သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာတပ္ရင္းမွဴးနဲ႔ တပ္မေတာ္သား ၃၀ ဖမ္းဆီးထားဟု AA ထုတ္ျပန္


AA ရခိုင္လက္နက္ကိုင္အဖဲြ႕ (မွတ္တမ္းဓာတ္ပံု - ရကၡိဳင့္တပ္မေတာ္ - သတင္းႏွင့္ ျပန္ၾကားေရးဌာန)

(Zawgyi/Unicode)

ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္နဲ႔ ရခိုင္ေျမာက္ပိုင္းက ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္း တိုက္ပဲြေတြကေန ျမန္မာစစ္တပ္က တပ္ရင္းမွဴး တဦးအပါအ၀င္ တပ္မေတာ္သား ၃၀ နီးပါးကို ဖမ္းဆီးထားတယ္လို႔ AA ရခိုင္လက္နက္ကိုင္အဖဲြ႕က ထုတ္ျပန္ပါတယ္။ တိုက္ပဲြေတြအတြင္း အရပ္သား ထိခိုက္ေသဆံုးမႈေတြလည္း ရွိခဲ့ပါတယ္။ ဗြီအိုေအသတင္းေထာက္ ကိုသက္ႏိုင္ စံုစမ္းေမးျမန္း သတင္းေပးပို႔ထားပါတယ္။

ပလက္ဝၿမိဳ႕နယ္ မီးဝဗ်ဳးကုန္းမွာ မေန႔က တိုက္ပြဲေတြ အျပင္းအထန္ျဖစ္ပြားခဲ့ၿပီး တပ္မ ၇၇ လက္ေအာက္ခံ ပဲခူးတိုင္းဘုရားႀကီးၿမိဳ႕အေျခစိုက္ ခမရ (၇) တပ္ရင္းက တင္းရင္းမႉး သက္ႏိုင္ဦး အပါအဝင္ တပ္သား ၂၀ ဦးကို ဖမ္းဆီးရမိတယ္လို႔ AA အဖြဲ႕ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

"တပ္မ ၇၇ လက္ေအာက္ခံ ပဲခူးတိုင္းဘုရားႀကီးၿမိဳ႕အေျခစိုက္ ခမရ (၇) တပ္ရင္းက တင္းရင္းမႉး သက္ႏိုင္ဦး အပါအဝင္ တပ္သား ၂၀ ဦးကို လက္ရဖမ္းဆီးရမိတာ စစ္ေျမျပင္က ဖမ္းမိခဲ့တယ္။"

ဒီကေန႔မွာလည္း ပလက္ဝနဲ႔ ေက်ာက္ေတာ္ဘက္ေတြမွာ တိုက္ပြဲေတြ ဆက္လက္ျပင္းထန္ေနၿပီး ခမရ (၇) တပ္ရင္းက ဗိုလ္ႀကီးအဆင့္ရွိ ေဆးတပ္မႉး တဦး အျခားဗိုလ္ႀကီး တဦးအပါအဝင္ စုစုေပါင္း ၁၀ ေလာက္ကို လက္နက္ ၁၄ လက္နဲ႔အတူ ထပ္မံဖမ္းဆီးထား ၿပီး စစ္သုံ႔ပန္းဥပေဒနဲ႔ အညီထိန္းသိမ္းမွာ ျဖစ္တယ္လို႔ ခိုင္သုခက ေျပာပါတယ္။

"ဒီေန႔ ၁၁ ရက္ေန႔မွာလည္းပဲ မေန႔က ဖမ္းဆီးခဲ့တဲ့ တပ္ရင္းကေန ေနာက္ထပ္ ဖမ္းဆီးရမိတာကေတာ့ ေဆးဗိုလ္ႀကီး တေယာက္ရယ္ တိုက္ခိုက္ေရး ဗိုလ္ႀကီးတစ္ေယာက္ရယ္ တပ္ဖြဲ႕ဝင္ ၈ ေယာက္ အကုန္လုံး ၁၀ ေယာက္ က်ေနာ္တို႔ ဒီေန႔ ဆက္ၿပီးေတာ့ ဖမ္းမိထားတာရွိတယ္။ ဖမ္းဆီးရမိတဲ့ စစ္သုံ႔ပန္းေတြကိုေတာ့ က်ေနာ္တို႔ရဲ႕ စစ္သုံ႔ပန္းဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းေတြ ေနာက္ၿပီးေတာ့ ႏိုင္ငံတကာ စစ္သုံ႔ပန္းဥပေဒေတြနဲ႔ က်ေနာ္တို႔ ေကာင္းေကာင္းမြန္မြန္ပဲ ဆက္ၿပီးေတာ့ ထိန္းသိမ္းထားမွာ ျဖစ္တယ္။"

