစ္ေျမျပင္က ဖမ္းဆီးရမိထားတဲ့ စစ္သုံ႔ပန္း ၁၃ဦးကို က်ေနာ္တို႕ ရခိုင့္တပ္ေတာ္ရဲ႕ စစ္သံု႔ပန္းဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းဥပေဒေတြနဲ႔ ေနာက္ႏိုင္ငံတကာစစ္သံု႔ပန္း ဥပေဒေတြနဲဲ႔အညီ ေကာင္းေကာင္းမြန္မြန္ ဆက္ၿပီးေတာ့ ထိန္းသိမ္းထားမွာျဖစ္တယ္ဗ်ာ။"
တပ္မေတာ္ ဘက္ကေတာ့ မေန႔က ေျမပံုၿမိဳ႕နယ္၊ ေယာေခ်ာင္းဘက္မွာ တိုက္ပြဲျဖစ္ပြားတာရွိခဲ့ၿပီး ပလက္ဝ ဘက္မွာေတာ့ ဘာတိုက္ပြဲမွမရွိသလို AA အဖြဲ႔က သတင္းအမွားေတြ ထုတ္ျပန္ေနတာျဖစ္တယ္လို႔ အေနာက္ပိုင္း တိုင္း စစ္ဌာနခ်ဳပ္ ေျပာခြင့္ရ ဗိုလ္မွဴးႀကီး ဝင္းေဇာ္ဦးက ေျပာပါတယ္။
"အဲဒီထုတ္ျပန္ခ်က္က မွားတယ္လို႔ပဲေျပာခ်င္တယ္။ ဟိုးအရင္တုန္းက အမွားႀကီးကို စုေပါင္းစပ္ေပါင္း အကုန္ေလ်ာက္တင္ထားတာ။ မရွိဘူး မရွိဘူး မေန႔ကတုန္းက ပလက္ဝေျမာက္ပိုင္းမွာတိုက္ပြဲျဖစ္တာလည္း မရွိ္ဘူး အဖမ္းခံရတာလည္း မရွိဘူး။ မေန႔က တိုက္ပြဲျဖစ္တာက ေျမပံုၿမိဳ႕နယ္ထဲက ေယာေခ်ာင္းတံတား ဝန္းက်င္မွာပဲ အုပ္ခ်ဳပ္ေရးမွဴးယာဥ္တန္း ဆြဲမိုင္း ၂လံုးအဆြဲခံရတာရွိတယ္။ ကားနည္းနည္း ထိခိုက္သြားတယ္ ပ်က္သြားတယ္။ စစ္သည္ ႏွစ္ေယာက္ ၃ေယာက္ေလာက္ ဒဏ္ရာရတယ္ ဒါပဲရွိတယ္။ "
အခုရက္ပိုင္းအတြင္းမွာပဲ ရခိုင္ေျမာက္ပိုင္းမွာ တိုက္ပြဲေတြ ျပင္းထန္လာေနပါတယ္။ မေန႔ကလည္း ေျမပံုၿမိဳ႕နယ္၊ ေယာေခ်ာင္း အနီးမွာ ေလယာဥ္ေတြနဲ႔ ပစ္ခတ္ေနတာရွိၿပီး ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ေပါက္ဝေက်းရြာမွာ တပ္မေတာ္ စစ္ေၾကာင္းတစ္ခု မိုင္းဆြဲ တိုက္ခိုက္ခံခဲ့ရတယ္လုိ႔ ဆုိပါတယ္။ ဒါေပမယ့္ တပ္မေတာ္ဘက္က အဲဒီလုိ တုိက္ခုိက္ခံရျခင္းမရွိေၾကာင္း အေနာက္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္ ေျပာခြင့္ရ ဗုိလ္မွဴးႀကီး ၀င္းေဇာ္ဦးက ျငင္းဆုိပါတယ္။
ဒီေန႔မွာလည္း ဘူးသီးေတာင္ဘက္မွာ လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေနတာေၾကာင့္ သူတုိ႔အေနနဲ႔ ေၾကာက္လန္႔ေနရတယ္လုိ႔ ေဒသခံေတြက ေျပာပါတယ္။
ရခိုင္ေျမာက္ပိုင္းတိုက္ပြဲအတြင္းမွာ အရပ္သားေတြ စစ္ဘက္ဆိုင္ရာတာဝန္ရွိသူေတြ တစ္ျခားဌာဆိုင္ရာဝန္ ထမ္းေတြဟာလည္း မၾကာခဏဆိုသလုိ ႏွစ္ဘက္ ဖမ္းဆီးစစ္ေဆးတာေတြကို ခံေနၾကရပါတယ္။ တပ္မေတာ္ဖက္ကလည္း လံုၿခံဳေရးအရ အရပ္သားေတြကို ဖမ္းဆီးစစ္ေဆးတာေတြ ရွိေနသလို ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ကလည္း စစ္ဖက္ဆိုင္ရာ တာဝန္ရွိသူေတြနဲ႔ လႊတ္ေတာ္ အမတ္တစ္ဦး ကိုလည္းဖမ္းဆီးထားတာေတြ လုပ္ေဆာင္ေနပါတယ္။
................
