သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဦးေ၀ွ႔တင္းအဖမ္းခံရမႈ လႊတ္ေတာ္အေရးႀကီးအဆို က်ိဳးေၾကာင္းဆီေလ်ာ္မရွိဟု AA တုံ႔ျပန္


ခ်င္းျပည္နယ္ အမ်ဳိးသားလႊတ္ေတာ္ကုိယ္စားလွယ္ ဦးေဝွ႔တင္း။ (ဓာတ္ပုံ - အမ်ဳိးသားလႊတ္ေတာ္ဝက္ဘ္ဆုိက္)

(Zawgyi/ Unicode)

ခ်င္းျပည္နယ္ ပလက္၀ျမိဳ႕နယ္ မဲဆႏၵနယ္က အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေ၀ွ႔တင္းကို ဖမ္းဆီးခဲ့တဲ့အေပၚ ကန္႔ကြက္ရႈတ္ခ်ေၾကာင္းနဲ႔ အျမန္ဆုံးျပန္လႊတ္ေပးဖို႔ ျပည္ေထာင္စုလႊတ္ေတာ္ ပုံမွန္အစည္းေ၀းမွာ ျပည္သူ႔လႊတ္ေတာ္ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာလွမိုးက အေရးႀကီး အဆိုတင္သြင္းခဲ့တာမွာ က်ိဳးေၾကာင္းဆီေလ်ာ္ မရွိဘူးလို႔ AA ရခိုင္လက္နက္ကိုင္ အဖြဲ႕တာ၀န္ရွိသူက တုံ႔ျပန္ေျပာဆိုခဲ့တာပါ။ ဦးေ၀ွ႔တင္းနည္းတူ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒါက္တာေအးေမာင္ကို အစိုးရကဖမ္းဆီးထားတဲ့ လုပ္ရပ္ဟာလည္း ဥပေဒကို လိုသလိုအသံုးခ်ေနတာလို႔လည္း ဆိုပါတယ္။ ျပည္ေထာင္စုလႊတ္ေတာ္အတြင္း အေရးၾကီးအဆိုကို နို၀င္ဘာ ၁၈ ရက္ေန႔မွာ ေဆြးေႏြးသြားမွာျဖစ္ျပီး ေဒါက္တာ ေအးေမာင္ဟာ တည္ဆဲဥပေဒကို ခ်ိဳးေဖါက္လို႔ ဖမ္းဆီးခံရတာျဖစ္ေၾကာင့္ NLD အမတ္ေတြက ေျပာပါတယ္။ ဒီအေျခအေနကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္နိုင္ကြန္းအိန္ကေန သတင္းေပးပို႔ထားပါတယ္။

အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေ၀ွ႔တင္းဖမ္းဆီးခဲ့မႈနဲ႔ ပတ္သက္လို႔ ျပည္ေထာင္စုလႊတ္ေတာ္အတြင္း ဒီလို အေရးၾကီး အဆိုတင္သြင္းတာဟာ က်ိဳးေၾကာင္းဆီေလ်ာ္ မရွိဘူးလို႔ AA ရခိုင္လက္နက္ကိုင္အဖြဲ႔ ေျပာခြင့္ရ ခိုင္သုခက ဆိုပါတယ္။