ဒါအျပင့္ ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းက ၿပိဳင္းတိုင္းေက်း႐ြာဘက္ေတြမွာ တိုက္ပြဲအျပန္း အထန္ျဖစ္ပြားေနတာေၾကာင့္ ေဒသခံအမ်ားအျပား ေၾကာက္လန႔္ၿပီး ထြက္ေျပးေနၾကတယ္လို႔ သူကဆက္ေျပာပါတယ္။

ၿပိဳင္းတိုင္းေက်း႐ြာကေန ထြက္ေျပးလာတဲ့ မိသာစုတစ္စုကေတာ့ သံဖရာေက်း႐ြာကို အေရာက္မွာ လက္နက္ႀကီးက်ည္က်ၿပီး တဦး ေသဆုံးၿပီး ၄ ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ ကိုယ္တိုင္ဒဏ္ရာ ျပင္းထန္ေနတဲ့ ဦးသိန္းထြန္းက ေျပာပါတယ္။

"က်ေနာ္တို႔ ႐ြာမွာေတာ့ လက္နက္ႀကီးေတြနဲ႔ ပစ္ေနၾကတယ္။ ဒဏ္ရာရတာ ၇ ေယာက္၊ ၈ေယာက္ေလာက္ ရွိၿပီ။ က်ေနာ္တို႔လည္း ေၾကာက္ၿပီးေတာ့ အဲဒီက ထြက္ေျပးလာတာ။ ထြက္ေျပးလာေတာ့ သံဖရာေထာင့္ေက်း႐ြာကို ညတနာရီေလာက္ အခ်ိန္မွာေရာက္တယ္။ ေရာက္ေတာ့ ေလွေတြဘာေတြလည္း မရွိေတာ့ အဲဒီမွာ ညအိပ္လိုက္တယ္။ အဲဒီမွာလက္နက္ႀကီးနဲ႔ လွမ္းပစ္ေတာ့ က်ေနာ္မိသားစုကို အကုန္လုံး ထိသြားတယ္။ သားအႀကီးဆုံးကေတာ့ ဆုံးသြားၿပီ။ က်ေနာ္ တေယာက္ရယ္ က်ေနာ္မိန္းမ တေယာက္ရယ္ က်ေနာ္သမီး တေယာက္ရယ္ က်ေနာ့္ သားတေယာက္ရယ္ က်ေနာ္ကေတာ့ အမ်ားဆုံး ဒဏ္ရာရတယ္။ ဘယ္ဘက္ပါးရယ္၊ မ်က္ခုံးရယ္ လက္ေတြေရာ အကုန္လုံးပဲ။"

ေက်ာက္ေတာ္ၿမိဳ႕နယ္ အတြင္းမွာ ဒီကေန႔အထိ တိုက္ပြဲေတြ ျပင္းထန္ေနၿပီး ေဒသခံေတြ ေနရပ္စြန႔္ခြာ ထြက္ေျပးေနၾကရသလို ေဒသခံေတြအေျမာက္အမ်ား ဒဏ္ရာရတာေတြ ရွိေနသလို ေသဆုံးသူ ၃ ဦးအထိ ရွိေနတယ္လို႔လည္း ေက်ာက္ေတာ္ ပရဟိတအသင္းက ကိုညီပုက ေျပာပါတယ္။