တိုက်ပွဲတွင်း တပ်မတော်သား ၁၃ ဦးဖမ်းဆီးမိဟု AA ထုတ်ပြန်
(Unicode)
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် မြောက်ပိုင်းမှာ မနေ့ကတိုက်ပွဲဖြစ်ပွားပြီး တပ်မတော်သား ၁၃ ဦး ဖမ်းမိထားတယ်လို့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။ မနေ့က ပလက်ဝဘက်မှာ တိုက်ပွဲဖြစ်တာ မရှိသလို AA ဘက်က သတင်းအမှားတွေ ထုတ်ပြန်နေတာဖြစ်တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။ အပြည့်အစုံကိုတော့ VOA မြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ပြောပြပေးမှာပါ။
ချင်းပြည်နယ်၊ ပလက်ဝမြို့၊ ကာရမချောင်းအနောက်ဖက် တောင်တန်း မှာ မနေ့က တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲ အပြင်းအထန်းဖြစ်ပွားခဲ့ပြီး အရာခံဗိုလ်တစ်ယောက်နဲ့ ဗိုလ်တစ်ယောက် အပါဝင် တပ်မတော်သား ၁၃ဦးကို ဖမ်းဆီးထားတယ်လို့ AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။
"နိုင်ဝင်ဘာလ ၁၉ ရက်နေ့မှာပဲ ပလက်ဝမြို့နယ် ပကာဝ ရွာရဲ့တောင်ဘက် ၃ကီလိုမီတာခွဲအကျော်လောက် မှာရှိတဲ့ ကာရမချောင်းရဲ့ အနောက်ဖက်ကတောင်တန်းမှာ ကျနော်တို့ ရခိုင့်တပ်တော် ရှိတဲ့ နေရာကို ထိုးစစ်ဆင် တိုက်ခိုက်လာတဲ့ ဗမာစစ်တပ်ရဲ့ တပ်မ ၇၇ လက်အောက်ခံ ခမရ ၃၁၃နဲ့ နေပြီးတော့ ကျနော်တို့ ရခိုင့်တပ်တော်နဲ့ အပြင်းအထန် တိုက်ပွဲဖြစ်တာ ရှိတယ်။ တိုက်ပွဲဖြစ်တာကတော့ နေ့လည် တစ်နာရီမှာ စဖြစ်တာပါ။ နေ့လည်တစ်နာရီကနေပြီးတော့ တစ်နာရီခွဲလောက်အထိ တိုက်ပွဲအပြင်းအထန်ဖြစ်တယ်။ တစ်နာရီခွဲ လောက်မှာတော့ တိုက်ပွဲရပ်သွားတာပေါ့နော် အဲဒီတိုက်ပွဲအတွင်းမှာ ရန်သူ့ဘက်ကနေပြီးတော့ ၉ဦး ကျဆုံးပြီးတော့ ဒီလက်နက်ချ အညံ့ခံတာကတော့ ၁၃ဦးရှိတယ်ဗျ။ အဲဒီ ၁၃ဦးထဲမှာ အရာခံဗိုလ် တစ်ဦးရယ် နောက် ဗိုလ်တစ်ဦးရယ်ပေါ့နော်။ အရာရှိနှစ်ယောက် ပါတယ်။ ပြီးတော့ လက်နက် ၁၃လက် သိမ်းဆီးရမိတယ်။ နောက်ပြီးတော့ ခဲယမ်း မီးကျောက်တွေ စစ်အသုံးဆောင်ပစ္စည်းတွေ သိမ်းဆီးရမိတာရှိတယ်။ အခုကျနော်တို့ စစ်မြေပြင်က ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်း ၁၃ဦးကို ကျနော်တို့ ရခိုင့်တပ်တော်ရဲ့ စစ်သုံ့ပန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းဥပဒေတွေနဲ့ နောက်နိုင်ငံတကာစစ်သုံ့ပန်း ဥပဒေတွေနဲ့အညီ ကောင်းကောင်းမွန်မွန် ဆက်ပြီးတော့ ထိန်းသိမ်းထားမှာဖြစ်တယ်ဗျာ။"