“ဦေ၀ွ႔တင္းအဖမ္းခံရတဲ့ ကိစၥေနာ္။ သူကပါလီမာန္အမတ္တေယာက္အေနနဲ႔ သူ႔အလုပ္ကိုသူ မလုပ္ဘဲနဲ႔ ဗမာစစ္တပ္ရဲ႕ ေထာက္လွန္းေရးလုပ္ငန္းေတြကို သူကေနျပီးေတာ့ တေလွ်ာက္လုပ္ေနတယ္။ တဘက္မွာ ဘာသာေရးလူမ်ိဳးေရး ပဋိပကၡေတြ ျဖစ္ေမာင္ေနျပီးေတာ့မွ ေနာက္ကြယ္ကေနျပီးေတာ့ လူငယ္ေတြကို ေသြးထိုးလံႈ႕ေဆာင္ျပီးေတာ့ လုပ္ေနတဲ့ ဥစၥာေတာ့ရွိတယ္။ အဲတာေၾကာင့္မို႔လို႔ ဦးေ၀ွ႔တင္းက အဖမ္းခံရတာ။ ဆိုေတာ့ သူ႔ကိုက်ေနာ္တို႔ ဖမ္းဆီးတဲ့အတြက္ ေၾကာင့္လို႔ ပါလီမာန္မွာေနျပီးေတာ့ လႊတ္ေပးဖို႔အတြက္တင္ေနတယ္ဆိုတဲ့ ဥစၥာက ဘယ္လိုမွ က်ိဳးေၾကာင္းဆီေလ်ာ္မႈ မရွိတဲ့ ကိစၥျဖစ္တယ္။ ဒီဦးေ၀ွ႔တင္းကိစၥနဲ႔ ပတ္သက္ျပီးေတာ့ က်ေနာ္တို႔ ဘာမွခ်န္ထားတာ မရွိဘူး။ က်ေနာ္တို႔ဒါ လုပ္သင့္လုပ္ထိုက္တာကို လုပ္ေနတာလို႔ပဲ က်ေနာ္တို႔ အခိုင္မာေျပာနိုင္တယ္ဗ်။”

နို၀င္ဘာ ၁၃ ရက္ေန႔မွာက်င္းပတဲ့ ဒုတိယအႀကိမ္ေျမာက္ ျပည္ေထာင္စုလႊတ္ေတာ္ ၁၄ ႀကိမ္ေျမာက္ ပံုမွန္အစည္း အေ၀းမွာ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေ၀ွ႔တင္းကိုဥပေဒမဲ့ဖမ္းဆီးတာကို ရႈတ္ခ်ေၾကာင္း အဆိုရွင္ျဖစ္သူ မႏၱေလးတိုင္း ေဒသႀကီး ေအာင္ေျမသာဇံ မဲဆႏၵနယ္က ျပည္သူ႔လႊတ္ေတာ္ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာလွမိုးက အခုလိုေျပာပါတယ္။

“လႊတ္ေတာ္ကို က်ေနာ္က အေရးၾကီးအဆို တင္လိုက္တာပဲေလ။ ဒါကိုက်ေနာ္တို႔ ၁၈၊ ၁၉ ရက္ေန႔က်မွ ကိုယ္စား လွယ္ေတြကေဆြးေႏြးၾကမွာ။ က်ေနာ္တို႔က ဥပေဒမဲ့အၾကမ္းဖက္ ဖမ္းဆီးတာမ်ိဳး ျပင္းထန္စြာကန္႔ ကြက္ရႈတ္ခ်ပါတယ္။ ”

ဒီႏွစ္အတြင္းမွာ အမ်ိဳးသားလႊတ္ေတာ ္ကိုယ္စားလွယ္ဦးေ၀ွ႔တင္းကို ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ကဖမ္းဆီးခဲ့သလို အမ္းျမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ္ကိုယ္စားလွယ္ ေဒါက္တာေအးေမာင္ကိုလည္း နိုင္ငံေတာ္ပုန္ကန္မႈနဲ႔ နိုင္ငံေတာ္အၾကည္ ညိဳပ်က္ေစမႈပုဒ္မနဲ႔ ဒီမတ္လမွာ ျမန္မာအာဏာပိုင္ေတြကေန စြဲခ်က္တင္ျပီးေထာင္ဒဏ္ ၂၂ ႏွစ္ခ်မွတ္ခဲ့ပါတယ္။

ေဒါက္တာေအးေမာင္ဖမ္းဆီးခံရတာဟာ တည္ဆဲဥပေဒကို ခ်ိဳးေဖါက္လို႔ျဖစ္ေၾကာင္း ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒါက္တာလွမိုးကဆိုပါတယ္။