"အဲဒီဘက္မွာ အခုအခ်ိန္ထိ ေလယာဥ္ေတြနဲ႔ ပစ္ခတ္ေနတာ ရွိတယ္လို႔ ေဒသခံေတြက ေျပာတယ္။ မီးေတြလည္း ေလာင္ေနတယ္။ ဒဏ္ရာရတဲ့ သူေတြလည္း အမ်ားအျပား ရွိေနတယ္လို႔ေျပာတယ္။ ႐ြာသားေတြလည္း ပိတ္မိ ေနၾကတယ္။ အဲတာကို က်ေနာ္တို႔ကို လွမ္းၿပီးေတာ့ အကူအညီေတာင္းေနၾကပါတယ္။ အဲဒီေက်း ႐ြာေတြက ထြက္ေျပးလာၾကတဲ့ သူေတြလည္း ေက်ာက္ေတာ္ကယ္ဆယ္ေရးစခန္းမွာ ေတာ္ေတာ္မ်ားမ်ား ေရာက္ ေနၾကပါၿပီခင္ဗ်ာ။ အေသအေပ်ာက္ကေတာ့ က်ေနာ္တို႔ဆီကို ေျပာထားတာကေတာ့ ၃ေယာက္ ရွိေနပါၿပီ ဒဏ္ရာရတဲ့ သူေတြ ကေတာ့ ၇ေယာက္၊ ၈ေယာက္ေလာက္ ျဖစ္ေနပါၿပီ လြန္ခဲ့တဲ့ ၅ ရက္ေလာက္ကဆိုရင္လည္း ဒဏ္ရာ ရတဲ့သူေတြကလည္း ၇ေယာက္ရွိေနပါၿပီ။ အဲဒီလူနာေတြကိုလည္း က်ေနာ္တို႔ သြားေရာက္ၿပီးေတာ့ ကူညီလို႔မရေသးပါဘူးခင္ဗ်ာ။ နီးစပ္ရာမွာပဲ သူတို႔ ေဆးကုမႈ ခံယူေနၾကပါတယ္ခင္ဗ်ာ။"

ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းမွာ ေန႔တိုင္းလိုလို တိုက္ပြဲေတြ ျပင္းထန္ေနၿပီး ေနရပ္ စြန႔္ခြာထြက္ေျပးလာၾကသူေတြ မ်ားျပားေနတယ္လို႔ ေက်ာက္ေတာ္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေမာင္က ေျပာပါတယ္။

"က်ေနာ္တို႔ေက်ာက္ေတာ္ၿမိဳ႕နယ္ အထက္ပိုင္း ပလက္ဝနယ္စပ္မွာ အဲဒီဘက္ေတြမွာ ထိခိုက္ ဒဏ္ရာရတာေတြ မ်ားတယ္။ တခ်ိဳ႕႐ြာေတြက ဆိုရင္ မေနရဲဘဲ ၿမိဳ႕ေပၚကို လာခိုေနၾကတာရွိတယ္။ ေန႔တိုင္းလိုလို ဒဏ္ရာရတဲ့ သူေတြကေတာ့ ရွိေနတယ္။ လက္နက္ႀကီးပစ္ခတ္သံေတြကလည္း ေန႔တိုင္းလိုလို မနက္ေရာ၊ ညေရာ ၾကားေနရတယ္။ ေန႔တိုင္းလိုလို ထိခိုင္ဒဏ္ရာရတာေတြ ျမင္ေနရတယ္။ လက္နက္ႀကီး က်လို႔ ေဆး႐ုံကို ေရာက္သူေတြ ေနရပ္စြန႔္ခြာ ထြက္ေျပးလာသူေတြ ေန႔တိုင္းလိုလို ရွိေနတယ္ဗ်ာ။"

ဒီကေန႔မွာလည္း ပလက္ဝၿမိဳ႕နယ္ မီးဝဗ်ဴဟာကုန္းနဲ႔ ေက်ာက္ေတာ္ၿမိဳ႕နယ္ေတြဘက္မွာ တိုက္ပြဲေတြ ဆက္ လက္ျပင္းထန္ေနသလို ေက်း႐ြာ တခ်ိဳ႕လည္း လက္နက္ႀကီးက်ည္ ထိမွန္ၿပီး မီးေလာင္ေနတာေတြ ရွိတယ္လို႔ AA အဖြဲ႕က သတင္းထုတ္ျပန္ထားပါတယ္။