တပ်မတော် ဘက်ကတော့ မနေ့က မြေပုံမြို့နယ်၊ ယောချောင်းဘက်မှာ တိုက်ပွဲဖြစ်ပွားတာရှိခဲ့ပြီး ပလက်ဝ ဘက်မှာတော့ ဘာတိုက်ပွဲမှမရှိသလို AA အဖွဲ့က သတင်းအမှားတွေ ထုတ်ပြန်နေတာဖြစ်တယ်လို့ အနောက်ပိုင်း တိုင်း စစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။
"အဲဒီထုတ်ပြန်ချက်က မှားတယ်လို့ပဲပြောချင်တယ်။ ဟိုးအရင်တုန်းက အမှားကြီးကို စုပေါင်းစပ်ပေါင်း အကုန်လျောက်တင်ထားတာ။ မရှိဘူး မရှိဘူး မနေ့ကတုန်းက ပလက်ဝမြောက်ပိုင်းမှာတိုက်ပွဲဖြစ်တာလည်း မရှိဘူး အဖမ်းခံရတာလည်း မရှိဘူး။ မနေ့က တိုက်ပွဲဖြစ်တာက မြေပုံမြို့နယ်ထဲက ယောချောင်းတံတား ဝန်းကျင်မှာပဲ အုပ်ချုပ်ရေးမှူးယာဉ်တန်း ဆွဲမိုင်း ၂လုံးအဆွဲခံရတာရှိတယ်။ ကားနည်းနည်း ထိခိုက်သွားတယ် ပျက်သွားတယ်။ စစ်သည် နှစ်ယောက် ၃ယောက်လောက် ဒဏ်ရာရတယ် ဒါပဲရှိတယ်။ "
အခုရက်ပိုင်းအတွင်းမှာပဲ ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်လာနေပါတယ်။ မနေ့ကလည်း မြေပုံမြို့နယ်၊ ယောချောင်း အနီးမှာ လေယာဉ်တွေနဲ့ ပစ်ခတ်နေတာရှိပြီး ကျောက်တော်မြို့နယ်၊ ပေါက်ဝကျေးရွာမှာ တပ်မတော် စစ်ကြောင်းတစ်ခု မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တပ်မတော်ဘက်က အဲဒီလို တိုက်ခိုက်ခံရခြင်းမရှိကြောင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ငြင်းဆိုပါတယ်။
ဒီနေ့မှာလည်း ဘူးသီးတောင်ဘက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် သူတို့အနေနဲ့ ကြောက်လန့်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်မြောက်ပိုင်းတိုက်ပွဲအတွင်းမှာ အရပ်သားတွေ စစ်ဘက်ဆိုင်ရာတာဝန်ရှိသူတွေ တစ်ခြားဌာဆိုင်ရာဝန် ထမ်းတွေဟာလည်း မကြာခဏဆိုသလို နှစ်ဘက် ဖမ်းဆီးစစ်ဆေးတာတွေကို ခံနေကြရပါတယ်။ တပ်မတော်ဖက်ကလည်း လုံခြုံရေးအရ အရပ်သားတွေကို ဖမ်းဆီးစစ်ဆေးတာတွေ ရှိနေသလို ရခိုင်လက်နက်ကိုင် AA အဖွဲ့ကလည်း စစ်ဖက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ လွှတ်တော် အမတ်တစ်ဦး ကိုလည်းဖမ်းဆီးထားတာတွေ လုပ်ဆောင်နေပါတယ်။