“တည္ဆဲဥပေဒကို ေဒါက္တာေအးေမာင္က ခ်ိဳးေဖါက္တဲ့အတြက္ က်ေနာ္တို႔က ဥပေဒအရဖမ္းဆီးတယ္။ ဖမ္းဆီးျပီးတဲ့အခါမွာ ရံုးတင္တယ္၊ တရားစြဲတယ္၊ စစ္ေဆးတယ္၊ ေမးျမန္းတယ္။ ျပီးရင္ျပန္လည္ ေခ်ပခြင့္ေတြျပဴျပီးမွ လုပ္ျခင္းျဖစ္ပါတယ္။ သူ႔အေနနဲ႔ နိုင္ငံေတာ္ရဲ႕ တည္ဆဲဥပေဒကိုခ်ိဳေဖါက္တာ ဥပေဒအရ အေရးယူျခင္းခံရတဲ့အတြက္က်ေနာ္တို႔ အေနနဲ႔ ဘာမွေျပာစရာအေၾကာင္း မရွိပါဘူး။”

AA ေျပာခြင့္ရခိုင္သုခကေတာ့ ေဒါက္တာေအးေမာင္ ဖမ္းဆီးေထာင္ခ်ခံရတာဟာ အစိုးရအေနနဲ႔ ဥပေဒကို လိုသလို အသုံးခ်ေနတယ္လို႔ ေ၀ဖန္ထားပါတယ္။

“ပါလီမာန္အမတ္မို႔လို႔ ဦးေ၀ွ႔တင္းကိုေနျပီးေတာ့ လႊတ္ေပးသင့္တယ္ဆိုလို႔ရွိရင္ ေဒါက္တာေအးေမာင္လို ရခိုင္ျပည္သူ တရပ္လုံးကေနေထာက္ခံထားတဲ့ ပုဂၢိဳလ္မ်ိဳးကိုက်လို႔ရွိရင္ သူတို႔ ဘာျဖစ္လို႔ မတရားပုဒ္မေတြ တပ္ျပီးေတာ့ ဖမ္းဆီး ေထာင္ခ်ခဲ့သလဲ။ အခုဦးေ၀ွ႔တင္းကို ဖမ္းမွပဲ တိုင္းရင္းသား စည္းလုံးညီညြတ္ေရးကို ထိခိုက္တယ္တို႔။ အမ်ိဳးသားရင္ၾကား ေစ့ေရးကို ထိခိုက္တယ္တို႔ အဲဒီလိုမ်ိဳးေတြ ေျပာလာတဲ့ဥစၥာကေတာ့ ဥပေဒကို သူတို႔လိုသလိုမ်ိဳးဆြဲျပီးေတာ့ အဲဒီလိုမ်ိဳး က်င့္သုံးေနတဲ့ဥစၥကေတာ့ ဒါဘယ္လိုမွ လက္ခံနိုင္စရာမရွိတဲ့ကိစၥ ျဖစ္တယ္။”

AA တပ္ဖြဲ႔ကေန ဖမ္းဆီးထားတဲ့ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္အမ်ဴိးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေ၀ွ႔တင္းကို အျမန္ဆံုးျပန္လႊတ္ေပးဖို႔ ခ်င္းအရပ္ဘက္ လူမႈအဖြဲ႔အစည္း ၄၀ေက်ာ္က ႏို၀င္ဘာလ ၁၁ ရက္ေန႔က ေတာင္းဆိုခဲ့ၾကပါတယ္။

ဒီကေန႔အထိ ျပန္လြတ္ေျမာက္လာတာ မရွိေသးတဲ့အတြက္ တိုင္းရင္းသားအဖြဲ႕စည္း တခ်ိဳ႕နဲ႔ ပူးေပါင္းျပီးရန္ကုန္ျမိဳ႕မွာ အစည္းေ၀း က်င္းပေတာင္းဆိုသြားဖို႔ ျပင္ဆင္ေနဆဲလို႔ ခ်င္းလူ႔အခြင့္အေရးအဖြဲ႔ CHRO က ဒါရိုက္တာတစ္ဦးျဖစ္တဲ့ ဆလိုင္းလ်န္က ေျပာပါတယ္။

“က်ေနာ္တို႔ ထုတ္ျပန္ေၾကညာခ်က္ထုတ္ျပီးမွ က်ေနာ္တို႔ မီဒီယာမွာေျပာတဲ့ဟာ ရွိတယ္။ အဲတာကေတာ့ သူတို႔ မလႊတ္ေပးဘူးလို႔ ေျပာတဲ့ဟာေတာ့ ရွိတယ္။ ဒါေပမဲ့က်ေနာ္ဘက္အေနနဲ႔ ေနာက္ထပ္တဆင့္ ဖိတ္စာေပးဖို႔ကို က်ေနာ္တို႔ ေလာေလာဆယ္လုပ္ေနတဲ့ဟာေတာ့ ရွိတယ္။ အခုျပင္ဆင္ေနတဲ့ဟာေတာ့ ရွိတယ္။”

ပလက္၀ၿမိဳ႕နယ္ အမ်ဴိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေ၀ွ႔တင္းကို ၿပီးခဲ့တဲ့ ႏို၀င္ဘာလ ၃ ရက္ေန႔က အိႏိၵယႏုိင္ငံသား ၅ ဦး၊ စကာျပန္ ၂ ဦး၊ စက္ေလွေမာင္းသမား ၂ တို႔နဲ႔အတူ ကုလားတန္ျမစ္ေၾကာင္းေပၚမွာ AA တပ္ဖြဲ႔က ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။ အိႏိၵယႏုိင္ငံသားနဲ႔ က်န္တဲ့လူေတြအားလံုးကိုေတာ့ ေနာက္တေန႔မွာ ျပန္လႊတ္ေပးခဲ့ေပမယ့္ ဦးေ၀ွ႔တင္း ကိုေတာ့ ေအေအ တပ္ဖြဲ႔က ယေန႔ခ်ိန္ထိ ဆက္လက္ဖမ္းဆီးထားဆဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဦးဝှေ့တင်းအဖမ်းခံရမှု လွှတ်တော်အရေးကြီးအဆို ကျိုးကြောင်းဆီလျော်မရှိဟု AA တုံ့ပြန်

ချင်းပြည်နယ် ပလက်ဝမြို့နယ် မဲဆန္ဒနယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဖမ်းဆီးခဲ့တဲ့အပေါ် ကန့်ကွက်ရှုတ်ချကြောင်းနဲ့ အမြန်ဆုံးပြန်လွှတ်ပေးဖို့ ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းဝေးမှာ ပြည်သူ့လွှတ်တော် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက အရေးကြီး အဆိုတင်သွင်းခဲ့တာမှာ ကျိုးကြောင်းဆီလျော် မရှိဘူးလို့ AA ရခိုင်လက်နက်ကိုင် အဖွဲ့တာဝန်ရှိသူက တုံ့ပြန်ပြောဆိုခဲ့တာပါ။ ဦးဝှေ့တင်းနည်းတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို အစိုးရကဖမ်းဆီးထားတဲ့ လုပ်ရပ်ဟာလည်း ဥပဒေကို လိုသလိုအသုံးချနေတာလို့လည်း ဆိုပါတယ်။ ပြည်ထောင်စုလွှတ်တော်အတွင်း အရေးကြီးအဆိုကို နိုဝင်ဘာ ၁၈ ရက်နေ့မှာ ဆွေးနွေးသွားမှာဖြစ်ပြီး ဒေါက်တာ အေးမောင်ဟာ တည်ဆဲဥပဒေကို ချိုးဖေါက်လို့ ဖမ်းဆီးခံရတာဖြစ်ကြောင့် NLD အမတ်တွေက ပြောပါတယ်။ ဒီအခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးဝှေ့တင်းဖမ်းဆီးခဲ့မှုနဲ့ ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်အတွင်း ဒီလို အရေးကြီး အဆိုတင်သွင်းတာဟာ ကျိုးကြောင်းဆီလျော် မရှိဘူးလို့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ ပြောခွင့်ရ ခိုင်သုခက ဆိုပါတယ်။