ရခိုင္ေျမာက္ပိုင္းနဲ႔ ပလက္ဝၿမိဳ႕နယ္က တိုက္ပြဲအေျခအေနေၾတ အရပ္သားေတြ ပစ္ခတ္ခံေနရတာနဲ႔ ပတ္သတ္ၿပီး ေမးျမန္းဖို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕နဲ႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ ေျပာခြင့္ရ ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးတို႔ ဆက္သြယ္ခဲ့ေပမဲ့လည္း ဖုန္းလက္ခံ ေျဖဆိုခဲ့ျခင္းမရွိပါဘူး။

ရခိုင္ေျမာက္ပိုင္းမွာ ဒီကေန႔အထိ အစိုးရတပ္နဲ႔ AA အဖြဲ႕တို႔ တိုက္ပြဲေတြ ျပင္းထန္ေနၿပီး တိုက္ပြဲအတြင္း အရပ္သားထိခိုက္ ေသဆုံးဒဏ္ရာရတာေတြ မ်ားျပားလာသလို ေဒသခံေတြ၊ စစ္ဘက္ဆိုင္ရာ တာဝန္ရွိသူေတြနဲ႔ ဌာနဆိုင္ရာဝန္ထမ္းေတြ ဟာလည္း မၾကာခဏဆိုသလို တပ္နဲ႔ AA ႏွစ္ဘက္စလုံးရဲ႕ ဖမ္းဆီး စစ္ေဆးမႈေတြကို ခံေနၾကရတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာတပ်ရင်းမှူးနဲ့ တပ်မတော်သား၃၀ ဖမ်းဆီးထားဟု AA ထုတ်ပြန်

ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်မြောက်ပိုင်းက ကျောက်တော်မြို့နယ်အတွင်း တိုက်ပွဲတွေကနေ မြန်မာစစ်တပ်က တပ်ရင်းမှူး တဦးအပါအဝင် တပ်မတော်သား ၃၀ နီးပါးကို ဖမ်းဆီးထားတယ်လို့ AA ရခိုင်လက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ပါတယ်။ တိုက်ပွဲတွေအတွင်း အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။ ဗွီအိုအေသတင်းထောက် ကိုသက်နိုင် စုံစမ်းမေးမြန်း သတင်းပေးပို့ထားပါတယ်။

ပလက်ဝမြို့နယ် မီးဝဗျုးကုန်းမှာ မနေ့က တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး တပ်မ ၇၇ လက်အောက်ခံ ပဲခူးတိုင်းဘုရားကြီးမြို့အခြေစိုက် ခမရ (၇) တပ်ရင်းက တင်းရင်းမှူး သက်နိုင်ဦး အပါအဝင် တပ်သား ၂၀ ဦးကို ဖမ်းဆီးရမိတယ်လို့ AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

"တပ်မ ၇၇ လက်အောက်ခံ ပဲခူးတိုင်းဘုရားကြီးမြို့အခြေစိုက် ခမရ (၇) တပ်ရင်းက တင်းရင်းမှူး သက်နိုင်ဦး အပါအဝင် တပ်သား ၂၀ ဦးကို လက်ရဖမ်းဆီးရမိတာ စစ်မြေပြင်က ဖမ်းမိခဲ့တယ်။"

ဒီကနေ့မှာလည်း ပလက်ဝနဲ့ ကျောက်တော်ဘက်တွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး ခမရ (၇) တပ်ရင်းက ဗိုလ်ကြီးအဆင့်ရှိ ဆေးတပ်မှူး တဦး အခြားဗိုလ်ကြီး တဦးအပါအဝင် စုစုပေါင်း ၁၀ လောက်ကို လက်နက် ၁၄ လက်နဲ့အတူ ထပ်မံဖမ်းဆီးထား ပြီး စစ်သုံ့ပန်းဥပဒေနဲ့ အညီထိန်းသိမ်းမှာ ဖြစ်တယ်လို့ ခိုင်သုခက ပြောပါတယ်။

"ဒီနေ့ ၁၁ ရက်နေ့မှာလည်းပဲ မနေ့က ဖမ်းဆီးခဲ့တဲ့ တပ်ရင်းကနေ နောက်ထပ် ဖမ်းဆီးရမိတာကတော့ ဆေးဗိုလ်ကြီး တယောက်ရယ် တိုက်ခိုက်ရေး ဗိုလ်ကြီးတစ်ယောက်ရယ် တပ်ဖွဲ့ဝင် ၈ ယောက် အကုန်လုံး ၁၀ ယောက် ကျနော်တို့ ဒီနေ့ ဆက်ပြီးတော့ ဖမ်းမိထားတာရှိတယ်။ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကိုတော့ ကျနော်တို့ရဲ့ စစ်သုံ့ပန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ နောက်ပြီးတော့ နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေတွေနဲ့ ကျနော်တို့ ကောင်းကောင်းမွန်မွန်ပဲ ဆက်ပြီးတော့ ထိန်းသိမ်းထားမှာ ဖြစ်တယ်။"

ဒါအပြင့် ကျောက်တော်မြို့နယ်အတွင်းက ပြိုင်းတိုင်းကျေးရွာဘက်တွေမှာ တိုက်ပွဲအပြန်း အထန်ဖြစ်ပွားနေတာကြောင့် ဒေသခံအများအပြား ကြောက်လန့်ပြီး ထွက်ပြေးနေကြတယ်လို့ သူကဆက်ပြောပါတယ်။

ပြိုင်းတိုင်းကျေးရွာကနေ ထွက်ပြေးလာတဲ့ မိသာစုတစ်စုကတော့ သံဖရာကျေးရွာကို အရောက်မှာ လက်နက်ကြီးကျည်ကျပြီး တဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကိုယ်တိုင်ဒဏ်ရာ ပြင်းထန်နေတဲ့ ဦးသိန်းထွန်းက ပြောပါတယ်။

"ကျနော်တို့ ရွာမှာတော့ လက်နက်ကြီးတွေနဲ့ ပစ်နေကြတယ်။ ဒဏ်ရာရတာ ၇ ယောက်၊ ၈ယောက်လောက် ရှိပြီ။ ကျနော်တို့လည်း ကြောက်ပြီးတော့ အဲဒီက ထွက်ပြေးလာတာ။ ထွက်ပြေးလာတော့ သံဖရာထောင့်ကျေးရွာကို ညတနာရီလောက် အချိန်မှာရောက်တယ်။ ရောက်တော့ လှေတွေဘာတွေလည်း မရှိတော့ အဲဒီမှာ ညအိပ်လိုက်တယ်။ အဲဒီမှာလက်နက်ကြီးနဲ့ လှမ်းပစ်တော့ ကျနော်မိသားစုကို အကုန်လုံး ထိသွားတယ်။ သားအကြီးဆုံးကတော့ ဆုံးသွားပြီ။ ကျနော် တယောက်ရယ် ကျနော်မိန်းမ တယောက်ရယ် ကျနော်သမီး တယောက်ရယ် ကျနော့် သားတယောက်ရယ် ကျနော်ကတော့ အများဆုံး ဒဏ်ရာရတယ်။ ဘယ်ဘက်ပါးရယ်၊ မျက်ခုံးရယ် လက်တွေရော အကုန်လုံးပဲ။"

ကျောက်တော်မြို့နယ် အတွင်းမှာ ဒီကနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသလို ဒေသခံတွေအမြောက်အများ ဒဏ်ရာရတာတွေ ရှိနေသလို သေဆုံးသူ ၃ ဦးအထိ ရှိနေတယ်လို့လည်း ကျောက်တော် ပရဟိတအသင်းက ကိုညီပုက ပြောပါတယ်။

"အဲဒီဘက်မှာ အခုအချိန်ထိ လေယာဉ်တွေနဲ့ ပစ်ခတ်နေတာ ရှိတယ်လို့ ဒေသခံတွေက ပြောတယ်။ မီးတွေလည်း လောင်နေတယ်။ ဒဏ်ရာရတဲ့ သူတွေလည်း အများအပြား ရှိနေတယ်လို့ပြောတယ်။ ရွာသားတွေလည်း ပိတ်မိ နေကြတယ်။ အဲတာကို ကျနော်တို့ကို လှမ်းပြီးတော့ အကူအညီတောင်းနေကြပါတယ်။ အဲဒီကျေး ရွာတွေက ထွက်ပြေးလာကြတဲ့ သူတွေလည်း ကျောက်တော်ကယ်ဆယ်ရေးစခန်းမှာ တော်တော်များများ ရောက် နေကြပါပြီခင်ဗျာ။ အသေအပျောက်ကတော့ ကျနော်တို့ဆီကို ပြောထားတာကတော့ ၃ယောက် ရှိနေပါပြီ ဒဏ်ရာရတဲ့ သူတွေ ကတော့ ၇ယောက်၊ ၈ယောက်လောက် ဖြစ်နေပါပြီ လွန်ခဲ့တဲ့ ၅ ရက်လောက်ကဆိုရင်လည်း ဒဏ်ရာ ရတဲ့သူတွေကလည်း ၇ယောက်ရှိနေပါပြီ။ အဲဒီလူနာတွေကိုလည်း ကျနော်တို့ သွားရောက်ပြီးတော့ ကူညီလို့မရ သေးပါဘူးခင်ဗျာ။ နီးစပ်ရာမှာပဲ သူတို့ ဆေးကုမှု ခံယူနေကြပါတယ်ခင်ဗျာ။"

ကျောက်တော်မြို့နယ်အတွင်းမှာ နေ့တိုင်းလိုလို တိုက်ပွဲတွေ ပြင်းထန်နေပြီး နေရပ် စွန့်ခွာထွက်ပြေးလာကြသူတွေ များပြားနေတယ်လို့ ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က ပြောပါတယ်။

"ကျနော်တို့ကျောက်တော်မြို့နယ် အထက်ပိုင်း ပလက်ဝနယ်စပ်မှာ အဲဒီဘက်တွေမှာ ထိခိုက် ဒဏ်ရာရတာတွေ များတယ်။ တချို့ရွာတွေက ဆိုရင် မနေရဲဘဲ မြို့ပေါ်ကို လာခိုနေကြတာရှိတယ်။ နေ့တိုင်းလိုလို ဒဏ်ရာရတဲ့ သူတွေကတော့ ရှိနေတယ်။ လက်နက်ကြီးပစ်ခတ်သံတွေကလည်း နေ့တိုင်းလိုလို မနက်ရော၊ ညရော ကြားနေရတယ်။ နေ့တိုင်းလိုလို ထိခိုင်ဒဏ်ရာရတာတွေ မြင်နေရတယ်။ လက်နက်ကြီး ကျလို့ ဆေးရုံကို ရောက်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးလာသူတွေ နေ့တိုင်းလိုလို ရှိနေတယ်ဗျာ။"

ဒီကနေ့မှာလည်း ပလက်ဝမြို့နယ် မီးဝဗျူဟာကုန်းနဲ့ ကျောက်တော်မြို့နယ်တွေဘက်မှာ တိုက်ပွဲတွေ ဆက် လက်ပြင်းထန်နေသလို ကျေးရွာ တချို့လည်း လက်နက်ကြီးကျည် ထိမှန်ပြီး မီးလောင်နေတာတွေ ရှိတယ်လို့ AA အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်မြောက်ပိုင်းနဲ့ ပလက်ဝမြို့နယ်က တိုက်ပွဲအခြေအနေတြေ အရပ်သားတွေ ပစ်ခတ်ခံနေရတာနဲ့ ပတ်သတ်ပြီး မေးမြန်းဖို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့ ဆက်သွယ်ခဲ့ပေမဲ့လည်း ဖုန်းလက်ခံ ဖြေဆိုခဲ့ခြင်းမရှိပါဘူး။

ရခိုင်မြောက်ပိုင်းမှာ ဒီကနေ့အထိ အစိုးရတပ်နဲ့ AA အဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး တိုက်ပွဲအတွင်း အရပ်သားထိခိုက် သေဆုံးဒဏ်ရာရတာတွေ များပြားလာသလို ဒေသခံတွေ၊ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ဟာလည်း မကြာခဏဆိုသလို တပ်နဲ့ AA နှစ်ဘက်စလုံးရဲ့ ဖမ်းဆီး စစ်ဆေးမှုတွေကို ခံနေကြရတာလည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG