သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NUG နဲ့ AA အဖွဲ့တို့ မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးဆွေးနွေး 


ရက္ခိုင့်တပ်မတော် AA ဗိုလ်သင်တန်းဆင်းပွဲအခမ်းအနား (ဓါတ်ပုံ- AA Info Desk)
ရက္ခိုင့်တပ်မတော် AA ဗိုလ်သင်တန်းဆင်းပွဲအခမ်းအနား (ဓါတ်ပုံ- AA Info Desk)

မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ နိုင်ငံရေး အကျပ်အတည်းတွေနဲ့ ပတ်သက်လို့ NUG အမျိုးသား ညီညွတ်ရေးအစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ မကြာသေးခင်က အွန်လိုင်းတွေ့ဆုံရာမှာ ဆွေးနွေးဖြစ်ခဲ့ကြောင်း AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့က ပြောပါတယ်။ AA အဖွဲ့ ခိုင်သုခကို ကိုဝင်းမင်း ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။   

NUG နဲ့ AA အဖွဲ့တို့ မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးဆွေးနွေး

{{Zawgyi/Unicode}}

မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ နိုင်ငံရေး အကျပ်အတည်းတွေနဲ့ ပတ်သက်လို့ NUG အမျိုးသား ညီညွတ်ရေးအစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ မကြာသေးခင်က အွန်လိုင်းတွေ့ဆုံရာမှာ ဆွေးနွေးဖြစ်ခဲ့ကြောင်း AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့က ပြောပါတယ်။ ဆွေးနွေးမှု အသေးစိတ်ကို ထုတ်ဖော် မပြောခဲ့ပေမဲ့ နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးဖြစ်ကြောင်းလည်း ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ AA ပြောခွင့်ရ ဦးခိုင်သုခက ပြောပါတယ်။

AA အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် နဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တို့ ပါဝင်ဆွေးနွေးခဲ့တဲ့ တနင်္လာနေ့ တွေ့ဆုံမှုနဲ့ ပတ်သက်လို့ ဦးခိုင်သုခကို ကိုဝင်းမင်း ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

ခိုင်သုခ ။. ။ NUG ကျနော်တို့ AA တာ့ အဓိက ဆွေးနွေးတာက လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေပေါ့။ အပြန်အလှန်ဆွေးနွေးသုံးသပ်ခဲ့ကြတယ်။ အမြင်ချင်း ဖလှယ်ခဲ့ကြတယ်။ နောက်တခုက NUG အစိုးရဖက်က သူတို့လုပ်ဆောင်နေကြတဲ့ အခင်းအကျင်းတွေနဲ့ ပတ်သက်ပြီးတော့မှ ဆွေးနွေးတင်ပြခဲ့ပါတယ်။

ကိုဝင်းမင်း ။. ။ အဓိက အမြင်ချင်း ဖလှယ်ခဲ့တဲ့အခါမှာ ဘာတွေကို နှစ်ဖက်နားလည်မှုရခဲ့လဲ ။

ခိုင်သုခ ။. ။ ဒါတွေကတော့ အခုလောလောဆယ် အသေးစိတ်ထုတ်ပြောဖို့မရှိဘူးဗျ။ တဖက်နဲ့ တဖက် အများကြီးနားလည်မှုရှိတယ်လို့ ပြောရပါတယ်။

ကိုဝင်းမင်း ။. ။ တွေ့ကြတဲ့ အနေအထားကရော ဘာကြောင့်မို့ဖြစ်လာရလဲ။

ခိုင်သုခ ။. ။ ဒါကတော့ ကျနော်တို့ ULA/AA ရဲ မူဝါဒက အရင်ကလည်း ပြောထားပြီးသားရှိတယ်။ လက်ရှိပြည်မနေ ဗမာလူမျိုးတွေရဲ့ အဖိနိုပ်ခံ စစ်အာဏာရှင်အောက်က လွတ်လပ်ရေးကြိုးပန်းမှုကို သူတို့ရဲ့ တော်လှန်တိုက်ခိုက်မှုကို လေးစားတယ်ဆိုတာ တောက်ရှောက်ပြောလာတာရှိတယ်။ ဒါကြောင့်မို့ အဖိနိုပ်ခံဘဝက လွတ်မြောက်ရေးကြိုးပန်းသူတွေအနေနဲ့ ကျနော်တို့နဲ့တွေ့ချင်တယ်ဆိုတော့ ကျနော်တို့ကလည်း ၂ ဖက် လိုလိုလားလားနဲ့ တွေ့ဆုံကြတဲ့ သဘောပါပဲ။

ကိုဝင်းမင်း ။. ။ နောက်တခုက ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်လာနိုင်တယ်ဆိုပြီး ကြေညာချက်ထုတ်ထားတဲ့အပေါ်မှာ အခုလိုတွေ့တာကရော ထူးခြားမှုရှိလား။

ခိုင်သုခ ။. ။ ဒါက လက်ရှိဖြစ်ပေါ်နေတဲ့ အနေအထားမှာ တွေ့တယ်ဆိုတာထက် ကျနော်တို့ တွေ့သင့်တဲ့အချိန်မှာ တွေ့တာပါ။ ကျနော်တို့လည်း အလုပ်ရှုပ်နေလို့ အခုမှတွေ့တာပါ။

ကိုဝင်းမင်း ။. ။ ဒီနေရာမှာ အခုတွေ့တာကြောင့် ရှေ့မှာဘာများဖြစ်လာနိုင်လဲ။

ခိုင်သုခ ။. ။ ကြိုပြောဖို့တော့ ခက်တာပေါ့။ လက်ရှိ ရခိုင်ပြည်ထဲမှာ ကျနော်တို့နဲ့ တင်းမာမှုတွေကတော့ရှိနေတာပေါ့။ အခြေအနေကတော့ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တယ်။ စစ်ကောင်စီအနေနဲ့ တဖက်က ငြိမ်းချမ်းရေးခေါ်ပြီး တပ်တွေတိုးချနေတယ်။ နောက်ပြီး ရခိုင်ပြည်သူတွေကို ပိတ်ဆိုတာတွေရှိတယ်။ နောက် ကုန်စည်စီးဆင်းမှုတွေကို တားဆီးတာရှိတယ်။ ကျနော်တို့ တရားရေးဝန်ထမ်းတွေကို ဖမ်းဖို့လုပ်တာရှိတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဖမ်းတာလုပ်နေတယ်။ လူမျိုးရေး ဘာသာရေး မှိုင်းတိုက်ပြီး ပဋိပက္ခဖြစ်အောင်လုပ်တာရှိတယ်။ ဒီဟာတွေကြောင့် တင်းမာမှုတွေက ပိုဆိုးလာနေတယ်။

ကိုဝင်းမင်း ။. ။ ဒါဆိုဘယ်လိုလုပ်ဖို့ရှိမလဲ။

ခိုင်သုခ ။. ။ မြန်မာစစ်တပ်ဖက်က သူတို့လုပ်နေတာ စစ်ရေးလှုပ်ရှားမှုတွေ ပြည်သူအပေါ်ဖိနိုပ်မှုကို ရပ်တန့်ဖို့လိုတယ်။ ဒါမှာ ရှေ့ဆက်လို့ရမှာပေါ့။ စစ်ရေးအရလုပ်နေတာက တဖက်နဲ့ တဖက် ယုံကြည်မှုကို ထိခိုက်စေတာပေါ့။ လောလောဆယ်တော့ တဖက်နဲ့ တဖက် တွေ့ဆုံဆွေးနွေးဖို့က မရှိသေးဘူးလို့ ပြောလို့ရတာပေါ့။

တိုက်ရိုက် လင့်ခ်

............................................


{{Zawgyi/Unicode}}














XS
SM
MD
LG