“ဦဝှေ့တင်းအဖမ်းခံရတဲ့ ကိစ္စနော်။ သူကပါလီမာန်အမတ်တယောက်အနေနဲ့ သူ့အလုပ်ကိုသူ မလုပ်ဘဲနဲ့ ဗမာစစ်တပ်ရဲ့ ထောက်လှန်းရေးလုပ်ငန်းတွေကို သူကနေပြီးတော့ တလျှောက်လုပ်နေတယ်။ တဘက်မှာ ဘာသာရေးလူမျိုးရေး ပဋိပက္ခတွေ ဖြစ်မောင်နေပြီးတော့မှ နောက်ကွယ်ကနေပြီးတော့ လူငယ်တွေကို သွေးထိုးလှုံ့ဆောင်ပြီးတော့ လုပ်နေတဲ့ ဥစ္စာတော့ရှိတယ်။ အဲတာကြောင့်မို့လို့ ဦးဝှေ့တင်းက အဖမ်းခံရတာ။ ဆိုတော့ သူ့ကိုကျနော်တို့ ဖမ်းဆီးတဲ့အတွက် ကြောင့်လို့ ပါလီမာန်မှာနေပြီးတော့ လွှတ်ပေးဖို့အတွက်တင်နေတယ်ဆိုတဲ့ ဥစ္စာက ဘယ်လိုမှ ကျိုးကြောင်းဆီလျော်မှု မရှိတဲ့ ကိစ္စဖြစ်တယ်။ ဒီဦးဝှေ့တင်းကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဘာမှချန်ထားတာ မရှိဘူး။ ကျနော်တို့ဒါ လုပ်သင့်လုပ်ထိုက်တာကို လုပ်နေတာလို့ပဲ ကျနော်တို့ အခိုင်မာပြောနိုင်တယ်ဗျ။”

နိုဝင်ဘာ ၁၃ ရက်နေ့မှာကျင်းပတဲ့ ဒုတိယအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်၁၄ ကြိမ်မြောက် ပုံမှန်အစည်း အဝေးမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကိုဥပဒေမဲ့ဖမ်းဆီးတာကို ရှုတ်ချကြောင်း အဆိုရှင်ဖြစ်သူ မန္တလေးတိုင်း ဒေသကြီး အောင်မြေသာဇံမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက အခုလိုပြောပါတယ်။

“လွှတ်တော်ကို ကျနော်က အရေးကြီးအဆို တင်လိုက်တာပဲလေ။ ဒါကိုကျနော်တို့ ၁၈၊ ၁၉ ရက်နေ့ကျမှ ကိုယ်စား လှယ်တွေကဆွေးနွေးကြမှာ။ ကျနော်တို့က ဥပဒေမဲ့အကြမ်းဖက် ဖမ်းဆီးတာမျိုး ပြင်းထန်စွာကန့် ကွက်ရှုတ်ချပါတယ်။ ”

ဒီနှစ်အတွင်းမှာ အမျိုးသားလွှတ်တော ်ကိုယ်စားလှယ်ဦးဝှေ့တင်းကို ရခိုင်လက်နက်ကိုင် AA အဖွဲ့ကဖမ်းဆီးခဲ့သလို အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကိုလည်း နိုင်ငံတော်ပုန်ကန်မှုနဲ့ နိုင်ငံတော်အကြည် ညိုပျက်စေမှုပုဒ်မနဲ့ ဒီမတ်လမှာ မြန်မာအာဏာပိုင်တွေကနေ စွဲချက်တင်ပြီးထောင်ဒဏ် ၂၂ နှစ်ချမှတ်ခဲ့ပါတယ်။

ဒေါက်တာအေးမောင်ဖမ်းဆီးခံရတာဟာ တည်ဆဲဥပဒေကို ချိုးဖေါက်လို့ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုးကဆိုပါတယ်။

“တည်ဆဲဥပဒေကို ဒေါက်တာအေးမောင်က ချိုးဖေါက်တဲ့အတွက် ကျနော်တို့က ဥပဒေအရဖမ်းဆီးတယ်။ ဖမ်းဆီးပြီးတဲ့အခါမှာ ရုံးတင်တယ်၊ တရားစွဲတယ်၊ စစ်ဆေးတယ်၊ မေးမြန်းတယ်။ ပြီးရင်ပြန်လည် ချေပခွင့်တွေပြူပြီးမှ လုပ်ခြင်းဖြစ်ပါတယ်။ သူ့အနေနဲ့ နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေကိုချိုဖေါက်တာ ဥပဒေအရ အရေးယူခြင်းခံရတဲ့အတွက်ကျနော်တို့ အနေနဲ့ ဘာမှပြောစရာအကြောင်း မရှိပါဘူး။”

AA ပြောခွင့်ရခိုင်သုခကတော့ ဒေါက်တာအေးမောင် ဖမ်းဆီးထောင်ချခံရတာဟာ အစိုးရအနေနဲ့ ဥပဒေကို လိုသလို အသုံးချနေတယ်လို့ ဝေဖန်ထားပါတယ်။

“ပါလီမာန်အမတ်မို့လို့ ဦးဝှေ့တင်းကိုနေပြီးတော့ လွှတ်ပေးသင့်တယ်ဆိုလို့ရှိရင် ဒေါက်တာအေးမောင်လို ရခိုင်ပြည်သူ တရပ်လုံးကနေထောက်ခံထားတဲ့ ပုဂ္ဂိုလ်မျိုးကိုကျလို့ရှိရင် သူတို့ ဘာဖြစ်လို့ မတရားပုဒ်မတွေ တပ်ပြီးတော့ ဖမ်းဆီး ထောင်ချခဲ့သလဲ။ အခုဦးဝှေ့တင်းကို ဖမ်းမှပဲ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်တယ်တို့။ အမျိုးသားရင်ကြား စေ့ရေးကို ထိခိုက်တယ်တို့ အဲဒီလိုမျိုးတွေ ပြောလာတဲ့ဥစ္စာကတော့ ဥပဒေကို သူတို့လိုသလိုမျိုးဆွဲပြီးတော့ အဲဒီလိုမျိုး ကျင့်သုံးနေတဲ့ဥစ္စကတော့ ဒါဘယ်လိုမှ လက်ခံနိုင်စရာမရှိတဲ့ကိစ္စ ဖြစ်တယ်။”

AA တပ်ဖွဲ့ကနေ ဖမ်းဆီးထားတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အမျိူးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ချင်းအရပ်ဘက် လူမှုအဖွဲ့အစည်း ၄၀ကျော်က နိုဝင်ဘာလ ၁၁ ရက်နေ့က တောင်းဆိုခဲ့ကြပါတယ်။

ဒီကနေ့အထိ ပြန်လွတ်မြောက်လာတာ မရှိသေးတဲ့အတွက် တိုင်းရင်းသားအဖွဲ့စည်း တချို့နဲ့ ပူးပေါင်းပြီးရန်ကုန်မြို့မှာ အစည်းဝေး ကျင်းပတောင်းဆိုသွားဖို့ ပြင်ဆင်နေဆဲလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဆလိုင်းလျန်က ပြောပါတယ်။

“ကျနော်တို့ ထုတ်ပြန်ကြေညာချက်ထုတ်ပြီးမှ ကျနော်တို့ မီဒီယာမှာပြောတဲ့ဟာ ရှိတယ်။ အဲတာကတော့ သူတို့ မလွှတ်ပေးဘူးလို့ ပြောတဲ့ဟာတော့ ရှိတယ်။ ဒါပေမဲ့ကျနော်ဘက်အနေနဲ့ နောက်ထပ်တဆင့် ဖိတ်စာပေးဖို့ကို ကျနော်တို့ လောလောဆယ်လုပ်နေတဲ့ဟာတော့ ရှိတယ်။ အခုပြင်ဆင်နေတဲ့ဟာတော့ ရှိတယ်။”

ပလက်ဝမြို့နယ် အမျိူးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့က အိန္ဒိယနိုင်ငံသား ၅ ဦး၊ စကာပြန် ၂ ဦး၊ စက်လှေမောင်းသမား ၂ တို့နဲ့အတူ ကုလားတန်မြစ်ကြောင်းပေါ်မှာ AA တပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံသားနဲ့ ကျန်တဲ့လူတွေအားလုံးကိုတော့ နောက်တနေ့မှာ ပြန်လွှတ်ပေးခဲ့ပေမယ့် ဦးဝှေ့တင်း ကိုတော့ အေအေ တပ်ဖွဲ့က ယနေ့ချိန်ထိ ဆက်လက်ဖမ်းဆီးထားဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG